part-1.8

99 7 2
                                    

🐰Unicode🐰

ရှောင်းကျန့်လဲ အိမ်ကိုသာ အမြန်ပြန်လာခဲ့တော့တယ်
ရှောင်လန်ကိုလဲ မေတ္တာပို့ရင်းနဲ့ပေါ့

သူအိမ်ရောက်တော့မားက
သူ့ကို မေးလာတော့တယ်

"သားကျန့် သားနှုတ်ခမ်းက ပေါက်နေတယ်ကော
အသွားတုန်းကတော့ မပေါက်သေးပါဘူး
ဘယ်လိုဖြစ်ပြီးပေါက်သွားတာတုန်း သားကျန့်"

"အော် မားဒါက သားဝမ်ရိပေါ် ရုံးခန်းကို
သွားတုန်းက မှန်ကာ ထားတာကိုမမြင်မိဘဲ
သွားတိုက်လိုက်လို့ ပေါက်သွားတာပါမား"

"အေးအေး အဲ့တာဆိုလဲဆေးထည့်လိုက်ဦးနော်
သားကျန့်"

"ဟုတ်မား"
ဆိုပြီး ရှောင်းကျန့်ပြောပြီးတော့
‌သူ့အခန်းထဲ ဝင်သွားတော့တယ်

'ရှောင်လန်မင်းအခု ငါပြောနေတာကို ကြားရတယ်ဆိုတာသိတယ်နော် အခုချက်ချင်းစကား
ပြန်မပြောရင် နောက်ကမ္ဘာကျရင်
ပြစ်ဒဏ်ကမ္ဘာကိုသွားရမယ်လို့သာ
မှတ်လိုက်တော့ ရှောင်လန်'

'hostကလဲစိတ်ကြည်းပဲ
ပြော ရှောင်လန်ကိုဘာပြောမလို့တုန်း'

'မင်းအမှန်တိုင်းပြော ရှောင်လန်
ဝမ်ရိပေါ် ငါ့ကို ကြိုက်လာပြီလား'

'အင်း ဟုတ်တယ်host
ဒါပေမယ့် သူကြိုက်တဲ့ ရာခိုင်နှုန်းက
50%ပဲရှိသေးတယ်နော်
ထက်ဝက်နော် အဲ့ဒါကြောင့်
ပြန်လဲကြိုက်လာနိုင်သလို
ပြန်လဲမကြိုက်လာနိုင်ပါဘူး host
အဲ့တာကြောင့် hostကြိုးစားဖို့လိုပါသေးရဲ့'

'အေးပါ ဒါနဲ့ ဝမ်ရိပေါ် ရဲ့ ချစ်လာအောင်
လုပ်ယူရတာက အရမ်းလွယ်တာဘဲ ရှောင်လန်'

'host ပထမကမ္ဘာ မို့လို့ပါ နောက်ကမ္ဘာကျရင်
မလွယ်‌တော့ပါဘူး ပြ်ီးတော့ host missonတွေလဲ
တစ်ခုမှ မပြီးသေးဘူးနော် host'

'ငါသိပါတယ် ရှောင်လန်လေးရဲ့
ပြီးတော့ ရှောင်းယွီနဲ့ ဝမ်ရိပေါ်ရဲ့
ညီမဝမ်းကွဲ ဘာတွေကြံစီနေသေးလဲ'

'host ရှောင်းယွီနဲ့ ဝမ်မေဟွားက
ပူးပေါင်းလိုက်ပါပြ်ီ ပြီးတော့
company partyနေ့မှာ
hostကို တခုခုလုပ်ဖို့ ကြံစီထားပါတယ် host'

လင်ပေးစားတဲ့ system ရှောင်လန်(လင်ပေးစားတဲ့ system ရှောင်လန်)Where stories live. Discover now