Ugly & Fat Boy ❤️
Part-27{1}
ကျောင်းတော်အတွင်း ညနေစောင်းသည်ထိ ပျော်ရွှင်ကြပြီး Jungkoookတို့နဲ့မိဘတွေ ကားလမ်းမပေါ်ဖြတ်ကျော်နေချိန်တွင်
Jiminဆီ အရှိန်ဖြင့်တည့်တည့်မောင်းလာသော ကားတစ်စီးကို ဘယ်သူမှသတိမထားမိ စကားတပြောပြောနှင့် လျှောက်လာရင်း ကားသံပြင်းပြင်းကို ကြားပြီး Jiminလှည့်ကြည့်လိုက်ချိန်
JM-Jungkook ဖယ်
ဆွဲထားသောလက်တစ်စုံကိုဖြုတ်ပြီးလမ်းဘေးသို့ တွန်းထုတ်ပြီး ရောက်လာမဲ့ထိုကားကို မျက်စိစုံမှိတ်ပြီးစောင့်စားနေလျက်
မား-သားလေး Jiminဖယ်
JM-အင့်
ဒုန်း ~~~ကျွီ
JM-မား မား ဘာလုပ်တာလဲ ဟင့် မား၊ ကယ် ကယ်ကြပါဦး မား မား ဟင့်
Tae-မား သားခေါ်တာကြားလားဟင့် မားမအိပ်လိုက်နဲ့နော် Hyungတို့လုပ်ကြပါဦး
Yk- Ji Jiminငါ့ကားနဲ့လိုက်ခဲ့ မြန်မြန်
Tae Hyungလည်း မားဖြစ်သူသွေးသံရဲရဲဖြစ်နေသောခန္ဓာကိုယ်ကိုပွေ့ချီကာ Yukiနောက်သို့လိုက်လာခဲ့တယ် Jiminအပါအ၀င်.Yukiမိဘလည်း အခြားကားနဲ့လိုက်လာကြတယ်၊ကျန်ခဲ့တဲ့ Hoseokတို့ကတော့ လာတိုက်တဲ့ကားဆီတစ်လှမ်းချင်းလျှောက်လာပြီး ကားမှန်ကိုခေါက်လိုက်တယ်၊အခြားသူတွေလဲ ဘေးပတ်လည်တွင် ဝိုင်းအုံနေဆဲ
ဒေါက်~ဒေါက်~ဒေါက်
H-အင့် ဟင်
Han Sanလည်း ကားတိုက်ခံရတဲ့လူ အဝေးကိုလွှင့်စင်သွားပြီး သွေးအလိမ်းလိမ်းနဲ့မြင်မကောင်းရှူမကောင်းကိုမြင်တွေ့မှ သတိကပ်လာပြီး လန့်ကာကားရပ်လိုက်တယ်၊ဒါပေမဲ့ Jiminမဟုတ်ဘဲ မိန်းမကြီးတစ်ယောက်ဖြစ်နေတယ် ဘာတွေလွှဲကုန်တာလဲ
H Pov; ငါ ငါကရောလူတစ်ယောက်ကိုကားနဲ့တိုက်လိုက်တာတဲ့လား၊ငါဘာလုပ်လိုက်တာလဲ
Flack back 💗
