အပိုင်း(၇)U+Z

12 0 0
                                    

(unicode)

နွယ်ထားတစ်ယောက် ရာရာ၏ ကျောပြင်ကို
ငေးကြည့်ရင်း မျက်ရည်လည်မိသည်။

ဒို့နှစ်ယောက်က ဖြစ်နိုင်ပါ့မလား....ကလေးငယ်။

သည်လိုနှင့်  နှစ်ယောက်သား အိပ်၍
မပျော်ကြ စကားလည်းမပြောဖြစ်ခဲ့ကြပဲ
တစ်ညလုံး ကုန်ဆုံးသွားခဲ့၏။

မနက်မိုးလင်းတော့ ရာရာ့ နံဘေးတွင် မနွယ်ထား
မရှိတော့။
မနွယ်ထားရယ်...စိတ်များဆိုးသွားလေသလား။

မနွယ်ထားကို ကြည့်ရသည်မှာ ပုံမှန်လိုပင် ဆိုပေမယ့် ရာရာ့ကို အသိအသာရှောင်နေသလို။

တောင်းပန်လိုက်ရင်ကောင်းမလား....
ချစ်နေတဲ့အကြောင်းပဲ ဝန်ခံလိုက်ရမလား...
မနွယ်ထား စိတ်ဆိုးပြီး အိမ်ပေါ်ကနှင်ချရင် ဒုက္ခ
ရာရာ တစ်ယောက်ထဲ အတွေးများနေမိ၏။

"ရာရာ..မ မထား ဘာလိုသေးလဲ သွားမေးလှည့်"

"ဟာ...ကြီးကြီးမေကလည်း"

"ဪ...ဒီကလေးနဲ့ သွားသွား"

ကြီးကြီးမေက သတိထားမိနေသည်နှင့်ထင်ပါရဲ့
ရာရာ့ကို အချွန်နှင့်ကလော်လိုက်ပြီလေ။

"ကြီးကြီးမေ...ရာရာနဲ့ မမထား ရန်ဖြစ်ထားကြတာလားနော်"

"မသိပါဘူးအေ တစ်မနက်လုံး တရှောင်ရှောင်နဲ့
လုပ်နေကြလို့ တမင်ပေးတွေ့လိုက်တာ"

ကြီးကြီးမေနှင့် မခင်လေးတို့ ကြိတ်ရယ်နေကြ၏။

"ဟို...ဟိုလေ...ဘာလိုသေးလဲ မနွယ်ထား"

"ဘာ...ဘာမှမလိုဖူး ဒို့စာအုပ်ဖတ်နေတယ်
မနှောင့်ယှက်နဲ့"

"ဟုတ်...ဟုတ်"

ကလေးရယ်..ဘယ်လိုမျက်နှာမျိုးနဲ့ မျက်နှာချင်းဆိုင်ရမည်လဲ.....။
နွယ်ထားတစ်ယောက် အရှက်သည်းပြီး ရာရာ့ကို ရှောင်နေခဲ့၏။
ရာရာထွက်သွားချိန်တွင် သူရင်ဘတ်ကို လက်နှင့် ဖိပြီး သက်ပြင်းချမိလိုက်သည်။

ရာရာ တစ်ယောက် စိတ်နှင့် လူနှင့်မကပ်။
အတွေးများက ‌မနွယ်ထားဆီဦးတည်နေတာကြောင့် လက်ထဲက ဓားကိုအာရုံမစိုက်မိ။

"အ မလေး ပလုတ်တုတ်"

"ဪ...ဒီကလေးနဲ့ ဘာတွေတွေးနေလို့
ကိုယ့်လက်ကိုယ် ဓားနဲ့ပြန်လှီးရတာတုံး"

ချစ်ရပါသော မနွယ်ထား (My dear Ma NweHtar)Where stories live. Discover now