THORN (3)

380 75 20
                                    

(warningပေးပါရစေ...ရိုင်းစိုင်းတဲ့အသုံးအနှုန်းတချို့ပါနေတာမို့ မကြိုက်ရင် ကျော်သွားနိုင်ပါတယ်နော်)

Unicode

"Dorn? တကယ်ပဲ Dornလား?
ဘယ်လောက်တောင် သောက်လာတာလဲ Dornရယ်"

Dornရဲ့မျက်တောင်ရှည်ရှည်အောက်က စူးရှတဲ့မျက်ဝန်းတွေက စက္ကူဖတ်လို ဖြူဖျော့နေတဲ့ လူသားငယ်ရဲ့မျက်နှာပြင်ဆီ အကြည့်မလွှဲစတမ်း ရီဝေစွာစူးစိုက်ကြည့်နေခဲ့၏။

"ခဏနော်...အမူးပြေသောက်ဖို့ ဟန့်တစ်ခုခုလုပ်ပေးမယ်...ရောက်နေရင်လဲ မီးလေးဘာလေး ဖွင့်ရောပေါ့ Dornရယ် အမှောင်ထဲမှာ ဒီတိုင်းကြီးရပ်နေတော့ ဟန့်က တခြားသူလို့ထင်သွားတာ"

အသက်ရှူသံတွေပြင်းနေခဲ့တဲ့ Dornကတော့ ကျန်းကျယ်ဟန့်ရဲ့ခန္ဓာကိုယ်ငယ်ကို ဆုတ်ကိုင်ထားမြဲပင်။
မျက်စိရှေ့က လူသားငယ်ရဲ့​စကားပြောသံတွေကို ကြားဟန်မပေါ်တဲ့ Dornဟာ တလှိမ့်လှိမ့်တက်လာနေတဲ့ စိတ်ဆန္ဒတို့ကြောင်​့ လူသားငယ်ရဲ့ပူနွေးလှတဲ့နှုတ်ခမ်းပါးဆီ အနမ်းခြွေမိတော့သည်။

"Dorn? အွန့်"

နှုတ်ခမ်းပါးထက် အကြမ်းပတမ်းကျရောက်လာတဲ့ Dornရဲ့အနမ်းတို့ကို အသားကျဖို့ သူမနည်းကြီးကြိုးစားနေရသည်။ တဒိန်းဒိန်းဖြစ်နေတဲ့ ခေါင်းဆီက ဝေဒနာက ပြန်စတင်လာပြီး ရင်ဘတ်ထဲကတလှပ်လှပ်ခံစားချက်ကလဲ တဖြေးဖြေးပိုကဲလာတော့၏။

Dornရဲ့လက်တွေက သူရဲ့ရှပ်လက်ရှည်အက်ျီကို အလောတကြီး ချွတ်ဖို့ကြိုးစားနေသည်။

"အ...Dorn"

ဝန်ခံရလျှင် Dornရဲ့အပြုအမူတွေက သူ့ရဲ့လက်ရှိအခြေအနေအတွက် ကြမ်းတမ်းလွန်းနေပါ၏။ စိတ်မရှည်တော့ဟန်ပေါ်တဲ့ Dornက သူ့ရဲ့အက်ျီပေါ်က ကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်မနေတော့ဘဲ လက်ဖဝါးကျယ်တို့ဖြင့် ဆွဲကာဖြဲပစ်လိုက်သည်။ အခန်းငယ်ထဲ ဟိုဟိုဒီဒီလွင့်စင်သွားရတဲ့ ကြယ်သီးလုံးတို့ရဲ့ တတောက်တောက်အသံက နေရာအနှံ့ကနေ ထွက်ပေါ်လာရတော့သည်။

လူသားငယ်ရဲ့ ခန္ဓာကိုယ်သေးသေးကို
Dornက ဆတ်ခနဲဆွဲကာ မ လိုက်ရင်း အိပ်ရာပေါ် အကျအန နေရာချပြီးနောက် ဗလာကျင်းသွားပြီဖြစ်တဲ့ အပေါ်ပိုင်းခန္ဓာကိုယ်ဆီ အနမ်းခြွေပြန်၏။ လည်တိုင်တွေဆီ ၊ ညှပ်ရိုးတေ​ွွဆီ ၊ ရင်ညွှန့်ဖွေးဖွေးဆီ ၊ နောက်ပြီး သူ့ရဲ့ sensitive pointလေးဖြစ်တဲ့ ချယ်ရီရောင် ပွင့်ဖတ်လေး နှစ်ခုဆီ။ သွားနဲ့တတိတိကိုက်လိုက် ၊ နမ်းရှုံ့လိုက် ၊ လျှာနွေးနွေးနဲ့ လျက်လိုက် လုပ်နေတဲ့ Dornရဲ့အပြုအမူတွေအောက်မှာ သူဟာ ပို၍ပိုကာ အားယုတ်လာရတော့သည်။ ပိုတိုးလာတဲ့ ခေါင်းဆီက ဝေဒနာဟာလဲ တဖြေးဖြေး နှင့် လစ်လျူရှုထားလို့ မရလောက်အောင်အထိ ဖြစ်လာရ၏။

THORN (Completed)Dove le storie prendono vita. Scoprilo ora