Han Sanက ကျောင်း၀န်းထဲရှိနေသော Jungkookတို့အတွဲကိုသာမက ဘေးကအတွဲတွေကိုပါ မြင်ပြီး စိတ်ရိုင်းတွေ၀င်လာတယ်၊သူမဟာလဲ ငယ်"တကည်းက သွန်သင်ဆုံးမမှုမရှိတဲ့အပြင် လိုချင်တဲ့အရာတိုင်းကိုလက်ညိုးထိုးညွှန်ပြရုံနဲ့သာ ရခဲ့တယ် ပျော်ရွှင်မှုဆိုတာတစ်ခါလောက်လေးတောင်မရခဲ့၊ဆယ်သုံးနှစ်အရွယ်တုန်းက အိမ်ထဲရောက်လာသောကောင်လေးတစ်ယောက်ကို ခင်မင်ပြီးလိုတာထက်ပိုပြီးပိုင်ဆိုင်ချင်ခဲ့တယ်၊ထိုကောင်လေးကလဲ သူ့ကိုသံယောဇဉ်တွယ်ညှိတာကို Han Sanအဖေ Mr .Hanကရိပ်မိပြီး ထိုကောင်လေးကို အစေခံကောင်မလေးတစ်ယောက်နဲ့လက်ထပ်ပေးပြီး ဂိုဏ်းငယ်တစ်ခုတွင်အခြေချစေခဲ့တယ်၊ Han Sanလည်း ထိုကောင်လေးကိုသံယောဇဉ်ကြိုးငယ်လေးတွယ်မိကာ တစ်နေ့ထက်တစ်နေ့အရူးရူးအမူးမူးဖြစ်ပြီး အိမ်ထဲရှိကှိသမျှဖျက်စီးသောင်းကြမ်းလာတော့ အဖေဖြစ်သူကလဲ ဟိုကောင်လေးကအိမ်ထောင်ကျပြီလို့ပြောလိုက်ချိန် Han Sanက စိတ်မမှန်တော့ပဲ ဘာတွေ့တွေ့ဖျက်စီးပစ်မယ်၊ရန်ဖြစ်မယ်ဆိုတာလုပ်ခဲ့တော့ အဖေဖြစ်သူက မြေအောက်ခန်းမှာ ချုပ်ထားပစ်လိုက်တယ် ၊ထိုအမှောင်ထုထဲနေရတဲ့သူမဟာ ကြောက်ရွံ့ကာစိတ္တစရောဂါဖြစ်လာတော့ ဂိုဏ်းချုပ်ကြီးလဲ ဆေးကုသမှုတွေထပ်တလဲလဲ ကုသပေးပြီးနောက် ပုံမှန်ဖြစ်သွားတော့မှ စိတ်အေးရတယ်၊ဒါပေမဲ့သမီးဖြစ်သူက သူ့ရဲ့မှောင်ခို၊မတရားလူကုန်ကူးမှုတွေကိုသိပြီး သူမဘာပဲလုပ်လုပ်မနှောင့်ယှက်ရဘူးလို့ပြောကာ ပိုပြီးသုံးဖြုန်းလာခဲ့တယ်၊ဒီနေ့မှာတော့ ထိုစိတ္တစတွေ အမှောင်ရိပ်တွေခိုကပ်လာပြန်တဲ့ သူမဟာ လူတစ်ယောက်ကို အရုပ်လိုဆန္ဒအတိုင်းရယူနိုင်မယ်ဟု ကြိမ်းဝါးပြီးကျန်တစ်ယောက်သောလူကိုသတ်ရန် ဖြစ်ပေါ်လာတယ်၊ညနေစောင်း Jiminထွက်လာတာကိုမြင်ပြီး ကြောက်စရာမျက်၀န်းတွေနဲ့ဖုံးလွှမ်းထားသောအရိပ်များဖြင့် ကားကိုအရှိန်တင်ကာ Jiminဆီမောင်းထွက်လာတယ်၊ဒါပေမဲ့ သွေးတွေနဲ့အိုင်နေသောအမျိုးသမီးကြီးခန္ဓာကိုသာ တွေ့ရတယ်၊သူမရဲ့မျက်၀န်းတွေ အသိအလင်းပြန်၀င်လာတော့ ဘေးပတ်လည်မှာဝိုင်းနေတဲ့လူတွေ သူ့ကိုမုန်းတဲ့မျက်၀န်းတွေနဲ့ကြည့်နေတယ်၊ပြီးတော့တံခါးခေါက်သံ ပြီးတော့ရဲကားတွေလဲရောက်လာတယ် ဘာတွေလဲ
