ကျောင်းတွင် ဖြူတစ်ယောက်မိုးကျောင်းတက်နိုင်ပါမလားဆိုတဲ့အတွေးနဲ့စိတ်ပူနေမိသည်။
"ငါသူ့ကိုဖုန်းဆက်ကြည့်ရင်ရတာဘဲဘာလို့စိတ်ပူနေမိတာလဲ"
ထိုအချိန်ခေါင်းငိုက်စိုက်နဲ့ကျောင်းကိုရောက်လာတဲ့"မိုး"
ဖြူလည်းစိုးရိမ်စိတ်ကြောင့်မိုးရှိရာသို့ချက်ချင်းပြေးသွားမိသည်။
"ဟဲ့ မိုး…ဘာဖြစ်လာတာလဲနေမကောင်းဘူးလား?ခေါင်းကိုက်နေလို့လား?ကျောင်းမတက်နိုင်ရင်ပြန်နားလေဟာ"
ဖြူ့ဆီကစိုးရိမ်စိတ်နဲ့ပြောလာတဲ့စကားများကြောင့်မိုးသဘောကျစွာပြုံးလိုက်မိသည်။
"ဘာမှမဖြစ်ပါဘူး ငါနင့်ကိုစချင်လို့ပါ"
"နင်ဟာငါ့မှာတော့စိတ်ပူလိုက်ရတာအဲ့လိုမှန်းသိရင်နင့်ကိုလာမခေါ်ဘူးသိလား"
ဖြူ့စကားကြောင့်မိုးစိတ်ထဲတစ်မျိုးဖြစ်သွားမိပေမဲ့စိတ်မဆိုးရက်သူစိတ်ဆိုးသွားသည်ကိုသာလိုက်ချော့နေမိသည်။
"ဖြူရယ်စိတ်မဆိုးပါနဲ့စတာပါကွာ"
"နော်"
"နော်လို့"
"စိတ်မဆိုးပါနဲ့ "
မိုးတစ်ယောက်ဖြူ့နောက်မှတကောက်"လိုက်ခါချော့နေခြင်ကြောင့်ဖြူစိတ်မဆိုးနိုင်စိတ်ဆိုးပြေခဲ့ရသည်။
"မိုးနင်ကလေကလေးကျနေတာဘဲစလို့စနေမှန်းလည်းမသိဘူးငါစိတ်ဆိုးပြေနာကြာပေါ့"
မိုးရဲ့နဖူးလေးကိုတောက်လျက်ဆိုလိုက်သည်။
မိုးရင်ထဲနှလုံးခုန်နှုန်းများမြန်ဆန်နေသည်။
"ဟီးးးမုန့်သွားရအောင်ငါဘာမှစားမလာဘူး"
"ဟာ…အချိန်ကိုလည်းကြည့်အုန်းမိုးနင်ဘာလုပ်နေတာလဲမနက်စာမစားဘဲ"
"…"
"ဟဲ့ဖြေလေဘာလုပ်နေလဲ"
"ညကအိပ်တာနောက်ကျလို့ပါမနက်ကထတာနောက်ကျသွားတော့ကျောင်းမှာနင်စောင့်နေရမှာစိုးလို့ဘာမှမစားခဲ့တာ"
မိုးပြောလိုက်မှမိုးမျက်နှာကိုသတိထားကြည့်မိသည်။
"ဟဲ့နင့်မျက်လုံးတွေနီနေတယ်မိုးဘာဖြစ်တာလဲညကနင်ငိုထားသေးလားမျက်လုံးတွေဖောင်းနေတာဘဲ"

YOU ARE READING
ချစ်ခဲ့ပါသည်သို့သော်: ")
Romanceအချစ်ဆိုတာကိုမင်းနဲ့တွေ့မှယုံကြည်ခဲ့တာမို့လို့မင်းပျော်မယ်ဆိုငါသေမတတ်နာကျင်နေရလည်းဖြစ်ပါတယ်...