Part 30

52 3 0
                                    

Ryuဒေါသထွက်စွာဖြင့် အနီးက စားပွဲခုံအား ကန်ထည့်လိုက်သည်။
"ကဲကဲ၊ ယုံကြည်ချက်ရှိမှုနဲ့ စားပွဲခုံကတော့ တလွဲစီပါပဲလား။"
"ခင်ဗျား ဘာလို့ ဒီလို လုပ်တာလဲ။ ခင်ဗျားနဲ့ ကျုပ်တို့ မိသားစုကြားမှာ ဘာရန်ငြိုးတွေပဲရှိရှိ Naoနဲ့ ဘာမှ မဆိုင်ဘူး။ သူ့ကို လွှတ်ပေးလိုက်။ ကျုပ်ကိုယ်တိုင် ခင်ဗျားတို့လက်ထဲ ရောက်နေပြီပဲကို။"
"သခင်လေး...."
"ပါးစပ်ပိတ်ထား!"
"ခုနတုန်းက မင်းရှုံးရင် ဘာလုပ်ရမယ်ဆိုတာ မပြောရသေးဘူးနော်။"
"ပြော။ ဘာလိုချင်လို့လဲ။"
"မင်း သေပေးရမယ်။"
ကင်မရာကနေ ကြည့်နေသော Nao၏ ရင်ထဲပင် ထိတ်ခနဲ ဖြစ်သွားသော်လည်း Ryuကတော့ မတုန်လှုပ်။

Rohito သည် အိတ်ထဲ၌ အသင့်ပါလာသော သေနတ်ကို Ryu အား ပေးလိုက်သည်။
"ကိုယ့်ကိုယ်ကို ပြန်ပစ်လိုက်။ Naoတင်မကဘူး။ မင်းတို့ တစ်မိသားစုလုံးအပေါ်မှာ ထားတဲ့ ငါ့အငြိုးတွေ လွှတ်ချလိုက်ရုံပဲ။ မင်းလုပ်ရမှာက မင်းခေါင်းထဲ ကျည်ဆံလေးတစ်တောင့် ပစ်သွင်းလိုက်ရုံပဲ။"
"ခွေးကောင်!"
"မင်းဘာစကား ပြောလိုက်တာလဲ။"
"သခင်လေး၊ ကျွန်တော်တို့ အခြားနည်းတစ်ခု တွေးဖို့ အချိန်မှီပါသေးတယ်။ ဒီလို လုပ်စရာမလို......"
Ryuသည် Rohito လက်ထဲက သေနတ်ကို ဆတ်ခနဲ ဆွဲယူပြီး ကိုယ့်ခေါင်းကို ကိုယ် ပြန်ချိန်လိုက်သည်။
"သခင်လေး!"
"ခင်ဗျားစကား တည်ပါစေ။"
"ငါတည်မှာပါ။"
"Aiကို ပြောလိုက်။ ငါသူ့ကို အကုန် လွှဲခဲ့ပြီလို့။ ပြီးတော့ အဖေ့ကို ပြောလိုက်ပါ။ သားကောင်းတစ်ယောက် မဖြစ်ခဲ့လို့ တောင်းပန်ပါတယ်လို့။"
"သခင်လေး..."

Ryu မျက်လုံးမှိတ်ပြီး သေနတ်မောင်းကို ဆွဲလိုက်သော်လည်း ဘာမှ မဖြစ်လာပါ။ ထို့ကြောင့် Ryu သေနတ်ကို ပြန်စစ်ကြည့်ကြည့်ရာ ကျည်မပါကြောင်း တွေ့ရလေသည်။
"ခင်ဗျား ကျည်လည်း မထည့်ထားဘူး။"
"မင်းက ငတုံးလား။ ငါက ငါ့သားမတ်ကိုသတ်ရလောက်တဲ့အထိ မရက်စက်ပါဘူး။"
"သားမတ်?"
"မလုပ်ချင်ဘူးလား။"
"ဟမ်?....ဒါဆိုရင် ခင်ဗျားက..."
"Ryu!!!"
Nao၏ အသံ ထွက်လာသော လျှောက်လမ်းဘက်သို့ လှမ်းကြည့်လိုက်ရာ သူ့ဘက်သို့ ပြေးလာနေသော Naoကို တွေ့လိုက်ရသည်။
"Nao!"
Ryuသည် ဝမ်းသာအားရနှင့် Nao သူ့ဆီ ရောက်လာတာတောင် မစောင့်တော့ဘဲ သူ့ဆီသို့ ပြေးဖက်လိုက်လေသည်။ ခဏလေးပဲ ဝေးခဲ့ရတာတောင် အကြာကြီး ခွဲနေခဲ့ရသလို ခံစားနေရသဖြင့် ပိုမိုတင်းကြပ်စွာ ဖက်လိုက်မိကြသည်။
"မင်း ဘာဖြစ်သွားသေးလဲ Nao။"
"ငါဘာမှ မဖြစ်ပါဘူး။ မင်းရော။"
"ငါလည်း ဘာမှ မဖြစ်ပါဘူး။ မင်းဘေးကင်းတာ တော်သေးတာပေါ့။"
"အဖေ! ဘယ်လိုဖြစ်လို့ အန္တရာယ် ရှိတာတွေ လုပ်နေတာလဲ။ နှစ်ယောက်စလုံး ထိခိုက်သွားရင် ဘယ်လို လုပ်မလဲ။"
"မထိခိုက်ပါဘူး။"
"အဖေ?"
Ryuသည် Naoနှင့် Rohito တိုအား တစ်လှည့်စီ ကြည့်နေမိသည်။
"တကယ်ကို သားဖတွေလား။"
"တကယ်ကို သားဖတွေပါ။"
"တကယ်ကြီး?"
"တကယ်ကြီး။"
"မနောက်ဘူး?"
"မနောက်ဘူး။"
Ryu ဘာမှ မတုန့်ပြန်သေးခင် ၇စက္ကန့်လောက် ငြိမ်ကျသွားသည်။

He's mine Where stories live. Discover now