Part.2

1.5K 51 0
                                    

Unicode
Story Batta
"ကောင်ကလေးမင်း အသက်ဆက်ရှင်ချင်တယ်ဆိုရင်
ကိစွ ကြီး သုံးခုကို မင်းလုပ်ရမယ်

ကောင်လေး တစ်ယောက်ထဲကြောင်တောင်တောင်နဲ့ ဝေလေဝါးလားဖြစ်နေချိန် အဖိုးကြီး၏ စကားသံကိုကြားပြီ ချက်ချင်းပင်လက်ခံလိုက်သည်

"ဗျ...ဗျာ တစ်ကယ်လား ကျန်တော်လက်ခံတယ် ဘာကိစွပဲဖြစ်ဖြစ် လက်ခံတယ် ဖိုးဖိုး

"ကောင်းပြီ.. ဖိုးဖိုးခု ကိစွသုံးခုရဲ့ အဓိက အချက်ကိုပြောပြမယ်
ပထမဆုံး အနေနဲ့ ကောင်ကလေးသိထားရမှာက ဖိုးဖိုး က လူတွေအများကြီးရှိတဲ့ထဲမှာမှ ကောင်းကင်ဘုံ ကချမှတ်ထားတဲ့ ရာသီခွင်နဲ့တူတဲ့သူကပဲ ဒီကိစွကြီးကို ဆောင်ရွက်နိင်မယ်

ဝေ လည်း စိတ်ကူးထဲတွင် လူအများကြီးထဲက သူအရွေးခံရတော့ ပိတိဖြာနေသည်

(အေ့ပေါ့လေ ငါက ရုပ်ရည်က ကြည့်ကောင်းလွန်းရုံတင်မဟုတ်ဘူးပဲ ကောင်းကင်ဘုံကတောင် သတိထားမိတယ်ဆိုတော့ အော်ကြွစ်ကြွစ် ငါအရမ်းပဲကြည့်ကောင်နေတာပဲအိုးစ်)
"အော်ဖိုးဖိုး ကျန်တော်က ဘာလုပ်ရမှာလည်းဗျ

ထိုအချိန် ဖိုးဖိုးက ပါးစက်ထဲမှ ဝါရင့်ရင့်ရောင် ဆေးလုံးကို
ထုတ်ရျ် ဝေ သို့ပေးလိုက်သည်

"#)()%&^ ရော့ ဒါက ဖိုးဖိုးရဲ့ နှစ်တစ်သိန်း အပင်က ဆေးလုံးပဲ အရမ်းရှားတယ် ခနနေ ဒီဆေးလုံးကိုသောက်ရမယ် ခုဖိုးဖိုးပြောမှာကိုသေချာနားထောင် လွန်ခဲ့တဲ့ နစ်ပေါင်းများစွာ ကောင်းကင်ဘုံနတ်မင်းက နှစ်တစ်သိန်းအတွင်းမကျွတ်မလွတ်တဲ့ အငြိုးကြီး ဝိညဥ် တွေကို လွတ်ငြိမ်းခွင့် ပေးတယ် ခု အဲ့အချိန်ရောက်လာလို့ ကောင်ကလေးက ရွေးချယ်ခံရသူပဲ

"ဝါး ကျန်..ကျန်..ကျန်တော်က သရဲကြောက်တတ်တယ်လေ ဖိုးဖိုး ဖြစ်ပါ့မလား

"ကောင်ကလေး ကြောက်စရာမရှိပါဘူး ခုလုပ်ကမှာက ပထမဆုံးဝိညဥ် ရဲ့ အငြိုး ရှေးဘုရင်ခေတ် မှာ လုပ်ကြံခံရပြီး မိသားစုလိုက် ပက်ပက်စက်စက်အသတ်ခံရတဲ့ သူပဲ

"ဘုရင်ခေတ်က ဆိုတော့ ကောင်းပါတယ်လေ ခု2021ကနေ အရင်​ခေတ် ကိုသွားရတာအတွေ့ကြုံရမှာပေါ့

Story Batta (BL)Where stories live. Discover now