Hs-Han Sanနင်ဆင်းလာခဲ့စမ်း သူရဲကြောင်နေတယ်ပေါ့လေ ထွက်ခဲ့စမ်း
H-ငါ ငါမဟုတ်ဘူး Appaသမီးကိုကယ်ပါ
ဖုန်းခေါ်သံသည် Mr.Hanတုန်လှုပ်ခြောက်လာစေတယ်၊သူ့လူတွေကို ခေါ်ပြီးရဲကားမှာပါလာသောသမီးကိုကယ်ယူဖို့အသင့်စောင့်နေလိုက်တယ်
Jungkookကတော့ စိတ်မရှည်စွာ လမ်းဘေးကသစ်သားချောင်းကိုယူပြီး ကားမှန်ကိုရိုက်ပစ်ကာ ကားမှန်ကိုဆွဲဖွင့်လိုက်တယ်၊ Han Sanကခုမှ မျက်ရည်မိုးကြိုးရွာပြနေသော်လည်း သနားဖို့နေနေသာသာ ရွံဖို့ပဲမြင်ရတယ်၊ကားပေါ်ကနေ ဆွဲဆောင့်ပြီးအပြင်ကိုဆွဲခေါ်တော့
H-Jung Jungkookငါတောင်း ပန်ပါတယ်၊ငါ့ကိုလွှတ်ပေးပါ အဟင့် ငါတကယ်မရည်ရွယ်ဘူး ဟင့်
JK-ဟားဟား လာမတောင်းနဲ့၊နင့်ကိုငါ့လက်သတ်လိုက်ရမှ ကျေနပ်မှာ လာစမ်း ကောင်မ နင်တော်တော်လင်ရှားနေလား ဟမ်
YG-Jungkookရဲလက်ထဲအပ်လိုက်၊ငါတို့လုပ်စရာရှိသေးတယ် ဒီနေ့ဖြတ်ရမယ် သူလာမှာသေချာတယ်
Hs-ဟုတ်တယ် မျှားခေါ်ပြီပဲ ဟက် ကောင်မနင်ဒီတစ်ခါအသုံး၀င်လာပြီ
H-ဘာ ဘာတွေလဲ အဟင့် ငါ့ကိုလွှတ်
JK-နင့်ပါးစပ်ကိုပိတ်ထားစမ်း သွား~
ရဲကားရှေ့တွန်းလွှတ်ပေးလိုက်သူသည် ကြမ်းတမ်းရမ်းတမ်း လူကရဲရှေ့ကန့်လန့်လဲကျပြီး ဒူးတွေလက်တွေပွန်းသည်အထိ၊ခုချိန်ဘာမှမတတ်နိုင် ကားပေါ်လက်ထပ်ခတ်ပြီး လိုက်လာရတယ်၊ဒါပေမဲ့ အဖေလာကယ်မှာပဲ
Jungkookတို့လဲကျန်တဲ့ကားတစ်စီးနဲ့ရဲကားနောက်ကိုလိုက်လာကြတယ်၊ပြီးမှ သူစိတ်ချလက်ချသူ့ကလေးဆီသွားနိုင်မှာ မဟုတ်ရင်သွားနိုင်မည်မဟုတ် ဟိုကောင်မဟာအန္တရာယ်သိပ်မများနိုင်တော့ပေမဲ့ သူ့နောက်ကဟိုလူဟာမြွေပွေးတစ်ကောင်မို့ အဆိပ်ပြင်းတယ် ခုချိန်သူမကိုထောင်ချနိုင်မှအေးမည်
