Part-25

245 29 0
                                    

Ugly & Fat Boy ❤️
             Part-25

JK-ဟူး~~သားပြန်ရောက်ပြီ
      Sj-အမလေး သားရေဘာတွေသွားလုပ်တာလဲ၊လက်ကဒဏ်ရာတွေနဲ့ မကောင်းတဲ့လူနဲ့မပေါင်းပါနဲ့လို့ အတန်တန်မှာနေတဲ့ကြားကနေ သားရယ်
JK -သား ဘာမှမဖြစ်ပါဘူး၊သားကြောင့်သာ သူတို့ဒုက္ခခံနေရတာ သူ့ကိုအပြစ်မပြောပါနဲ့
Namjoonကတော့ အေးစက်တဲ့လေသံနဲ့ သူ့သားဖြစ်သူကို အစိမ်းလိုက်ဝါးစားမတတ်ကြည့်ကာ
    Nj-Jeon Jungkook,နင်က ဘယ်လိုသားမျိုးလဲ ဟမ်၊ငါတို့မှာ ပတ်၀န်းကျင်ကလူတွေကဲ့ရဲ့ခံရသေးတယ် အဲ့တာနင့်လုပ်ရပ်ကြောင့်ပဲ၊ငါ့မှာတော့ သားတစ်ယောက်ရှိပါတယ်ဆိုပြီး ဂုဏ်ယူနေခဲ့တာ ဘာတဲ့ Gayဖြစ်သွားတာတဲ့ တောက်~
Sj-ကျွန်မသားလေးနဲ့ဆွေးနွေးလိုက်ပါမယ်၊ရှင် အရမ်းကြီးမပြောပါနဲ့
     Nj-ငါဒီနေ့ ရှင်းအောင်လုပ်ရမယ်၊အဲ့ဦးနှောက်ရှင်းသွားအောင် သန့်ရှင်းပစ်ရမယ် ဟာကွာ နင်ဟိုကောင်နဲ့လမ်းခွဲလိုက်၊ငါသူများကြား အရှက်ရတာမကြိုက်ဘူး၊ပြီးတော့ နင်အဲ့‌အမှောင်ဂိုဏ်းကြီးကိုပါ ထပ်ရန်စထားသေးတယ် အဲ့တာနင့်အမျိုးမဟုတ်ဘူး ဘယ်သူမှသူတို့လမ်းကိုမပိတ်ပင်ရဲဘူး နင် နင်
JK-Appa သားလဲအပြတ်ပြောပါရစေ၊သားချစ်သူနဲ့လမ်းမခွဲနိုင်ဘူး သားချစ်သူကိုအနိုင်ကျင့်တဲ့သူကိုလဲ အမြစ်ပါရအောင်နုတ်ပစ်မှာ ဟက် သားGayလို့ပြောရအောင် ယောက်ျားတိုင်းကို မကြိုက်ဘူး၊သူတစ်ယောက်ထဲကိုပဲ ကြိုက်ခဲ့တာ သားပျော်ရွှင်မှုအတွက် Appaတို့တစ်ခါလောက်ဖြစ်ဖြစ် ပေးခဲ့ဖူးလား၊
     Nj-Jungkook ဖြောင်း~
Sj-ရှင် ဘာလို့သားကိုရိုက်တာလဲ သားရယ် နာသွားလား အမေ့ကိုပြပါဦး ဟင့်
     JK-ဟက် ထပ်ရိုက်ချင်သေးလား၊ဒီသားက အရှက်ရစေတယ်မလား စွန့်ပစ်လိုက်လေ ဒီလိုဘ၀မှာနေရတာထက် သေတာပိုကောင်းဦးမယ်
Nj-Jeon Jungkookနင်ငါ့ကိုဒေါသထပ်မထွက်စေနဲ့၊ငါ့ကိုအရှက်ရအောင် လုပ်တာနင့်အပြစ်ကိုမသိသေးဘူးလား
    JK-အော် ဟက် ဒီသားထက် ဂုဏ်အမည်နာမတွေက ပိုအရေးကြီးတာမေ့သွားလို့ ဟားဟား~သား ကိုယ့်ဘ၀ကိုမေ့သွားတယ် သွားခွင့်ပြုပါဦး
Nj-Jeon Jungkook!!
    Sj-တော်ပါတော့ရှင်ရယ် ဟင့် သားလေးစိတ်ငြိမ်သွားမှ ဆက်ပြောရအောင်
Nj-တောက်စ်~
သူတို့ရဲ့ အိမ်တော်မှာတော့ မိဘဖြစ်သူဟာ ‌စိန်မကျေမချမ်းဖြစ်ပြီး အိမ်ရာ၀င်သွားကြတယ်၊သားဖြစ်သူကလဲ ရိုက်ခံရတဲ့ပါးတစ်ဖက်ကိုကိုင်ကာ ကိုယ့်ရုပ်ပုံကိုမှန်တွင် နာကြည်းစွာ ကြည့်ပြီး လှောင်ရယ်နေခဲ့တယ်
ညနက်လာပြီး ၁၀နာရီတွင်တော့ Jungkookသူ့ချစ်ရသူလေးဆီ ဖုန်းဆက်လိုက်တယ်
တူ~တူ~တူ
    JK-Jimin ကလေး
JM-အင်း~အမ် ကိုကို မအိပ်သေးဘူးလားဟင်
