Zero နိုးလာတော့ နောက်နေ့ပင် ရောက်နေချပြီဖြစ်တယ်။ ရေမိုးချိုးသန့်စင်ပြီး Charlesနဲ့ အတူ မနက်စာ စားဖို့ ထွက်လာလိုက်လေတယ်။ သူတို့ ထမင်းစာဆောင်ရောက်တော့ မနေ့က အခန်းလိုက်ပြသည့် Ren က လက်ပြကာ ခေါ်လေတော့ သူတို့နှစ်ယောက်လည်း Renနား ဝင်ထိုင်လိုက်လေတယ်။
"မနက်စာ က ပေါင်မုန့်နဲ့  ဘီစကစ်တစ်ချို့ ပဲ ရတယ် ခုနောက်ပိုင်း လူဦးရည် တိုးလာလို့  အစာတွက် ခက်ခဲလာတယ်လေ "
Ren အပြောကို သူတို့နှစ်ဦး ခေါင်းငြိမ့်ကာ သူတို့တွက် ဝေစုကို စားပြီး စမ်းသပ်ခန်းဘက်ကို Ren အကူအညီနဲ့ ထွက်လာခဲ့ကြလေတယ်။ ဓာတ်ခွဲခန်းသည် D base ရဲ့  မြေအောက်တွင်ဆောင်ထားတာ ဖြစ်ပြီး ရိုးရိုးလှေကားကို သာ သုံးရလေသည်။အကြောင်း တစ်ခုခုကြောင့် စပ်းသပ်နေသည့် zombieတွေကို မထိန်းချုပ်နိုင်ခဲ့ရင် ပြသာနာ မဖြစ်အောင်ပင်။ Zombie တွေရဲ့  အရိုးအကြောဖွဲ့ စည်းပုံကြောင့် လှေကားပေါ် မတက်နိုင်။
မြေအောက်ခန်း အပေါ်ဆုံးထပ်ဝယ်စက်မှုနည်းပညာရှင်တစ်ချို့ က zombie ဒဏ် ခံနိုင်မည့် ကားတွေ ဘာညာသာတကာတွေကို တီထွင် စမ်းသပ်ကြလေတယ် ။
ထို့ နောက် အောက်ဆုံး ခန်းဝယ် တစ်ချို့ ပညာရှင်တွေက zombieရဲ့  လုပ်ဆောင်ချက်တွေကို လေ့လာနေကြသလို တစ်ချို့ က ဆေးတွေကို စမ်းသပ် နေကြလေတယ်။တစ်ထပ်နဲ့ တစ်ထပ်မှာ သံတံခါးတွေကို အသုံးပြုထားလေတယ်။ တော်ရုံဝင်ရောက် ထိုးဖောက်နိုင်ဖို့ မလွယ်ပေ။
Zero မျက်စိ ကစားရင်း အခန်းတစ်ခုကို တွေ့ လိုက်ရသည်။ ထိုအခန်းတွင် လက်နှစ်ဖက်နဲ့  လည်ပင်တွေမှာ သံကြိုးတွေနဲ့ ချည်နှောင်ထားပြီး ကြီးမားတဲ့ သံတိုင်တွေကြားထဲက လူတစ်ယောက်။ no အဲ့တာ zombie တစ်ယောက်ဆို ပိုမှန်လေမည်။"အဲ့အခန်းက Alex အခန်းလေ ခုတော့ Zombie ဖြစ်သွားလို့  ချုပ်ထားရတယ် သူ့ကို စမ်းသပ်ခံ လုပ်ဖို့  ဘယ်ဆရာဝန်မှ မလုပ်ချင်ကြဘူး Alex တစ်ခုခုဖြစ်ရင် Alex အဖွဲ့ သားတွေက အရှင်ထားမယ်မထင်ဘူး "
Alex ဆိုတဲ့ အသံကြောင့် Zero မျက်လုံးအရောင်တောက်ပသွားလေတယ်။ ဒါကိုတွေ့ တဲ့ Charles တစ်ယောက် သိပ်သဘောမကျပေ။
CZYTASZ
Meeting Ultimate Gods System(completed)
Romansဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်