Unicode
Story Batta
"မင်းတို့နစ်ယောက်ပြိုင်ဘက်က ငါပဲ ကျားဝူမဟုတ်ဘူး"မင်းအဲ့လောက်အထင်ကြီးနေတာလား ရှား..ကြည့်ကြသေးတာပေါ့
"နှစ်ဖက် အဆင်သင့်ပြင်......စပြီ
တောင်ရိုင်းကောင်လေး ရှားက မြေခွေး သိုင်း ခနွာကိုယ်ဖြစ်ပြီး မင်းသားလီက မီးငှက် ဖြစ်တယ် ကျားဝူရဲ့အစွမ်းကိုတော့ဘယ်သူမှမသိကြဘူး သိုင်းအစွမ်းကိုယ်စီနဲ့ သုံးယောက်က အပြင်းအထန်တိုက်နေကြတယ် ကျားဝူကတော့ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတယ်
"ကျားဝူ အကို့နောက်မှာပဲနေ..သိုင်းခနွာ ထုတ်ထား
"ဟုတ်.ဒါပင်မဲ့.သိုင်းခနွာမထုတ်တတ်ဘူး
"ရတယ်..အကိုရှိတယ်
"ငါမင်းကို ကြည့်မရတော့ဘူးကွာ....ရှား မင်းခံစားကြည့်ငါ့ရဲ့ မီး တောက်ကို
ရှားဆီ ပစ်လိုက်တဲ့ မီးတောက်ကို ရှောင်လိုက်တော့ ကျားဝူဆီ တည့်တည့်ရောက်သွားတယ်
"ကျားဝူ......ရှောင်
နောက်ကရပ်နေတဲ့ ကျားဝူဆီ မီးတောက်က ရောက်သွားတော့ ကျားဝူနောက်ကနေ အရောင်ငါးမျိုး နဲ့ အလင်းတွေ
ဖြာထွက်လာတော့ အကုန်အံသြသွားတယ် ဆရာကပါ ပါးစပ်ဟောင်းလောင်းနဲ့ထပြောလိုက်တယ်"ဒါ..ဒါ..ပျောက်ဆုံးနေတဲ့ အရောင်ငါးသွယ်အစွမ်းပဲ
"ကျားဝူ...ညီရဲ့ သိုင်းခနွာက အရမ်းရှားတယ်.. ထိပ်ဆုံးမှာရှိတဲ့ သိုင်းခနွာပဲ
"အရောင်ငါးသွယ်ခန္တာဆိုတာ ကဘာကြီးလည်းအကို
"အရောင်ငါးသွယ်ဆိုတာ နှစ်တစ်ထောင်မှာ တစ်ယောက်လောက်သာ တွေ့ရတတ်တယ် သိုင်းခနွာပဲ သူက သေတဲ့သူကို ပြန်ရှင်အောင်တောင်လုပ်နိုင်တယ် ပျက်စီးနေတဲ့အရာမှန်သမျှပြန်ကောင်းအောင်လုပ်နိုင်တယ် သွေးတစ်စက်ကအစ တန်ဖိုးကြီးတယ် ဒါပင်မဲ့ သူတို့သက်တန်းက သိပ်မရှည်ဘူး
"အဲ့လောက်တောင်လား...ဒါပင်မဲ့ကျန်တော်အစွမ်းမသုံးတတ်ဘူး
"ကျားဝူ....ဘာပဲဖြစ်ဖြစ်အကို မင်းအနားမှာရှိနေမယ်မင်းကိုအမြဲကာကွယ်ပေးမယ်

YOU ARE READING
Story Batta (BL)
Action'Story Batta'က ရေးရာတွင် အကြောင်းကြောင်းကြောင့်တိုက်ဆိုင်မူများ/ နာမည်တူမူများ ရှိပါက ကြိုတင်အသိပေးတောင်းပန်အပ်ပါသည်။