Ugly & Fat Boy ❤️
Extra 😘
ဇာတ်သိမ်းမှာ ပေါ့လျော့လို့တောင်းပန်ပါတယ်Jiminလည်း Han Narဆီ သွားလည်ပတ်ပြီး သူမမှာကိုယ်၀န်၆လခန့်ရှိကြောင်းသိ၍ သူမနှင့်ထပ်တူ၀မ်းသာမိပါတယ် သူတို့ပြန်လာတဲ့လမ်းတစ်လျှောက် ကားပေါ်တွင်ဆိတ်ငြိမ်နေလျက်
JM Pov;Han Narလည်းကိုယ်၀န်ရှိနေပြီ Yukiလည်းဒီတစ်ပတ်အတွင်း ကလေးဖွားတော့မယ် အဟဲ သူများဦးလေးတောင်ဖြစ်တော့မှာ ဟွန့်ဒီလူကတော့ ဘယ်ချိန်လက်ထပ်မယ်မှန်းမသိရဘူး🙄
JK Pov;ဒီညသူ့ကိုလက်ထပ်ခွင့်တောင်းမှာဆိုတော့ ခုချိန်စကားလေးနည်း"ပြောမိရင် ပေါ်ကုန်တော့မှာ ဟူး~~စိတ်လှုပ်ရှားလိုက်တာ ဟိုကလေးကတော့ဘာဖြစ်နေမှန်းမသိဘူးဗျာ ဆူပုတ်ပုတ်နဲ့နှုတ်ခမ်းလေးထော်နေသေး ဟက် ဆွဲချစ်ပစ်မိတော့မယ် ခင်ဗျားလေးကအန္တရာယ်များလွန်းတယ်
Jungkookလည်း Seoulမြို့ထဲပြန်ရောက်တော့ နာမည်ကြီးအဆင့်မြင့်စားသောက်ဆိုင်ရှေ့ရောက်ပြီး ကားကိုရပ်ကာ
JK-အဟမ်း~ကိုယ်တို့ ဟိုရှေ့ကဆိုင်မှာ ညစာအရင်စားကြရအောင်၊ပြီးမှ အိမ်ပြန်ပို့ပေးမယ်နော် ကလေး
JM-ပြီးရောဗျာ~ဆင်းမယ်
JK-ခနလေး ဟို ကလေးအရင်သွားနှင့်ပါလားကိုယ်အလုပ်ကိစ္စပြောလိုက်ဦးမယ်
Jiminလည်း ဆောင့်အောင့်ကာဆိုင်ထဲ၀င်ပြီး ဝိုင်းတစ်ခုတွင်ထိုင်လိုက်တယ်၊Waiterမလေးလဲ Menuစာအုပ်ကိုချပေးကာ
Waiter-ဘာများသုံးဆောင်မလဲရှင့်
Jiminလည်း စားလိုသောဟင်းရံများနှင့် သူ့ကိုကိုရဲ့ဟင်းလျာများကိုမှာလိုက်တယ်
Waiter-တစ်ယောက်ထဲ စားနိုင်ပါ့မလား
JM-အာ~ကိုကိုနောက်မှာပါ
Waiter-ဟုတ်ကဲ့ ခနစောင့်ပါဦးရှင့် ဟီး
JM Pov;ဘာလားဘာလားပဲ စလာကတည်းကလူကို ပြုံးစိစိနဲ့လာမေးနေတယ် ငါနော်စိတ်မကြည်ပါဘူးဆို ဒါနဲ့ဆိုင်ထဲကလူတွေများသလောက် အသံလေးနည်းနည်းတောင်မကြားရပါလား
Jiminတွေးလို့မဆုံးခင်မှာ Waiterနှစ်ယောက်ကမှာထားသောအစာများကိုလာချပေးလိုက်တယ်၊ရုတ်တရက် သီချင်းသံလေးထွက်ပေါ်လာကာ ခုနကWaiterနှစ်ယောက်က နှင်းဆီပန်းအနီရောင်တစ်ယောက်တစ်ပွင့်ကိုင်ဆောင်ကာ သူ့ဆီလျှောက်လာပြီးသူ့လက်ထဲထည့်ပေးလိုက်တော့ Jiminလဲကြောင်တောင်တောင်နဲ့လက်ခံထားပြီး အပြင်ဘက်ကိုလှည့်ကြည့်တော့ ကိုကိုကပျောက်သွားတယ်
JM-ဟင်!?ကိုကိုရော
ဆိုင်ထဲပြန်ကြည့်လိုက်တော့ စားသုံးသူတွေကတစ်ယောက်ပြီးတစ်ယောက်သူ့ဆီ 🌹များပေးလာပြန်တယ်၊ နောက်ဆုံးကလေးတစ်ယောက်က Yoongi Hyungနဲ့ Tae Hyungလက်ကိုတွဲကာ သူ့ဆီရောက်လာတော့ စလိုက်မီးတစ်ခုက သူ့ကိုယ်ပေါ်ရောက်လာပြီး Yoongi Hyungက ပန်းစည်းလေးတစ်ခုကိုပေးကာ
Tae-Jimin!ငါအရမ်းပျော်တယ်ဟေ့ သွားပြီ
Taeဟာပြောချင်ရာပြောကာ ကလေးငယ်လေးကိုချီပြီး Yoongi Hyungလက်ကိုဆွဲကာ ထွက်သွားတော့
JM-ဘာ ဘာလဲဟ!!
