Unicode
"ဒီမှာ ခင်ဗျားကြီး! ကျွန်တော်ပြောတာကိုမကြားတာလား ကျွန်တော့်ကိုမခန့်တာလား ခင်ဗျားကြီးရဲ့ ကားဆီ ခင်ဗျားကြီးမသွားပဲ ဘာလို့ ကျွန်တော်တို့ကားပေါ်တက်လာတာလဲ.."
ကားမောင်းနေတဲ့ တစ်လမ်းလုံး ဘယ်သူမှစကားမပြောရဲလို့ တိတ်ဆိတ်နေရာမှ Minho အနည်းငယ်စိတ်အေးနေပြီ ထင်ရတဲ့အချိန်မှ Han Jisung တစ်ယောက်ထပြဿနာရှာတော့သည်။
ခုနတုန်းကတော့ သူဘယ်ရှာမလဲ သူလဲ ပေါက်ကွဲနေတဲ့ အီမင်နိုကြီးကို ကြောက်တယ်လေနော်။
"ကျွန်တော်မျိုးရဲ့ ချစ်လှပါသော ကြင်ယာတော်လေးက ဒီကားပေါ်မှာပါသွားလို့ ကျွန်တော်မျိုးက မရမက လိုက်ခဲ့ရတာပါဗျ.."
Minho ရဲ့စကားတွေက စနောက်နေတဲ့ပုံပေါ်နေပေမဲ့ မျက်နှာကတော့ တစ်စက်မှ ပြုံးရယ်မနေ
"ကျွန်တော်ကသူနဲ့ ခနလေးတောင် ခွဲနိုင်တာမဟုတ်ဘူးဗျ.. အဲ့တာကို အဲ့ကြင်ယာတော်လေးက ကျွန်တော့်ကိုထားခဲ့ပြီး သူ့သူငယ်ချင်းတွေနဲ့ပဲ သာယာဖို့စီစဉ်နေတာလေ..
ခင်ဗျားလေးပဲပြောကြည့် ကျွန်တော် ဒေါသမထွက်ပဲနေပါ့မလားလို့.."Back မှန်ကနေ မျက်လုံးကိုလှန်ကြည့်လာတဲ့ Minho hyung ရဲ့ အကြည့်တွေကကြက်သီးထစရာ.. တည်ငြိမ်နေလျက်
"အာ.. အဲ့လိုကိုး.."
"ဟုတ်ကဲ့ အဲ့လိုပါဗျ.. ခင်ဗျားပြောကြည့်ပါဦး..
ကျွန်တော်သူ့ကို ဘယ်လိုအပြစ်ပေးရင်ကောင်းမလဲ..""အာ... Felix ရား ဟိုမှာကြည့် လထွက်နေတယ်တွေ့လား .. ဒီနေ့ညတာရှည်လို့ဖြစ်မယ်.."
Jisung ကတော့ အသိအသာကြီးကို စကားလမ်းကြောင်းလွှဲနေ၏။ Minho ဘက်ကို အနည်းငယ်တောင်လှည့်မလာတော့။ အပြင်လောကကြီးနှင့်ကောင်းကင်ကိုသာ စိတ်ဝင်စားဖို့အကောင်းဆုံးအရာ တစ်ခု သဖွယ် မျက်လုံးလေးပြူးကာ လိုက်ကြည့်နေသည်။
ပါးစပ်ကလဲ သူတွေ့သမျှအရာတွေအကြောင်းကို တစ်တွတ်တွတ်ရွတ်တာ မရပ်စေရ။
ChangBin တစ်ယောက် တွေးမိလိုက်တာကတော့ Jisung ဆိုတဲ့ကလေးက တစ်ကယ် အရည်အချင်းရှိတာပဲလို့။ သူတို့ Han Jisung ဆိုတဲ့ ဒီကလေးကို Rapတွေ Vocalပိုင်းတွေ Producing အပိုင်းတွေတင်မက Lee Minho ကို ဒေါသတွေအလှိမ့်လှိမ့်ထွက်အောင်လုပ်ပြီး မကြောက်မရွံ့တတ်တဲ့ နေရာမှာပါ အသိအမှတ်ပြုရမည်။ လိုအပ်ရင် ဆုတွေ ဘာတွေပါပေးရမည်။