လမ်းတစ်၀က်အရောက်မှာ ကားတစ်စီးကရှေ့တွင်ပိတ်ရပ်ထားတာတယ်နောက်ပြန်ဆုတ်တော့လည်း နောက်နှစ်စီးလောက်ပိတ်ရပ်နေတယ်
JK-သူတို့အကုန်လာတာပဲ ၊ဒီနေ့သူသေကိုယ်သေပဲ မလွှတ်စေရဘူး
Hoseokလည်း အခြားရဲများကိုသတိပေးခလုတ်နှိပ်ပြီး သတိပေးတော့ အသင့်စောင့်နေတဲ့ရဲတွေ သူတို့ဆီထွက်လာတယ်
Mr.Han-ကားထဲမှာရှိသမျှလူကိုသတ်ပစ် ပြီးတော့ငါ့သမီးကိုခေါ်ခဲ့ ငါတို့ဒီမှာဆက်နေလို့မဖြစ်တော့ဘူး
လူယုံ-Nae
လူဆိုးတွေ မျက်နှာဖုံးတပ်ထားပြီး ကားပေါ်ဆင်းလာကာ ရဲကားပေါ်ကHan Sanခေါ်ပြီး ကျန်ရဲများကိုပါဆွဲထုတ်ပြီး သေနတ်နဲ့ချိန်ရွယ်နေချိန် Jungkookတို့ကားဆီမရောက်ခင်အခြ့ားရဲကားများရောက်လာပြီး သူပစ်ကိုယ်ပစ်နဲ့ လူဆိုးတွေး တောနက်ထဲထွက်ပြေးသွားတော့ Jungkookတို့နဲ့ရဲတွေလဲ လိုက်လာခဲ့ကြတယ် ညမရောက်သေးပေမဲ့ မှောင်စခါနီးမို့ သတိထားပြီးလိုက်လာရတယ်
မြစ်ဘေးတစ်ခုရောက်ချိန် သေနတ်သံတွေဖုံးအုပ်ကာ ပစ်ခတ်နေကြတယ်
ရဲမှူး-Mr.Hanခင်ဗျား လက်လျှော့လိုက်တော့ ခင်ဗျားလုပ်ရပ်တွေကိုတင်ပြပြီး ခင်ဗျားအာဏာရှိတဲ့ဂိုဏ်းတွေပါ ရုတ်သိမ်းခဲ့ပြီးပြီ
Mr.Han-ဟားဟား ငါဖုံးကွယ်ခဲ့သမျှ ပေါ်ကုန်ပြီပေါ့ ဟက်လူကောင်းဆန်ဆန်နေရတာ သိပ်စိတ်ပျက်ဖို့ကောင်းလိုက်တာ ခုမှသက်သာသလိုပဲ
ဒိုင်း ဒိုင်း
JK-ဒီမြစ်ကသိမ်သိမ်လေးပဲ ဒါပေမဲ့ ကျယ်တော့ သူတို့ထွက်ပြေးဖို့မလွယ်ဘူး
YG-ရဲမှူး ဘယ်လုပ်မလဲ
ရဲမှူး-သူတို့လူအင်အားနည်းလာပြီ သူတို့ဖမ်းနိုင်မှဖြစ်မယ် ဒီဘက်မြစ်ကိုကျော်ပြီးရင် ငါ့တို့နယ်မြေမဟုတ်တော့ ခက်လိမ့်မယ်
ဒိုင်း ဒိုင်း
JK-အာ့~
Hs-Jungkookရရဲ့လား Han Sanနင်တို့ကိုထောင်ချပစ်မှာ
H-ဟင့်အင်း Appaသမီးကြောက်တယ်
Mr.Han-ဘာမှမဖြစ် အာ့~
H-Appa Appa!