    JK-ကိုအိပ်မပျော်လို့ ကလေးဆီဖုန်းဆက်တာ ၊ကလေးအိပ်နေပြီဆို ကိုဖုန်းချ
JM-arrnyi arrnyi~မအိပ်သေးပါဘူး၊ကိုကို ကိုထားတာလား ကလေးကိုဖွင့်ပြောလို့ရမလား ဟင် ကိုကို~~ ကိုကိုလို့
     JK-ဟင် အင်း~ကို့မှာ စိတ်ညစ်စရာနည်း"ရှိလို့ပါ
JM-ကလေးသိလို့ရမလား၊ပြီးတော့ ဖွင့်ပြောပစ်လိုက်ရင် စိတ်သက်သာတယ်လို့ ကြားဖူးတယ် ကိုကိုရင်ဖွင့်လို့ရပါတယ်
    JK-Omm ကလေးသေချာနားထောင်နော်၊ကိုငယ်"ကတည်းက မိဘတွေရဲ့ မေတ္တာကိုငန်ပါးခဲ့ရတယ် သူတို့က စီးပွားရေးဆိုတဲ့အရာတစ်ခုကိုကိုင်ဆောင်ပြီး သူတို့ရဲ့ သားလေးကိုငါးနှစ်အရွယ်ကတည်းက အိမ်‌တော်ထိန်းတွေလက်ထဲပေးအပ်ပြု‌စုစေခဲ့တယ်၊အဲ့ကလေးကျောင်းတက်ချိန်မှာ အားငယ်မှု၊သိမ်ငယ်မှုတွေ အသက်ကြီးပြင်းလာခဲ့သမျှ ပိုလို့ပင်ခံစားခဲ့ရတယ်၊ငယ်ငယ်က သူများမိဘတွေကျောင်းလာကြိုပြီး မိသားစုစုံလက်တွဲပြီးပျော်ရွှင်စွာ ပြန်သွားကြတဲ့ချိန် ကိုက အိမ်တော်ထိန်းကားနဲ့ပြန်လာခဲ့ရတယ်၊ ကိုတခြားကလေးတွေကို အားကျတယ်၊ကျောင်းအုပ်ကြီး‌တွေခေါ်တိုင်း မိဘတွေရောက်မလာပဲ အိမ်တော်ထိန်းအကြီးကဲတွေနဲ့သာ ဆွေးနွေးခဲ့ရတယ်၊ ကြီးပြင်းလာတော့ သူငယ်ချင်းလေးယောက်သာဖွဲ့ခဲ့တယ် ငယ်သူငယ်ချင်းတွေပေါ့၊ မိဘဆုံးမမှုမရခဲ့တဲ့ကိုက ဂုဏ်ဆောင်နာမည်နဲ့ကျော်ကြားခဲ့တယ် ဒါပေမဲ့ ထိုအရာကိုမုန်းတီးလို့ လူဆိုးတစ်ယောက်အဖြစ် အမြဲရန်ဖြစ်တတ်လာတယ်၊ရန်ဖြစ်တော့ မိဘကိုယ်တိုင်ကျောင်းရောက်လာတော့ ပျော်ရွှင်တယ်လို့ခံစားရတယ် ၊မရင့်ကျက်တတ်တုန်းက ကိုသာရန်ဖြစ်လျှင်မိဘတွေရောက်လာမယ်လို့ ရန်ဖြစ်ခဲ့တယ်၊နောက်မှနားလည်ခဲ့တယ် သူတို့ကသိက္ခာကျမှာကြောက်လို့သာ ရောက်လာခဲ့တာကို ဟက် ရယ်ရတယ်မလားကလေး
     JM-ဘယ်ကသာ ရယ်ရတာလဲ ဟင့် ဆက်ပြောဦး
Jungkookလည်း သူ့ကလေးနဲ့တွေ့ဆုံတဲ့အချိန်တွေထိပြောပြီး ဒီနေ့အကြောင်းကိုပါ ဖွင့်ပြောမိတယ်
    JK-ဒါပေမဲ့ ကိုယ့်ကလေးကို လမ်းမခွဲနိုင်ဘူး၊ကလေးက ကိုယ့်ဘ၀အလင်းရောင် ကိုအရမ်းချစ်ရတဲ့သူမို့ လမ်းမခွဲရဘူးနော်
JM-ဟင့် ချစ်တယ် အရမ်းချစ်တယ် အီးဟီး~~ကိုကို ဟင့်
    JK-မငိုနဲ့ကွာ တိတ်တော့ အချိန်လဲမစောတော့ဘူး၊အိပ်တော့ကလေး ကိုယ့်ကိုစိန်ပူအောင်မလုပ်နဲ့ ထပ်လဲမငိုနဲ့ ခေါင်းကိုက်နေဦးမယ်ကလေး ကြားလား
JM-အွန်းအစ် ငိုတော့ဘူး ကိုကိုရော စိန်ညစ်နေသေးလား ဟင်
     JK-မညစ်တော့ပါဘူးဗျ ကောင်းသောညပါကလေးလေး
JM-Omm အရမ်းချစ်တယ် မွ
တီ~~~
Jungkookလည်း ရေမိုးချိုးပြီး အိပ်နိုင်အောင်အိပ်လိုက်တယ်၊မနက်ဖြန်ဆိုတာက သူ့အတွက်စစ်ပွဲတစ်ခုဖြစ်နေတော့ အားယူပြီးရင်ဆိုင်ဖို့လိုတယ်လေ ဟူး~

Ugly & Fat Boy ❤️{Uni,Zgy}. [Complete]...Where stories live. Discover now