ကြက်သွေးရောင်ခွက်ကလေး🍷 / ၾကက္ေသြးေရာင္ခြက္ကေလး🍷

175 23 3
                                    

ကြက်သွေးရောင်ခွက်ကလေး

သင့်ဘဝတွင် သင့်ကိုပြောင်းလဲစေသောအံ့သြစရာများ သို့မဟုတ် မထင်မှတ်ထားသောကံဆိုးမှုများ ရှိပေသည်။ထိုဟာများ၏ဖြစ်တည်မှုကို သင် နေသားကျသွားသည့်အချိန်တွင် သူတို့က တိတ်တဆိတ် စွန့်ခွာသွားကြသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သင့်ဘဝတွင် သင့်ကိုပြောင်းလဲစေသောအံ့သြစရာများ သို့မဟုတ် မထင်မှတ်ထားသောကံဆိုးမှုများ ရှိပေသည်။ထိုဟာများ၏ဖြစ်တည်မှုကို သင် နေသားကျသွားသည့်အချိန်တွင် သူတို့က တိတ်တဆိတ် စွန့်ခွာသွားကြသည်။

ရှန်းရန် စိတ်ရှုပ်ကာ ဘောပင်ကိုက်နေသည်။သူမဘေးတွင် ရေတစ်ဖန်ခွက်ရှိသည်။ရေခွက်သည်အလွန်သန့်သည်။သူမ ခွက်ကိုမော့ကာ ရေတစ်ငုံသောက်လိုက်သည်။ရေလှိုင်းများတွင် လှုပ်လီလှုပ်လဲ့ထင်ဟပ်နေသည့် သူမ၏ပုံရိပ်ကို ကြည့်လိုက်သည်။

သူမ၏မျက်တောင်ရှည်ရှည်လေးများက လှုပ်ခပ်နေသည်။သူမ၏ မသိရသောအတွေးစုများကို တွေးရင်း ခွက်ကိုသူမပါးစပ်ဆီ တေ့ကာ နောက်တစ်မော့ သောက်လိုက်ပြန်သည်။

ခွက်ငတုံး ဟူပိုင်က ဒီရက်ပိုင်းမှာ ခဏထွက်ခွာရမယ်လို့ ပြောထားပြီးသား။မျက်တောင်တစ်ခတ်လေးအတွင်း သူမရှေ့မှာပဲ လေလိုကွယ်ပျောက်သွားတယ်။

တစ်လကြာပြီးနောက် ခွက်အရူးလေးရဲ့တစ်လကြာဖြစ်တည်မှုကို ရှန်းရန် လက်ခံနိုင်သည်။သို့သော် တစ်လကြာထိထွက်ခွာသွားမှုကိုတော့ လက်မခံနိုင်သေးပေ။ဒါက တကယ်ကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲရတာပဲ။

သို့သော် ကံကောင်းထောက်မစွာ သူမ၏အချိန်ကို လွတ်လွတ်လပ်လပ်ကုန်ဆုံးရမည့်နေရာကို ခန့်ခွဲရန် အားလပ်ရက် ရလာသည်။နှစ်သစ်ကြိုဆိုခြင်းအတွင်း စိတ်အခြေအနေဆိုးဝါးနေသည်မှလွဲ၍ မည်သူကမှ သူမ၏စိတ်ခံစားမှုကို သတိမထားမိကြချေ။

စီနီယာများအတွက် ဆောင်းရာသီအားလပ်ရက်က အမြဲတစေတိုတောင်းသည်။ပြည်နယ်ပညာရေးဦးစီးဌာနမှ ထုတ်ပြန်သောမှတ်တမ်းကြောင့် ရှန်းရန်တို့ ကျောင်းသည် ဆောင်းသီအားလပ်ရက် ရက်ပေါင်း(၄၀) ဖြစ်သွားသည်။မရေမတွက်နိုင်သော တက္ကသိုလ်ခွေးသားများနှင့် မဟာဘွဲ့လွန်များကို ခါးသီးစွာ နာကြင်သွားစေသည်။

 ကြည့်ရဆိုးသောခွက်ကလေး / ၾကည့္ရဆိုးေသာခြက္ကေလး {GL} [Translation]Where stories live. Discover now