Jungkookတို့ဘက်ကလဲ သေတာရောဒဏ်ရာရတာရောများနေပြီ Yoongi Hyungက ပုခုံးထက်မှာ ထိရှသွားတယ်၊Hoseokကလဲ လက်မောင်းကိုပစ်ခံထားတယ်၊ရဲမှူးကလဲ ထိမှန်သေး Jungkookကတော့ ဗိုက်နားကပစ်ခံထားရတော့ သွေးတွေစိမ့်ထွက်လာတာ ခပ်များများ Mr.Hanတို့ဘက်တော့ အရှူံးရလုနီးနီးမှာ Jungkookက Mr.Hanကို ပစ်ထိသွားတယ်
JK-Mr.Hanခင်ဗျား သေနေ့ရောက်ပြီ ဟက်
Mr.Han-Han Sanသမီးဟိုဘက်ကမ်းကိုရောက်အောင်ပြေးထွက်သွား နောက်လှည့်မကြည့်နဲ့ သွား အာ့~ခွေးကောင် နင်ကိုသင်ခန်းစာပြမယ် ဟားဟား ငါလိုလူကိုထိရင်သေရတာပဲရှိတာ အာ့
YG-ခင်ဗျားပဲ သေမှာ
Han Sanက မြစ်ထဲကိုဖြတ်သွားနေတယ် ပစ်ခတ်နေရင်းအချိန်ကြာလာတော့ Mr.Hanရဲ့လူတွေမကျန်တော့ လူယုံတစ်ယောက်နဲ့ Mr.Hanပဲကျန်တော့ Jungkook တို့လည်းဆယ်ယောက်ပဲကျန်နေတော့သည်
JK-ခင်ဗျား လက်လျှော့လိုက်တော့ ဟက်
လူယုံ-ဘာ်လိုလုပ်မလဲ အင်အားမမျှတော့ဘူး Mr.Han
Mr.Han-ငါ့သမီးမြစ်လယ်ရောက်နေလောက်ပြီ ငါသေလဲအေးဆေးပဲ အာ့
လူယုံ-ကျွန်တော်ပစ်ထားရင်းသူတို့ကိုအချိန်ဆွဲထားမယ် Mr.Hanထွက်သွားပါ
ဒိုင်း ဒိုင်း
ရဲမှူးတို့လဲ သူတို့နားကပ်လာပြီး
ရဲမှူး-ဟေ့ ခင်ဗျားလက်နက်ချသင့်ပြီနော်၊
Mr.Han-ခွေးကောင်တွေ ငါ့အလောင်းပဲရမယ်၊နင်တို့လိုအောက်တန်းစားလက်ထဲ အဖမ်းမခံနိုင်ဘူး အာ့
ဒိူင်း ဒိုင်း~ဒိုင်း
လူယုံ-အာ့ ကျွန်တော်မရတော့ဘူး ထွက်သွားပါ
Mr.Han-ဟေ့ကောင် ကျစ်အသုံးကိုမကျဘူး ငါ့အလောင်းပဲ နင်တို့ရမယ် ဒိုင်း
Mr.Hanသည် မ်ိမိကိုယ်ကို သေနတ်နဲ့ပစ်ကာ သေဆုံးသွားတယ်
ရဲမှူး-တကယ့်ကို အရူးပဲ
Han Sanကပြန်လှည့်လာပြီး သစ်ပင်အကွယ်မှာ သူ့မအဖေကိုစောင့်ရင်း နောက်ဆုံးသေနတ်သံကြောင့်လှမ်းကြည့်ပြီး ထိတ်လန့်ကာ သူအဖေဆီ ပြေးလာကာ ခန္ဓာကိုယ့ကိုပွေ့လျက်
H-ဟင့်အင်း မဟုတ်ဘူးလေ ဟင့်ထပါဦး Appaဟင့်
ရဲမှူး-သူ့ကိုဖမ်းခေါ်သွားလိုက်
Han Sanလဲ မလိုက်ချင်ပဲ ပါသွားရတယ်၊Jungkookလဲတောင့်ခံခဲ့သမျှ မနိုင်တော့၍လဲကျပြီးမေ့လဲသွားတယ်၊Yoongiနဲ့Hoseokလည်း တွဲခေါ်ပြီးကာပေါ်တင်ပြီး ဆေးရုံကိုဦးတည်မောင်းလာခဲ့တယ်