Unicode
Read as your own risk.
Warning -Flirting
"ခ်ခ်ခ် အား ဟားဟား ယားတယ်လို့ ခ်ခ်"
Barတစ်ခုရဲ့ထောင့်နားကစားပွဲဝိုင်းကနေ ခပ်ညုညုထွက်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံ။
"ခ်ခ် ကောင်လေး မင်းကအရမ်းချစ်ဖို့ကောင်းတာပဲ"
ထိုညုတုတုစကားတွေကိုအဆက်မပြတ်ဆိုနေတဲ့ မိန်းကလေးက သူ့အောက်ကကောင်လေးရဲ့ မျက်နှာကိုငုံ့ကြည့်ပြီးပြောလိုက်တယ်။
ပေါင်ပေါ်မှာရှိနေတဲ့မိန်းကလေးရဲ့အသံကို လျစ်လျူရှုပြီး ရေမွှေးနံ့ပြင်းပြင်းမွှန်ထူနေတဲ့ ထိုမိန်းကလေးရဲ့ လည်ပင်းကို ကိုက်လိုက်သည်။
ရက်တော်တော်ကြာမပျောက်လောက်ဘူး ထင်ရလောက်တဲ့အထိ ခပ်ပြင်းပြင်းကိုက်ပြီးမှ ပြန်လွှတ်လိုက်၏။သူ့ပေါင်ပေါ်ကရွံစရာမိန်းမရဲ့လည်ပင်းပေါ်မှာ သူလောလောလတ်လတ်ပုံဖော်ပေးထားတဲ့ နီညိုရောင်အရာများ။ အဲ့ဒီ့မိန်းမကတော့ သူစကိုက်လိုက်ထဲက Jeonginကိုအတင်းဆွဲဖက်နေသည်။
ဒါမိန်းကလေးတွေသူ့အပေါ်ရောက်နေတဲ့အချိန်မှာ လုပ်နေကြအရာပဲ။ Yang Jeonginကို ညုတုတုစကားတွေပြောမယ်။
ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလိုက်သလဲ..
"I.N..ah..တို့တွေအခန်းတစ်ခန်းထဲသွားကြမလား...ဟင်..အဲ့မှာဆိုမင်းလုပ်ချင်တာကို ဆက်လုပ်လို့ရတယ်နော်"
"ဆင်း!"
"ဟင်?"
"ငါ့ပေါ်ကအခုဆင်း!"
"I-...I...N..?!"
"ဆင်းလို့ပြောနေတယ် နားမလည်တာလား စိတ်ပျက်စရာပဲ"
"တောက်!!"
ပေါင်ပေါ်မှာရှိနေခဲ့တဲ့မိန်းကလေးက တောက်ခေါက်ပြီးဒေါသထွက်စွာထွက်သွားပေမဲ့ Yang Jeonginကတော့ နေရာမှာတင် ထိုင်ကာ တစ်ခွက်ပြီးတစ်ခွက်သောက်နေသည်။နောက်တော့တစ်ဖြေးဖြေး ငိုက်ကျလာပြီး စားပွဲခုံပေါ်ကို စိုက်ကျသွား၏။
~~~~~
"Phခေါ်ပေးလို့ကျေးဇူးပါပဲ..အားနာစရာ.ကျွန်တော့်သူငယ်ချင်းကြောင့်အလုပ်ရှုပ်စေမိပြီ"