နို့နှစ်ရောင်ခွက်ကလေး
ရှန်းရန် မိန်းကလေးကို တအံ့တသြကြည့်လိုက်သည်။မိန်းကလေးသည် သူမ၏မှန်းဆချက်ကို အတည်ပြုပေးသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။
မနက်က သူမ သောက်ခဲ့သည့် စွံပလွံနီပဲနို့ကို စဥ်းစားရင်း သူမရှေ့ကမိန်းကလေး၏အဝတ်အစားကို ကြည့်လိုက်သည်... သူမ အလွန်စိတ်သက်သာရာရသွားသည်ကို ရှန်းရန် ဝန်ခံပါသည်။
အချိန်အကြာကြီး သူမ စာကြိုးစားပြီး မည်မျှပြောင်းလဲစေကာမူ နှလုံးသားထဲတွင် ကြိုးထုံးရှိနေခဲ့သည်။တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်မီက ခွက်ရူးလေး၏ချစ်စရာအပြုံးလေး ရောင်းချပေးမှုမရလိုက်ပေ။သူမ၏အပြုံးအားပေးမှုမရှိ၍ တစ်ခုခုလိုအပ်နေသလို ရှန်းရန်အမြဲခံစားနေတာဖြစ်သည်။
အခုတော့ သူမရှေ့က မိန်းကလေးက ပြုံးပြနေသောကြောင့် သူမနှလုံးသားထဲက ကြိုးထုံးမှာ ချက်ချင်းပျောက်ကွယ်သွားသည်။
နားလည်ရခက်သော စိတ်ဆိုးမာန်ဆိုး ထိုခံစားချက် ရှန်းရန် နားလည်ချင်သည်။စာမေးပွဲကြီးကြပ်သူ၏ စူးစိုက်အကြည့်အောက်တွင် စိတ်တိုစွာ သူမ(ရှန်းရန်)ခေါင်းငုံ့လိုက်ပြီး ခွက်ရူးလေးက သူမခေါင်းကို နာခံစွာလှည့်လာသည်။သို့သော်လည်း သူမ ခေါင်းလှည့်သည့်တစ်ဝက်တစ်ပျက်တွင်ပင် ဖြူဝင်းနူးညံ့သည့်လက်က သူမခေါင်းကို ရုတ်တရက် ပြင်းပြင်းထန်ထန်ခေါက်ချလာသည်။
QAQ နတ်သမီးလေး နာလိုက်တာ...
သူမ အရိုက်ခံရန်ထိုက်တန်သည်ကို ဟူပိုင်သိပါသည်။ထို့ကြောင့်လည်း ဤအထူးနေ့တွင် သူမကိုယ်ထင်ပြလိုက်တာဖြစ်သည်။သို့သော်...သို့သော်လည်း သူမ၏အရှင်မ နတ်သမီးလေးက သူမကို ဤကဲ့သို့ရိုက်နှက်မည်ဟု မထင်ထားမိပေ အား!
သူမ စားပွဲပေါ် သနားစဖွယ် မှောက်လိုက်ပြီး သူမ၏မျက်လုံးများကလည်းမျက်ရည်များနှင့် ဝါးနေသည်။ရှန်းရန်၏ရိုက်ချက်က မည်သည့်ပြင်းအားညှာတာမှုမှ မပါပေ။သူမက လုံးလုံးလျားလျားကို အရိုက်ခံလိုက်ရတာပဲ။
ခွက်လေးမှာ အထုအထောင်းခံရပြီးနောက် သူမ ဤလူသားအပေါ် ခံစားချက်များ မရှိသင့်ဟု အသိတရားရလာသည်။စာမေးပွဲကြီးကြပ်သူ လာသောအခါမှ ရှန်းရန်လည်း ထူးဆန်းသည့်အခြေအနေကို သဘောပေါက်သွားသည်။
YOU ARE READING
ကြည့်ရဆိုးသောခွက်ကလေး / ၾကည့္ရဆိုးေသာခြက္ကေလး {GL} [Translation]
Short StoryE-Title: Stupid Cup Associated Names: 蠢杯子 Type: Webnovel (CN) Status: 5 chapters+1 extra Author: 瞳师 E_Translator: Novice Translations Proofread: Nesryn Translator: Aries_Psyche All Credit to Author and E-trans. Description: ဒီလောက်အရှက်မဲ့သောလူကို...