Unicode
Story Battaကျားဝူလည်းကြောက်ကြောက်နဲ့အဆောင်ကို ပြန်လာခဲ့တယ် အပြန်လမ်းမှာ
"ဟေ့ရောင်
ရုတ်တရက် ဒေါသတကြီးခေါတဲ့အသံကြောင့် ကျားဝူလည်းလန့်သွားတယ်
"ဒီကအကိုက
ခပ်တည်တည်နဲ့အနီရောင်ဝတ်ရုံ အနီရောင်ဆံပင် ဓားအနီ အရှည်ကိုကိုင်ပြီး ကျားဝူအရှေ့မှာလာရပ်နေတယ်
"မင်းက ဟေဝူ မင်းသာ၃မလား
"ဟုတ်..ဟုတ်ပါတယ်
လူသတ်သမားအကြည့်တွေနဲ့ကြည့်နေတဲ့သူက
ရွှေရောင်အဆင့် မင်းသားလီ ဖြစ်နေတယ်"မင်းနဲ့ငါဆုံချင်နေတာကြာပြီ....သွေးလက်ဝါး..
ကျားဝူကို မင်းသားလီရဲ့ သွေးလက်ဝါးသိုင်းနဲ့ ရင်ဘက်ကိုတွန်းလိုက်တော့ လွှန့်ထွက်သွားတယ် ကျားဝူလည်း သူခုရောက်နေတဲ့ ခနွာကိုယ်အကြောင်းမသိသေးတော့ အစွမ်းမရှိဖြစ်နေတယ်
"အား.....အာမင်းဘာလုပ်တာလည်း
"မင်းဘာလို့အစွမ်းမသုံးတာလည်း ဘာလည်းငါ့ကိုအထင်သေးတာလား
"ကျားဝူ
အဲ့အချိန်ကျားဝူလဲနေတာကို တောရိုင်းကောင်လေး မြင်ပြီး ချက်ချင်းရောက်လာတယ်
"မင်းဘာလုပ်တာလည်..
"တောရိူင်းခွေး..မင်းကိစွမမဟုတ်ရင် ဝင်မပါနဲ့ပြီးမှငါ့အဆိုးမဆိုနဲ့နော်
"မင်းသားလီ မင်းသူ့ကိုထိခိုက်မယ်ဆိုရင်ငါ့နဲ့အရင်စရင်းရှင်းရမယ်
ကျားဝူလည်း တောရိူင်းကောင်လေးကို အားကိုးတကြီးနဲ့
ကြည့်နေတယ်"မင်းကတောထဲမနေပဲ...လာဟောင်ချင်နေတော့လည်းငါနူတ်သီးကိုဖြတ်ရိုက်ပေးမယ်
"လာစမ်းပါ
"ရပ်စမ်း
တောရိူင်းကောင်လေးနဲ့ မင်းသားလီ ရန်ပွဲဖြစ်မဲ့အချိန် ကျောင်းအုပ်နဲ့ဆရာတွေရောက်ပြီးအချိန်မှတားနိုင်ခဲ့တယ်
"မင်းတို့တွေကျောင်းတော်မှာ ရန်ဖြစ်ချင်နေကြတယ် တော်တော်အတင့်ရဲနေကြတယ်ပေါ့ ဆရာတွေ
ဒီကျောင်းသား သုံးယောက်ကိုတိုက်ပိတ်ထား
YOU ARE READING
Story Batta (BL)
Action'Story Batta'က ရေးရာတွင် အကြောင်းကြောင်းကြောင့်တိုက်ဆိုင်မူများ/ နာမည်တူမူများ ရှိပါက ကြိုတင်အသိပေးတောင်းပန်အပ်ပါသည်။