အပိုင်း(၉)U+Z

19 0 0
                                    

(unicode)

မနွယ်ထား၏ အိပ်ရာဘေးတွင် ရာရာ
မှေးကနဲ အိပ်ပျော်သွား၏။

"မနွယ်ထား...မနွယ်ထား...."

"ဟင်..ကလေး..ဒို့ရှိတယ်လေ"

"မနွယ်ထား.....ရာရာတို့ အားလုံးကိုရင်ဆိုင်ကြမယ်..ဒါမှမဟုတ် နှစ်ယောက်ထဲထွက်သွားပြီး
တစ်နေရာမှာ သွားနေကြမလား...ဘယ်သူမှမသိတဲ့နေရာမျိုး"

"ကလေး....ဒေါ်စိန်ထားဆိုတဲ့သူက ရက်စက်တယ်။ ကြမ်းကြုတ်တယ်။ သူ့လက်ကနေလွတ်တဲ့နေရာဆိုတာရှိမယ်မထင်ဘူး"

စကားအဆုံး၌ ရာရာသည် မနွယ်ထားကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။

မနွယ်ထားရယ် တစ်သက်လုံး
မလွှတ်စတမ်း ဖက်ထားလိုက်ချင်တယ်။

အချစ်စစ်တို့ လမ်းခရီးဆိုတာ မဖြောင့်ဖြူးစမြဲပဲဟုတ်လား။

****************

"နွယ်ထား...နွယ်ထား....."

"ဪ မောင်မျိုးနိုင်ပါလား....ဘာကိစ္စလဲကွဲ့"

"နွယ်ထားဆီလာတာပါ ကြီးကြီးမေ"

"ဪ အေးအေး ခဏလေးစောင့်နော်"

ဘိုးဘိုးပါလား။လက်ထဲမှာလည်း အနီရောင်သေတ္တာ‌ကိုင်ထားသေး၏။

"ဪ...ကိုမျိုးနိုင်....ဆိုဘာကိစ္စနဲ့
လှည့်လာတာလဲ"

မနွယ်ထားရောက်လာတော့ ဘိုးဘိုးက မျက်နှာပျက်နေသည်။ ဘာဖြစ်လို့များလဲ။

"နွယ်...နွယ်ထား...ကိုယ် လုံမေနဲ့ လက်ထပ်ပေါင်းသင်းရတော့မယ်....."

"ဪ.....ဝမ်းသာပါတယ် ကိုမျိုးနိုင်"

ဘယ်လို....။ဘိုးဘိုးဟာ မနွယ်ထားကို ချစ်လှပါသည်၊ကြိုက်လှပါသည်ဆိုပြီး ခုကျ
တခြားသူနဲ့ လက်ထပ်ပါတော့မည်တဲ့လား။

ရာရာ ချောင်တစ်နေရာကနေ လှမ်း၍နားစွင့်နေလိုက်သည်။

"ဒါပေမယ့်...နွယ်ထား..ကိုယ်လေနွယ်ထားကိုပဲချစ်တာပါ...."

"နွယ်ထားကို ချစ်တယ်ဆိုတော့ရော
ဘာလုပ်လို့ရမှာတော့လဲ ကိုမျိုးနိုင်ရယ်"

"လက်ထပ်ပြီးရင်လည်း အရင်လို နွယ်ထားနဲ့..."

ဖြန်းးး.........

ချစ်ရပါသော မနွယ်ထား (My dear Ma NweHtar)Where stories live. Discover now