part -1.5

461 37 0
                                    

🐰Zawgyi 🐰

"‌ဟုတ်တယ် ရှောင်းကျန့်
ငါကမိန်းမယူဘူး မင်းကိုပဲယူမှာလေ"
လို့ပြောပြီး ရှောင်းကျန့်ကို
နမ်းလိုက်ပါတယ်

ရှောင်းကျန့် အစကတော့ ရုန်းနေပြီးနောက်တော့
အလိုက်သင့်လေး သူ့ကိုပြန်နမ်းလာပါတယ်
ခဏကြာတော့ ရှောင်းကျန့် အိပ်ပျော်သွားတော့တယ်

ဝမ်ရိပေါ်ကတော့ အိပ်နေတဲ့
ရှောင်းကျန့်ကို ပွေ့ ပြီးတော့
ကားပါကင်ဆီ သို့သွားလိုက်တော့တယ်

ယုန်ပေါက်ကို lover seatမှာ
ထားပေးပြ်ီး ခါးပတ် ပတ်ထားပေးလိုက်တယ်
သူလဲ ကားထဲဝင်ပြီး
ယုန်ပေါက်အိမ်ကိုသာ မောင်းလိုက်တော့တယ်

ရှောင်းကျန့်ကိုရောက်တော့
ရှောင်းမားက
"အမလေး သားကျန့်
ဘယ်လောက်တောင်
သောက်လာတာလဲ"ဆိုပြီး
ရှောင်းမားက ဝမ်ရိပေါ်နဲ့အတူ
ရှောင်းကျန့်သယ်ပြီး အိမ်အပေါ်ထက်က
အိပ်ခန်းဆီသို့ သွားလိုက်တယ်

ဝမ်ရိပေါ် ရှောင်းကျန့် အိပ်ခန်းထဲ
ရောက်တော့ အတော်လေးအံ့သြသွားတယ်
ဘာဖြစ်လို့လဲဆိုတော့
ရှောင်းကျန့် အခန်းထဲကပစ္စည်းတွေ
အားလုံးက အနီရောင်တွေချည်းပဲ
မို့ လို့ဖြစ်တယ်

"‌သားကျန့်က အနီရောင်အရမ်းကြိုက်တာလေ
သားဝမ် အဲ့တာကြောင့် အကုန်လုံးကို
အနီရောင် ပြောင်းပေးထားတာလေ"

"အော်"
ရိပေါ်ကတော့ အစိမ်းရောင်ကို crazyဖြစ်ပေမယ့်
အနီရောင်ကြိုက်တဲ့ ယုန်ပေါက်လောက်တော့
crazyမဖြစ်သေးဘူး
ဘာဖြစ်လို့လဲဆိုတော့ ယုန်ပေါက် အခန်းက
မင်္ဂလာ အခန်းနဲ့တောင်တူတယ်
တစ်ခန်းလုံး အနီပဲမို့လို့

"သားဝမ် သားကျန့်ကိုလိုက်ပို့
ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"မလိုပါဘူးမား
မိသားစုဝင် အချင်းချင်းဘဲကို"

" သားဝမ်သာ
မားသားအရင်းလေး ဖြစ်လောက်ရင်
ဘယ်လောက်ကောင်းမလဲ
အလုပ်လုပ်တာလဲတော် ရုပ်ကလဲချော
ပြောစရာကိုမရှိအောင် ပြည့်စုံတယ်
ဟင်း...အိမ်ကသားနဲ့တော့ ကွာပါ့"

"မား သားကတော့ မားရဲ့ 
သားအရင်းမဖြစ်ချင်ပါဘူး
ဘာဖြစ်လို့လဲဆိုတော့ သားက
ကျန့်ကျန့်ကိုယူမှာလေ
အဲ့တာကြောင့် မားရဲ့ သမက်လေးပဲ
လုပ်တော့မယ်မား"

လင်ပေးစားတဲ့ system ရှောင်လန်(လင်ပေးစားတဲ့ system ရှောင်လန်)Where stories live. Discover now