(အသင့်စားခေါက်ဆွဲပြုတ်)
(ရူးနေလား။ ဆံပင်တွေ ကျွတ်ကုန်တော့မှာပဲ)
(ငါမှဘာမှမလုပ်တတ်တာကို အသေစိုးရဲ့)
(ငါအိမ်လာပြီး ထမင်းချက်ပေးမယ်လေ)
(မလိုဘူး)
(အမဲသားကို ဟင်းအနှစ်ချိုချိုလေး။ ပြီးတော့ miso soup ဆိုရင်ရော)
Naoတံတွေးမျိုချမိသည်။ အမဲသားသည် သူအကြိုက်ဆုံးဖြစ်ပြီး အချိုချက်တာကို ပိုသဘောကျသည်။ ထို့ပြင် Ryuသည် မထင်မှတ်ထားစွာ ဟင်းချက်တော်သူဖြစ်သည်။ သူချက်သည်များက Nao၏ အမေချက်သည်ထက် ၂ဆ ၃ဆလောက် ကောင်းသည်။
(အိမ်မှာ အမဲသားမှ မရှိတာ)
(ငါ့ဆီမှာ အကုန်ရှိတယ်)
(ဒါဆိုရင်လည်း လာခဲ့တော့)
(အိုကေ။ ခဏပဲစောင့်)Naoသည် တံခါးbellသံ မမြည်မချင်း ကုတင်ပေါ်တွင် လှဲလျောင်းလျက် စောင့်နေခဲ့သည်။ များမကြာမီ တံခါးbellသံကြားရ၍ အောက်ထပ်သို့ ဆင်းသွားသည်။ တံခါးဖွင့်ပေးသောအခါ Ryuသည် ဟင်းချက်ပစ္စည်းများ ပါဝင်သည့် အထုတ်ကို ဆွဲလျက် အထဲသို့ ဝင်လာသည်။
"အများကြီးပဲ။"
"ဟုတ်လား။ နောက်နေ့တွေအတွက်ပါ တစ်ခါတည်း ရှိသွားတာပေါ့။"
Ryuသည် မီးဖိုချောင်ဘက်သို့ တစ်ခါတည်းဝင်ပြီး စတင်ချက်ပြုတ်ဖို့ ပြင်ဆင်ရတော့သည်။
"ကြာဦးမှာလား။"
"နည်းနည်းပေါ့။"
"ဒါဆိုရင် ငါ အပေါ်ထပ်တက်ပြီး အိပ်လိုက်ဦးမယ်။ ပြီးရင်လာခေါ်။"
"ညနေပဲစောင်းနေပြီ။ အိပ်ဦးမလို့လား။"
"အသေဇိုး။ မနေ့ညကငါတစ်ညလုံးမှ အိပ်မပျော်..."
ဘာကြောင့်မှန်းမသိ Naoဆက်မပြောမိတော့ဘဲ ရှက်စိတ်တွေ ဝင်လာခဲ့သည်။ သူ့အကြောင်းတွေးရင်း တစ်ညလုံး အိပ်မပျော်ခဲ့သည့် ကိစ္စအား Ryuကို မသိစေချင်ပါ။
"မ...မမေးနဲ့တော့။ ချက်စရာရှိတာ ချက်တော့။"
Naoသည် အမြန်အကြည့်လွှဲပြီး လှေကားထစ်တွေပေါ်ကို လျှင်မြန်စွာ ပြေးတက်သွားပါတော့သည်။ Ryuကတော့ သူတက်သွားတာကို ကြည့်ရင်း ကျန်ခဲ့လေသည်။
.
.
.
.
.
၄၅မိနစ်လောက် ကြာပြီးချိန်တွင် ထမင်းစားဖို့အတွက် အကုန်ပြင်ဆင်ပြီး ဖြစ်ပါသည်။ အငွေ့တထောင်းထောင်း ထနေသော နှစ်ယောက်စာ ထမင်းဟင်းပန်းကန်များကို စားပွဲပေါ်တွင် တင်ပြီးချိန်တွင် Naoကို နှိုးဖို့အတွက် အပေါ်ထပ်သို့ တက်လာခဲ့သည်။ထုံးစံအတိုင်းNao ၏ အခန်းတံခါးက သော့မခတ်ထားသဖြင့် Ryuသည် အထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်လာခဲ့သည်။ အခန်းကြမ်းပြင်ပေါ်တွင် အဝတ်အစားများ ပျံ့ကျဲနေပြီး Naoသည်ကား ကုတင်ပေါ်တွင် အကာအကွယ်မဲ့စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
YOU ARE READING
He's mine
Romanceငယ်သူငယ်ချင်းသုံးယောက်ကြားထဲမှာ အဖြူရောင်ထက် ပိုတဲ့ သံယောဇဉ်တွေ ပိုလာကြတဲ့အခါ သူတို့ ဘယ်လိုတွေ ဆက်ပြီး နေသွားကြမလဲ။ သူတို့သုံးယောက်ရဲ့ မေတ္တာတရားက အရာရာကို ကျော်ဖြတ်နိုင်မှာတဲ့လား။