"ထွဋ် "
"ပြောပါ"
"သမီးကျောင်းအသစ်မှာအဆင်ပြေရဲ့လား"
"မပြေလည်းပြေအောင်နေဖို့ပြောမှာမို့လား"
"ထွဋ်!!အမေကိုအဲ့လိုပြောစရာလားပြန်တောင်းပန်လိုက်စမ်း"
"သမီးမှာအမှားမရှိတာမို့မတောင်းပန်ပါရစေနဲ့ဖေဖေပြီးတော့သမီးအမေအရင်းမဟုတ်တဲ့တစိမ်းမိန်းမတစ်ယောက်ကိုအမေလိုမဆက်ဆံပေးနိုင်တာခွင့်လွှတ်ပါ"
ထွဋ်တစ်ယောက်ထမင်းဝိုင်းမှထထွက်လာခဲ့သည်။ပြဿနာမဖြစ်ချင်တော့တာကြောင့်ဒေါသတကြီးလှမ်းအော်နေတဲ့ဖေဖေ့အားလှည့်မကြည့်မိ။
"ထွဋ်ကမိတစိုးသမီးလေးမို့ခွင့်လွှတ်ပေးလိုက်ပါထိပ်ထားရယ်အကိုကြီးကဘဲတောင်းပန်ပါတယ်"
"ရပါတယ် အကိုကြီးရယ် ထွဋ်ရဲ့အမုန်းတွေနဲ့ထိပ်ထားနေသားကြနေပါပြီ"
"အော်…ထိပ်ထားရယ်"
ထွဋ်ဖေဖေ့ရဲ့နောက်မိန်းမ"စံထိပ်ထား"ဆိုတဲ့အဲ့ဒီမိန်းမကြီးကိုမုန်းတယ်။အရမ်းမုန်းတယ်။
ထွဋ်လို့ခေါ် သည့် ဧကရီထွဋ် ဆိုသောသူမသည်သဘောထားသေးသိမ်သူတစ်ယောက်မဟုတ် အရွယ်နဲ့မလိုက်ဖက်အောင်ကိုသဘောထားပြည့်ဝလွန်းလှသည်ထွဋ် သူမမေမေဆုံးသည်မှာတစ်လပင်မကြာခင်မှာဘဲနောက်အိမ်ထောင်ပြုခဲ့တဲ့ဖေဖေ့ကိုအပြစ်မမြင်ခဲ့သလိုမုန်းလည်းမမုန်းခဲ့ဖေဖေ့နောက်မိန်းမဖြစ်သူကိုလည်းမမုန်းခဲ့ဒါပေမဲ့ စံထိပ်ထား ဆိုသူထိုမိန်းမကြီးမှာဖေဖေ့ရှေ့တွင်အပြောချို"လေးတွေနဲ့ထွဋ်အပေါ်သည်းခံပေးပြီးဖေဖေ့နောက်ကွယ်ကသူမရဲ့သရုပ်မှန်ကရွံစရာကောင်းလွန်းလှသည်။
"ထွဋ်မေမေ့ကိုလွမ်းတယ်မေမေနဲ့ဘဲနေချင်တယ်သမီးဆီပြန်လာခဲ့ပေးပါဘာလို့အစောကြီးထွက်သွားရတာလဲထွဋ်ကိူဘာလို့ထားသွားရတာလည်း"
ထွဋ်တစ်ယောက်သူမမေမေ၏ပုံလေးအားကျစ်ကျစ်ပါအောင်ဆုတ်ကိုင်လျက်ရှိုက်ကြီးတငင်ငိုကျွေးနေမိသည်။
"ထွဋ် မုန်းတယ် အကုန်လုံးကိုမုန်းတယ် လူတွေကိုအရမ်းမုန်းတယ် အကုန်လုံးထွဋ်ကိုညာတယ် မုန်းတယ် "
YOU ARE READING
ချစ်ခဲ့ပါသည်သို့သော်: ")
Romanceအချစ်ဆိုတာကိုမင်းနဲ့တွေ့မှယုံကြည်ခဲ့တာမို့လို့မင်းပျော်မယ်ဆိုငါသေမတတ်နာကျင်နေရလည်းဖြစ်ပါတယ်...