အစိမ်းရောင်ခွက်ကလေး🍵 / အစိမ္းေရာင္ခြက္ကေလး🍵

183 30 6
                                    

အစိမ်းရောင်ခွက်ကလေး

ရှန်းရန် ချက်ချင်း ပျော်ရွှင်လာသည်။ သူမ လိမ္မော်ခွက်ကို ယူပြီး ဖြည်းဖြည်းသောက်လိုက်သည်။ထို့ပြင် သောက်နေရင်း ခွက်ကလေးကို စက်ဝိုင်းတစ်ပတ်မွှေလှည့်လိုက်သေးသည်။ “နတ်သမီးလေး ကျေးဇူးပြု၍ မြန်မြန်သောက်ပေးပါ အား၊ QAQ ကျွန်မ လိမ္မော်သီးကို မုန်းတယ်!”

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

ရှန်းရန် ချက်ချင်း ပျော်ရွှင်လာသည်။ သူမ လိမ္မော်ခွက်ကို ယူပြီး ဖြည်းဖြည်းသောက်လိုက်သည်။ထို့ပြင် သောက်နေရင်း ခွက်ကလေးကို စက်ဝိုင်းတစ်ပတ်မွှေလှည့်လိုက်သေးသည်။ “နတ်သမီးလေး ကျေးဇူးပြု၍ မြန်မြန်သောက်ပေးပါ အား၊ QAQ ကျွန်မ လိမ္မော်သီးကို မုန်းတယ်!”

“ငါ ကြိုက်တယ်” သူမ အပြုံးနှင့် ပြောလိုက်သည်။သို့သော် မီးဖိုချောင်ဆီသွားတော့မည့် အဖေချန်က လှည့်လာပြီး မေးသည်။ “သမီး ဘာကြိုက်တာလဲ?”

ရှန်းရန် ပြန်ဖြေလိုက်သည်။ “သမီး လိမ္မော်ဖျော်ရည်ကို ကြိုက်တယ်၊ အရသာရှိလိုက်တာ၊ ကျေးဇူးပါ ​ဖေဖေ”

ယောက်ျားကြီးသည် နှုတ်ခမ်းကွေးသွားပြီး ဆက်လက်၍ ချက်ပြုတ်တော့သည်။

အမှန်တော့ ရှန်းရန်မိဘများက သူမကို ပစ်မထားချင်ကြပေ။ရှန်းရန်၏မနွံနာတတ်သည့်ကာလက အနည်းငယ်အချိန်လွန်နေသောကြောင့်သာဖြစ်သည်။ထို့ကြောင့် မိသားစုသုံးယောက်သည် အမြဲစကားများကြရသည်။ယခု ဤကဲ့သို့ အကွာအဝေးတစ်ခုထားသည့် လေ့ကျင့်မှုက ရှန်းရန်ကို အများကြီး သက်ရောက်ပြီး စာလေ့လာမှုတွင် သက်တောင့်သက်သာဖြစ်စေသည်။

ဖေဖေမေမေတို့ကို သမီး မလိုချင်ဘူးဟု ပြောရန်က လုံးဝမဖြစ်နိုင်ပေ။သူမလက်ထဲက လိမ္မော်ဖျော်ရည်ထဲတွင် မိဘအချစ်များ အပြည့်အဝပါဝင်နေသည်ကို ရှန်းရန်ခံစားနေရသည်။

နောက်ဆုံးတွင် သူမ လိမ္မော်ဖျော်ရည် သောက်ပြီးသွားကာ ခွက်ကလေးထဲတွင် လိမ္မော်သီးအစအနလေးများ ကျန်နေသည်။ရူးမိုက်သောတစ္ဆေမလေး၏အဝတ်အစားသည် အဝါရောင်ဝလုံးပြောက်များ အလှဆင်ထားသောဂါဝန်အဖြစ် ပြောင်းလဲသွားတော့သည်။

 ကြည့်ရဆိုးသောခွက်ကလေး / ၾကည့္ရဆိုးေသာခြက္ကေလး {GL} [Translation]Dove le storie prendono vita. Scoprilo ora