part1.7

445 25 12
                                    

ရှောင်းကျန့် ဝန်ထမ်းကောင်မလေးပြတဲ့နေရာကိုကြည့်လိုက်တော့ မြင်လိုက်ရတဲ့ဟာက
ဗိုက်ကြီးသည် ဝတ်စုံကို ဝတ်ထားတဲ့
သူတွေရယ် ကောင်မလေးတစ်ချို့ကို
တွေ့လိုက်ရတယ်

"ကျွန်တော့ကို ဘာလို့ ပြတာလဲခင်ဗျ"
ရှောင်းကျန့် ဝန်ထမ်းကောင်မလေးကို
မေးလိုက်တော့ အဲ့ကောင်မလေးပြန်ဖြေလာတာက

"အဲ့ကလူတွေလဲ ဒီကအကိုလိုဘဲ
ceoရဲ့  မိန်းမလို့ပြောတယ်
အဲ့တာကြောင့် ceoကိုတွေ့ချင်ရင် အဲ့မှာ
ထိုင်စောင့်နေပါ အကို"

"ဒီမှာ မင်းငါပြောတာကို မယုံဘူးပေါ့
ငါကတကယ် သူ့ယောင်္ကျားဖြစ်လာမဲ့သူ
မယုံရင် သူ့ကို သွားမေးလို့ရတယ်
ပြီးတော့ မင်းရှောင်းအိမ်တော်ကို
မသိဘူးလား ငါကရှောင်းအိမ်တော်ရဲ့ သား
ရှောင်းကျန့်နော် ပြီးမှ အကိုလေးရယ်
ကျွန်မတောင်းပန်ပါတယ် ကျွန်မ မသိလို့ပါလို့
မပြောလိုက်နဲ့"

ရှောင်းကျန့် အဲ့လို ပြောလိုက်တော့
ဝန်ထမ်းကောင်မလေး‌တွေက သူ့ကို
ကြည့်ပြီး ရယ်လာတော့ ရှောင်းကျန့်လဲ
အတော်ကို စိတ်တိုသွားတယ်
ပြီးတော့ အဲ့ထဲကကောင်မလေးတစ်ယောက်က

"ဒီမှာ ရှင် တအား သရုပ်ဆောင်ကောင်းတာပဲ
ရှင်က ceoရဲ့  အနာဂတ်‌ ယောင်္ကျားဆိုရင်
ကျွန်မက ceoရဲ့ မိန်းမဘဲ"ဆိုပြီးတော့သူ့ကို
လောင်ပြီးပြောလာတော့ ဘေးနား
ကဝန်ထမ်းမလေးတွေကလဲ
ရှောင်းကျန့်ကိုကြည့်ပြီးတော့ လောင်ရယ်ကျတော့တယ်
'ရှောင်လန် သူတို့ ငါပြောတာကို
မယုံဘူး ဘယ်လိုလုပ်ရမလဲ'

'hostပဲ မင်္ဂလာဆောင်ကို လူမသိခိုင်းစေချင်ဘူး
ပြောတာလေ အဲ့တာကြောင့် ခံပေါ့'

'ဒါပေမယ့် အဲ့ဝမ်ရိပေါ်ကတော့ ပြောပြထားသင့်တယ်လေ'

ဩရှရှစကားသံ တစ်ခုကြောင့်
ရှောင်းကျန့် ရှောင်လန်နဲ့ စကားပြောနေတာကော
ဝန်ထမ်းတွေဆီက ‌လောင်ရယ်တဲ့ အသံပါရပ်သွားတော့တယ် အသံပိုင်ရှင်ကတော့
ဝမ်ရိပေါ်ပါဘဲ

"ဘယ်သူက ငါ့ရဲ့  ယောင်္ကျားကို
လောင်ရဲတာလဲ ပြ်ီးတော့ မင်းက
ဘာကိစ္စ ငါ့မိန်းမဖြစ်သွားရတာလဲ"
ဝမ်ရိပေါ်ပြောလိုက်တာ တည်ငြိမ်တယ်လို့
ထင်ရပေမယ့် အဲ့စကားတွေထဲမှာ
လူသတ်ချင်တဲ့အငွေ့တွေပါနေတော့

လင်ပေးစားတဲ့ system ရှောင်လန်(လင်ပေးစားတဲ့ system ရှောင်လန်)Where stories live. Discover now