Unicode
Flashback,
"အဖေတို့ရောက်လာပြီလား.."
"အင်း သားငယ်"
"သားငယ်အတွက်မုန့်တွေပါတယ်"
"သားအတွက်....?"
"အင်းလေ"
"သားတစ်ယောက်ထဲအတွက်လား"
"အင်းပေါ့"
အဖေနဲ့အမေက ခရီးကပြန်လာတဲ့အထုတ်တွေကို အိမ်မှာနေရာတကျထားနေတုန်း Jeonginက သူ့အတွက်ဟုဆိုသောမုန့်တွေကို တစ်ထုပ်ပြီး တစ်ထုပ်ဖောက်နေသည်...။
Kim Seungminမရှိတော့တာကို သူ့မိဘတွေသိသွားရင် သူ့ကိုဆူပြီး Kim Seungminကိုသွားရှာကြမယ်လို့ထင်ထားခဲ့ပေမဲ့ အခုတော့
သူတို့က Kim Seungminအကြောင်းကိုတစ်စက်မှတောင်ဂရုစိုက်ပုံမရ..။ မုန့်တွေအကုန်လုံးကိုလဲ သူ့တစ်ယောက်ထဲအတွက်လို့ပြောပြီး Kim Seungminဆိုတဲ့သူ သူတို့ဘဝမှာမရှိခဲ့ဖူးတဲ့အတိုင်း ပြုမူနေ၏..။At dinner,
"Jeongin..သား စားလေ ဘာဖြစ်လို့လဲ"
"ဟုတ် ..."
Dinnerစားတဲ့အချိန်မှာတောင် Kim Seungminအကြောင်းကိုမမေးတာကြောင့်
Kim Seungminမရှိတော့မဲ့အကြောင်းကို သူ့မိဘတွေ အစထဲက သိပြီးသားဖြစ်နေမှန်းသိလိုက်ရသည်။"Kim Seungmin ..! သူဘယ်ရောက်နေလဲ
မမေးတော့ဘူးလား"မသိသလိုမနေနိုင်တဲ့အဆုံး ထုတ်မေးမိသည်..
"သူက သူနေချင်တဲ့တစ်နေရာမှာ သွားနေတယ် ငါတို့ဆီက ခွင့်တောင်းပြီးမှသွားတာ"
"ဘာလို့ ကျွန်တော့်ကို အစထဲကမပြောတာလဲ"
"ပြောဖို့လိုသေးလို့လား မင်းပဲသူ့ကိုဒီမှာမရှိစေချင်တာလေ အခုသူမရှိတော့ဘူး Seungminလေးအကြောင်းထပ်မမေးနဲ့တော့"
အဲ့တော့Kim Seungminကဒီလို ထွက်သွားဖို့အစထဲက အစီအစဉ်ရှိနေခဲ့တာတဲ့လား။ အဲ့တာတောင် သူ့ကို ဘာအသိမှလဲမပေးခဲ့ နှုတ်ဆက်စကားလေးတောင်ပြောမသွားပဲ ဒီတိုင်းပျောက်သွားခဲ့သည်။ အဲ့လောက်တောင် သူ့ကို မုန်းနေခဲ့တာလေလား။
Kim Seungminမရှိတော့တဲ့နောက်မှာ Yang Jeonginက ပုံမှန်ထက်ပိုပြီး ပျက်ဆီးသည်။ ကျောင်းကလူတွေနဲ့လဲ ရန်ပတ်ဖြစ်သလို ရုံးခန်းလဲခနခနရောက်သည်။ ငယ်ငယ်လေးနဲ့ ဆေးလိပ်သောက်တတ်လာသလို မိန်းကလေးပေါင်းများစွာနဲ့လည်း ပွေရှုပ်သည်။