Arc(5.8)

5.7K 626 1
                                    

(Warning ပေးပါတယ်နော် )

နောက်နေ့ကစတင်ကာ Alexတို့ ဦးဆောင်တဲ့ တပ်ဖွဲ့ တွေဟာ စစ်ရေးတွေ ပိုလေ့ကျင့်ကြသလို ဆေးသုတေသီတွေ ဘက်ကလည်း ဆေးတွေကို စတင်ထုတ်လုပ်ဖို့  ကြိုးစားနေကြပြီ ဖြစ်လေတယ်။ Zombie တွေရဲ့  ဗီဇပြောင်းလဲ လာမှု က အတော်ပင်ဆိုးရွားလာလေတယ်။

မြေပြင်ပေါ်က baseတွေဟာ မနည်းတင်းခံတောင့်ခံထားကြရပြီး မသေရုံတမယ် အာရဟာပြတ်လတ်တာတွေ လုယုက်မှုတွေ ပိုဆိုးလာခဲ့တယ်။ ထိုအခြေအနေမျိုးမှာ လူတွေဟာ စည်းလုံးညီညွတ်မှု မရှိကြတာကြောင့် ကွဲပြဲစုတ်ပြတ်ကုန်ကြရလေတယ်။

ဂြိုလ်တုကနေ လှမ်းဟက်တဲ့ မြင်ကွင်းကို ကြည့်ရင်း အကြီးအကဲတွေ ခေါင်းခါနေမိတယ်။ တစ်နှစ်အကြာမှာ လောကကြီးဟာ လုံးဝကို ပျက်စီးနေခဲ့ပြီ ဖြစ်လေတယ်။ ကျန်နေတဲ့ လူတွေကို ဘယ်လိုကယ်တင်ရမလဲ စဉ်းစားရသည်က ခေါင်းပေါက်ထွက်မတက်ပင်။ နောက်ဆုံးအကောင်းတိုင်းရှိနေသေးသည်က မြေအောက်လောကရှင်ဘုရင် ရဲ့  တောတွင်း baseတစ်ခုတာဖြစ်လေတယ်။

"Alex လူရွေးပြီး baseကို သွားညှိနှိုင်းခဲ့ပါ ခုလို အချိန်မျိုးမှာ လူသားအချင်းချင်း တိုက်ခိုက်နေလို့ မရဘူး "

"ကောင်းပါပြီ လူကတော့ ကျွန်တော့် အဖွဲ့ သားတွေပဲ ခေါ်သွားပါ့မယ်"

"ဂရုစိုက်ကြပါ မနက်ဖြန် မနက် သွားကြပေါ့ "

Alex အစည်းအဝေးခန်းထဲက ထွက်ကာ သူအဖွဲ့ တွေဆီသွားကာ ထိုအကြောင်းပြောပြလိုက်တယ်။ပြီးမှ သူနေ့ရာကို ပြန်ခဲ့တယ်။ အိပ်ရာကိုလျှောက်သွားလိုက်ပြီး အိပ်နေတဲ့ သူလေးကို ကြည့်မိတယ်။မျက်တွင်းတွေလည်း ချောင်နေပြီး ပိန်သွားသလို ပင်။ သူဂရုစိုက်ပေးပေမည့် ဒီနှစ်တွင်း ဓာတ်ခွဲခန်းထဲတွင်သာ အချိန်ကုန်နေလေ့ရှိတဲ့ Zeroကြောင့် သူလည်း တာဝန်တွေ ရှိနေသေးတာကြောင့် အပြည့်အဝဂရုမစိုက်ပေနိုင်။ ခုရက်မှ ဓာတ်ခွဲခန်းထဲက ထွက်လာကာ အိပ်နေပုံရသည်မို့  မနိုးရက်စွာ နဖူးလေးကို နမ်းလိုက်တော့ လှုပ်စိ လှုပ်စိနဲ့  နိုးလာတော့တယ်။

"ကိုယ်ကြောင့် နိုးသွားတာပဲ "

"ရပါတယ် ကျွန်တော် အိပ်ရေးဝပါပြီ" ပြောရင်း Alex လည်တိုင်ကို ဖက်တွယ် ထားမိတယ်။ ဒီနှစ်တွင်း တစ်ကမ္ဘာလုံးတွက် ဆေးတွေ ထုတ်လုပ်ခဲ့ပေမယ့် ဖြန့်ချီဖို့  လိုနေသေးတယ်။အသိစိတ်လွတ်နေကျတဲ့ Zombieတွေကို ဆေးဘယ်လို ထိုးရမလည်း မသိသေး။အသိစိတ်လွတ်နေတာကြောင့် သူတို့ကိုတွေ့ တာနဲ့  ဝိုင်းကိုက်ကြလိမ့်မယ်။ အားလုံးဝိုင်းကိုင်တာနဲ့  သေကုန်လိမ့်မယ်။နည်းပညာရှင် တစ်ချို့ ကတော့ စစ်ဘက်ဆိုင်ရာ ကိရိယာတွေကို ဆေးထိုးအပ်တပ်ဆင်နိုင်မည့် ပုံစံ တီထွင်လိုကြပေမယ့် ခုထိတော့ မအောင်မြင်သေး ။

Meeting   Ultimate  Gods  System(completed)Onde histórias criam vida. Descubra agora