JK-Jiminကလေး
JM-ဟင်!!ကိုကို
Jungkookလည်း နှင်းဆီပန်းစည်းကြီးကို Jiminဆီပေးလိုက်တော့ လူတွေဘေးပတ်ပတ်လည်မှာ ပြုံးရွှင်စွာလက်ခုပ်တီးသံတွေမြည်ဟည်းလာတယ်၊ Jungkookလည်းတပြိုင်နက် ဒူးတစ်ဖက်ထောက်ကာ ဘောင်းဘီအိတ်ကပ်ထဲက ကတ္တီပါဗူးတစ်ခုကိုထုတ်ပြီး ဖွင့်လိုက်တယ်
JK-ကလေး ကိုယ်ရဲ့ဘ၀လက်တွဲဖော်ဖြစ်ပေးနိုင်မလား
Jiminမှာတော့ အံ့ဩမှင်သက်မိတယ် လူအများရှေ့မှာ သူ့ကိုလက်ထပ်ခွင့်တောင်းတာတဲ့လေ ဘ၀မှာအဲ့လောက်ထိမစဉ်းစားခဲ့ဖူးပေ၊သူတွေးတောမိတာက သူ့ကိုကိုနဲ့ဒီတိုင်းရိုးရိုးလေးလက်ထပ်ဖြစ်မယ်လို့ပါပဲ ၊ခုချိန်မှာ Jiminပျော်ရွှင်မိလွန်းလို့ မျက်ရည်ပါဝဲလာကာ ခေါင်းပဲတစ်ဆက်ဆက်ငြိမ့်မိသည်အထိ
Hoseok Hyungလည်းရောက်လာကာ Jiminလက်ထဲကပန်းများကိုပြောင်းယူပေးလိုက်တယ်၊Jiminလည်း ဘယ်ဘက်လက်ကိုဆန့်ထုတ်ပေးလိုက်တော့ Jungkookလည်း လက်စွပ်ကိုစွပ်ပေးလိုက်ကာ တစ်ချက်ငုံ့နမ်းပြီး မြန်ဆန်စွာ ထရပ်ပြီး Jiminကိုရင်ခွင်ထဲဆွဲဖက်ကာ ကျေးဇူးစကားတစ်ဖွဖွရေရွတ်ပြန်တယ်၊အခြားလူတွေလဲ လက်ခုပ်တီးကာ ရယ်ရယ်မောမောနှင့် ဂုဏ်ယူနေသည့်နှယ်၊ခနကြာတော့ အခြားလူတွေလဲ ပြန်သွားကြတော့ Jiminတို့ငါးယောက်လဲ ထိုင်ခုံတွင်၀င်ထိုင်ကာ
Tae-အားယိုး~ Jungkookတို့များ ရိုလ်ချက် ဟားဟား
Hs-ဟုတ်ပ မနိုင်ဘူး၊ရုတ်တရက်ကြီးထလုပ်တာ ယိုး~ငါတောင်အဲ့လောက်မလုပ်ဖြစ်ဘူး ဟားဟား
YG-ငါလဲ အံ့ဩသွားတာ
JK-အာ~အသာထားပါဦး ညစာစားပြီး ဆေးရုံသွားကြရဦးမှာလေ နောက်မှဒီထပ်အံ့ဩစရာလက်ထပ်ပွဲတွေလုပ်ဦးမယ် အဟဲ
Hs-မြန်မြန်စားကြ ငါသွားမှဖြစ်မယ်၊နင်တို့လက်မထပ်ခင် ငါ့ကလေးမျက်နှာကိုကြည့်ဦးမယ် ဟားဟား
Tae-အင်းပါ
သူတို့စားသောက်ပြီး ဆေးရုံကိုရောက်သွားတော့
Yk-Hyungတို့ဘာလို့လာတာလဲ မနက်ဖြန်မှလာလဲရတာကို
JM-နင့်ကိုစောင့်ပေးမှာပေါ့ ငါကကလေးမျက်နှာအရင်မြင်ချင်တာ ဟီးဟီး
Hs-Jimin, Hyungကအရင်မြင်ရမှာနော် အဟွန့်
Tae-ကယ် ကယ် ဘယ်မှာအိပ်ကြမလဲ ဆိုဖာနဲ့လူနာကုတင်ပိုတစ်လုံးပဲရှိတာ
JK-အာ~ငါနဲ့ကလေးက ဒီဆေးရုံနားHotelမှာတည်းလိုက်မယ်နော်၊မနက်အစောကြီးပြန်လာခဲ့မယ်လေ
YG-Ommသွားတော့လေ၊ငါတို့ဒီမှာစောင့်လိုက်မယ်
JK-Ok Hyung bye
အားလုံးလဲ အိပ်ရာ၀င်လိုက်ကြတယ်၊မနက်ဖြန်က Yukiစစ်ဆေးချက်အရဖွားမည့်ရက်မို့ဆေးရုံမှာလာတည်းခြင်းဖြစ်သည်၊Jungkookတို့နှစ်ယောက်လဲ Hotelတွင်အခန်းငှားပြီး ရေမိုးချိုးပြီး အိပ်ယာ၀င်လိုက်ကြတယ်၊ Jungkookကတော့ Jiminကိုဖကိပြီး လည်ပင်းသားလေးကိုနမ်းရှိူက်ပြီး Jiminနဲ့အမှောင်ခရီးလေးတစ်ချီဆက်ကာ အိပ်လိုက်ကြတယ်😁😁😁