Arc(4.7)

7.5K 742 11
                                    

( Warning ပေးပါတယ်နော်  ဇာတ်ကြောင်းအရ ထည့်မှာဖြစ်တာမို့ အသက်မပြည့်သေးဘူးဆို ကျော်သွားနိုငိပါတယ်နော်  အမြင်မရိုင်းအောင် တတ်နိုင်သလောက် ရေးထားပါတယ်)

ပန်းပွဲတော်မှာ ဖြစ်ပျက်သမျှတွေဟာ  ပြည်သူတွေကြားထဲပျံ့နှံ့သွားလေတော့တယ်    ကျန်းချူး အများသူတွေရှေ့မှာတင်   ဟန်စစ်ရဲ့ချစ်ခွင့်ပန်ခြင်းကို လက်ခံခဲ့ပေတယ်   ဒါတွေကို မကျေနပ်သူတွေရှိနေတာသိပေမယ့် ကျန်းချူး မသိချင်ယောင် ဆောင်နေလိုက်တယ်   

ရှန်မင်ချူး တစ်ယောက် အဆောင်တွင်း သောင်းကျန်းလေတယ်   စစ်ဝမ် လို လူမျိုးကို ရဖို့ သူအတော် ကြိုးစားခဲ့တယ်    စစ်ဝမ် စိတ်ဝင်စားဖို့  ထိုတေးသံကိုလည်း သူ လက်ပြတ်မတတ် တီးကျင့်ခဲ့ရတယ်  ဒါပေမယ့် ဘာမဟုတ်တဲ့  မျိုးမစစ်ကောင်က  စစ်ဝမ်ရဲ့အချစ်ကို ရသွားတယ်တဲ့လား 

"ဟင်းအင်း မဖြစ်ရဘူး  စစ်ဝမ် က ငါ့တွက်ပဲဖြစ်ရမှာ  စစ်ဝမ်က ငါနဲ့မှ လိုက်ဖက်တာ  ကျန်းချူး  လို  အဆင့်အတန်းမရှိတဲ့လူနဲ့ ငါလိုလူကမှ  စစ်ဝမ်နဲ့ပိုသင့်တော်တာ  "

မင်ချူး  သူ့အတွေးတွေဟာ  ရူးကြောင်ကြောင်အတွေးတွေဆိုတာကိုတောင် မသိနိုင်လောက်အောင်  အလိုလောဘဒေါသတွေဟာ  လောင်ကျွမ်းနေခဲ့လေတယ်

ထိုသို့ အလိုလောဘတွေ  တောက်လောင်နေတာ မင်ချူးတစ်ယောက်တည်းသောမဟုတ်  ကုစုယဉ်  ဆိုတဲ့ ဟန်စစ်ရဲ့အဖတူအမေကွဲ ညီတော်လည်း အဆောင်တွင်း သောင်းကျန်းလေလေတယ်  သူဟာ  ငယ်စဉ်ထဲက   ချောမောပြီး  သန်မာတဲ့  ကုဟန်စစ်ကို သဘောကျခဲ့တယ်   တွယ်ကပ်လေ့ရှိတယ် ဟန်စစ်ကတော့   သူ့ကို ဖယ်ချခဲ့တယ်  ဒါပေမယ့်  ထိုလူသားကို သူသဘောကျတုန်းပဲ   ထိုလူသားဟာ သူ့အပိုင်ပဲဖြစ်ရမယ် လိုဘ့သတ်မှတ်ခဲ့တယ်  သူများတွေအမြင်  ညီအစ်ကိုတွေဆိုပေမယ့်  ဘယ်သူမှ မသိတဲ့ လျို့ဝှက်ချက်က  သူဟာ ကု မျိုးရိုး အစစ်အမှန် ဟုတ်မနေခဲ့ဘူးဆိုတာ 

"ဟား  ဟား ဟား  ကုဟန်စစ် ဆိုတဲ့သူက  ငါဆိုတဲ့  စုယဉ် အပိုင်ပဲဖြစ်စေရမယ်   စုယဉ်ဆိုတဲ့ ငါမှမဟုတ်ရင်  ဘယ်သူမှ သူ့အနား မရှိစေရဘူး  " 

Meeting   Ultimate  Gods  System(completed)Where stories live. Discover now