အပိုင်း(၁) U+Z

28 1 0
                                    

(unicode)
"ဟဲ့..ရာရာ ဘာလို့ဟင်းတွေကို ကြက်ယက်
သလို မွှေနေတာတုန်း...
နောက်နှစ် ဆို အသက်က ၂၁ပြည့်မှာတဲ့ ခုထိကလေးကြီးကျတုန်း ငါ့နှယ်နော်"

ဒေါ်နုနုငယ်သည် အသက်၂၀ကျော်ပြီး ကလေးလိုပြုမူနေသော သမီးအား ဆူပူရင်း ကျောကိုလက်နှင့်အသာထုလိုက်သည်။

"အားးးး ရာရာက ပုဇွန်စားချင်လို့ဟီးး
၂၁ရာစုမှာ သမီးအရွယ်တွေအကုန် ဒီလိုပဲဟွန့်
ဒါနဲ့ ဘိုးဘိုးဆီသွားတော့မယ် ထမင်းချိုင့်ပြီးပြီလားမေမေ"

နိုရာမျိုးနိုင်သည် ဦးလွန်းနိုင်နှင့် ဒေါ်နုနုငယ်တို့၏ တစ်ဦးတည်းသော သမီးဖြစ် ပြီး
အဘိုးဖြစ်သူ ဦးမျိုးနိုင် နှင့် ရုပ်ရည်ရော အပြုအမူပါတူတာကြောင့် အဘိုးအဘွား၏ သည်းသည်းလှုပ်လှုပ်ချစ်ခြင်းကို ခံရသူဖြစ်
လေသည်။

"ဘိုးဘိုးရေ...."

"ဟေ မြေးလေးလာပြီ ဘိုးကမြေးကိုမျှော်နေတာ"

"ဟော ရာရာ လာပြီ...မြေးရဲ့ဘိုးက မြေးကိုမျှော်နေတာ တတွတ်တွတ်နဲ့ "

"ဖွား..ရာရာလာပြီပဲ ဖွား အိမ်ပြန်နားမလားဟင်"

"ဟအင်း မြေး အဘိုးနားမှာပဲနေမယ်"

ရာရာသည် ငယ်ငယ်ထဲက အဘိုးနှင့်အဘွားတို့၏ ချစ်ခြင်းကို အမြဲအားကျခဲ့ရသည်။
ခုလို ဘိုး နေမကောင်းဖြစ်သည့်ခါမျိုးဆို ဖွားဖွားကအမြဲ ဘေးမှာနေပေးတတ်၏။

ရာရာလည်း ဘိုးဘိုးတစ်ခုခုဖြစ်မည်ကို စိုးရိမ်သည်ကြောင့် ကိုယ်တိုင်ပြုစုစောင့်ရှောက်နေခြင်း။ ရာရာတို့ ကျောင်းပိတ်နေသည်က
ဘိုးကိုပြုစုရန် အချိန်ပိုရခဲ့၏။

ရာရာသည် ဘိုးဘိုးနှင့် ကုန်ဆုံးခဲ့သော ကလေးဘဝအမှတ်တရတို့ကို ပြန်လည်စဉ်းစားရင်း
မှေးခနဲ အိပ်ပျော်သွားလေသည်။

"ရာရာ...မြေး...ရာရာ..."

ဘိုး၏ အသံက သူ့နားထဲ မှေးတိမ်တိမ်။
ရာရာမျက်လုံးဖွင့်ကြည့်မိတော့ ဘိုးက သူကို
ပြုံးပြပြီး ပုခုံးကိုခပ်ဖွဖွဆုပ်ကိုင်သည်။

"ဘိုး...နေလည်းမကောင်းပဲနဲ့ ဘာလို့မတ်တပ်ရပ်နေတာလဲ ဖွားရော"

ချစ်ရပါသော မနွယ်ထား (My dear Ma NweHtar)Where stories live. Discover now