(Unicode)
ရာရာတစ်ယောက် မေမေ့အသံကိုပြတ်သားစွာ ကြားနေရသည်။"ရာရာ သမီးလေး မျက်လုံးဖွင့်ပါဦးကွယ်
သမီးလေးရယ်..""မေမေ....."
အသံကိုကြားနေရပါသော်လည်း မြင်ကွင်းများက မှောင်မိုက်နေသည်။ ဘာကိုမျှ သဲကွဲစွာမမြင်ရ။
ရုတ်တရက် သူ့ပုခုံးပေါ်သို့ တင်လာသည့်လက်တစ်စုံကြောင့် သူ့မြင်ကွင်းတစ်ခုလုံး လင်းထိန်သွား၏။"ဟင်...ဘိုးဘိုး"
မျက်စိရှေ့တွင် ဘိုးဘိုး။
"မြေး..."
"ဘိုး....မနွယ်ထားလေ..မနွယ်ထားကိုလေ.."
"မြေး နွယ်ထားကို ကယ်တင်ပေးပါကွယ်
နွယ်ထားကို အချစ်စစ်နဲ့တွေ့ခွင့်ရအောင်
ကူညီပေးပါ အဲ့လိုမှ ဘိုးလည်းတစ်ဘဝလုံး
ယူကျုံးမရဖြစ်နေခဲ့တာတွေ ပျောက်ပြီး
သွားလမ်းဖြောင့်မှာမို့လို့ပါ ပြီးတော့
ဒီနေ့ပဲ မြေးဒီနေ့ နွယ်ထားကိုမကယ်နိုင်ရင်
နွယ်ထားတစ်ယောက်...."စကားအဆုံး၌ ရာရာ့ရှေ့မှ ဘိုးဘိုးက ကွယ်ပျောက်သွားသည်။
"ဘိုး..ဘိုးဘိုး..ရာရာဘာလုပ်ရမှာလဲဘိုးဘိုးရဲ့"
သူငိုပြီး အော်ဟစ်နေတုန်းမှာပင် သူ့အမြင်အာရုံများ၌ မနွယ်ထား၏ ပုံရိပ်ပေါ်လာပြန်သည်။
မနွယ်ထားကတော့ သူ့ကို တွေ့ပုံမရ။"မနွယ်ထား....မနွယ်ထား...ဒီမှာရာရာလေ"
ရာရာ့ မြင်ကွင်းသည် ဟိုတစ်ခါ ဖျားတုန်းက မြင်ခဲ့သည့် မြင်ကွင်းအတိုင်းပင်။
မနွယ်ထားက ဒေါ်စိန်ထားကို မြတ်ကျော်၏ မယားငယ်မလုပ်ချင်ကြောင်း ငြင်းနေသည်။
ဒေါ်စိန်ထားက လက်မခံ။ လောင်းကစားဒိုင် မြတ်ကျော်ကို မနွယ်ထားအခန်းထဲသို့ ဝင်သွားခိုင်း၏။ အချိန်တစ်ခုအကြာတွင် မြတ်ကျော်ဆိုသူက မနွယ်ထားအခန်းထဲမှ ပြန်၍ထွက်လာသည်။ သူ့လည်ပင်းတွင်လည်း ခြစ်ရာကုတ်ရာများဗလပွနှင့်။မနွယ်ထားကလည်း အိပ်ရာပုံထဲတွင် အဝတ်မပါဘဲ ဖရိုဖရဲ။ သူ့ဘေးတွင်တော့ ဘိုးဘိုးပေးခဲ့သည့်
အနီရောင်သေတ္တာဘူးလေးနှင့် စာတစ်စောင်။
လက်ထဲတွင်တော့ ဓားတစ်ချောင်းက သူ့လည်ပင်းကိုသူ ရန်ပြုနေသည်။
YOU ARE READING
ချစ်ရပါသော မနွယ်ထား (My dear Ma NweHtar)
Paranormal၂၁ရာစုမှ နိုရာမျိုးနိုင်သည် ၁၉၅၉ ခုနှစ်မှ မနွယ်ထားကို ချစ်မိသွားသောအခါ.....။ ဤဇာတ်လမ်းထဲမှ ဇာတ်ကောင်များ၊ပတ်ဝန်းကျင်များသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။