အချစ်ဆိုတဲ့အဘိဓာန်

17 1 0
                                    

(စီတ်ကူးရင်တရုတ်နန်းတွင်းဇာတ်လမ်းတခုပါ ဒါကြောင့်အမှားများစွာနဲ့အလွဲတွေလဲရှိနေနိုင်တာကြောင့်ကြိုက်မှဖတ်ပါ)

အပိုင်း၁

ရှင်ဘုရင်ရဲ့နာမည်က လီထန်ယွီ   (Tianဆိုတဲ့ sweetနဲ့  yu ဆိုတဲ့rainကိုပေါင်းစပ်ပြီပေးထားတဲ့နာမည်)ချိုမြတဲ့မိုးဆိုတဲ့အဓိပ္ပာယ်

လီထန်(ယန်း)ယွီ=  Li Tian yu  (ခမည်တော်နဲ့မယ်တော်ခေါ်သောနာမည်) yu er

ဘွဲ့နာမည် = လီကျန့်ရှန်  (စစ်နတ်ဘုရား)

မွေ့လ = July,16

အသက်= ၂၃

အရပ်= 6'4

အသားအရည် နှင့် ရုပ်ဆင်းလက္ခဏာ = အသားအရေကစစ်သားပီသစွာ ကြေနီရောင် မျက်လုံးကအညိုရောင်  မျက်နှာကျပုံ လေးထောင့်  ခန္ဓာကိုယ်တောင့်တင်းခိုင်မာကါကြွက်သားအဖုအဖောင်များရှိ  မျက်ခုံးနှစ်ခုကမည်းနက်ကါ သိန်ငှက်အတောင်ပံယှတ်နေဟန်

ဘုရင်ရဲ့ဝတ်စုံအရောင်= အနက်ရောင်ကိုမှ ရွှေရောင်နဂါးကိုပိုးချည်နဲ့ရွှေချည်းမျှင်ရောစပ်ကါအလှပုံဖော်ပြီစပ်ကါထိုးတဲ့ဝတ်ရုံ

တိုင်းပြည်= လီတိုင်းပြည်

ရှင်ဘုရင်ကျန့်ရှန်ဟာ မိုးဦကါလ မိုးများစွာသဲထန်ကါရွာနေတဲ့နေ့တနေ့ရဲ့နံနက်အာရုံဦးအချိန်မှာ ကိုယ်လုပ်တော် ချင်းအိုင့် ကမွေးဖွားသန့်စင်ပေးခဲ့ပါတယ်။ မင်းသားလေး၅နှစ်အရွယ်မှာ မယ်တော်ချင်းက နန်းတော်ကထွက်ခွါကါ ဘုရားသမီးတော်အဖြစ်ခံယူကါနေစဉ် မသာမာသူလူတချို့ကြောင့် အဆိပ်ဒါဏ်သင့်ကါ အသက်ဆုံးပါးခဲ့ရသည်။ မင်းသားလေးကငယ်စဉ်ထဲကအကိုတော် အမတော်တို့ရဲ့မနာလိုမူ မိဖုရားများစွာရဲ့လုပ်ကြံမူ့တွေကြောင့် ခမည်းတော်ဘုရင်ကြီးက အလွန်ဝေလံခေါင်သီးသောအရပ်ဒေသတခုသို့ပို့ကါ စစ်ပညာနှင့် သိုင်းပညာတချို့ကိုလဲပညာသင်ကြားစေပြီ ကါကွယ်ပေးထားခဲ့ရပါသည်။ စစ်ပညာကိုတော့ စစ်သေနာပတိချုပ်ဖြစ်တဲ့ ချန်းမင်လွီကမင်းသားလေးကိုသင်ကြားပြသပေးဖို့တာဝန်ပေးအပ်ချင်ခံရကါ သီးသန့်သင်ကြားပေးခဲ့ရသည်။  မင်းသား Tian yu ဟာ အသက်ငယ်ငယ်နဲ့ ကိုယ်ကာယပညာကိုထူချွန်းတတ်မြောခဲ့ပင်မဲ့ အနုပညာနဲ့ပတ်တဲ့ပညာရပ်များကို သင်ယူတတ်မြောက်ချင်းနှေးကွေးခဲ့ပါသည်။ စစ်နဲ့ပတ်သတ်တဲ့စာပေများကိုဖတ်ရူ့ရာမှာအလွန်မြန်ဆန်ကါမှတ်သားနိုင်တာကြောင့် စစ်သေနာပိတိချုပ်ကြီးရဲ့ချီးကျူးမူ့ကိုအမြဲခံယူရပြီ  လူမူ့ဆက်ဆံရေးစာပေများနှင့်ပတ်သတ်ပြီသင်ကြားပေးရတဲ ဂိုဏ်ချုပ် ရန်ချူးကတော့အမြဲခေါင်းခဲကါဒေါသအမြတ်ထွက်နေခဲ့ရသည်။ စာပေနှင်ပတ်သတ်လို့ ဒေါသထွက်နေရတဲ့ ဂိုဏ်ချုပ်ရန်ချူးက သိုင်ပညာနဲ့ပတ်သတ်ရင် သင်လွယ်တတ်လွယ်ရှိတာကြောင့် တပည်ဖြစ်သူကို ဆူပူချင်းတဘက်ဂုဏ်ယူချင်းတဘက်နဲ့ လုံလည်ချာလည်ရိုက်နေရတာ အခုဆို မင်းသားလေးက၁၀နှစ်တောင်ပြည့်ခဲ့ပါပြီ။ အသက်၁၆နှစ်သား Tian yu မင်းသားက သိုင်းကျင့်စဉ်ရဲ့နောက်ဆုံးအဆင့်ကိုကျော်ဖြတ်ပြီ ထာဝရနတ်ဘုရားတပါးရဲ့ခန္ဓယ်ကိုယ်ကိုပါဖွဲ့စည်းတည်ဆောက်နိုင်ပြီခဲ့ပါပြီ။ သာမာန်ဘယ်သူမဆိုအသက်၂၅ နဲ့၅၀လောက်မှသာဒီလိုအဆင့်ကိုရောက်ရှိလာနိုင်တာပါ။ ဒါကြောင့်လဲ ဂိုဏ်ချုပ်ရန်ချူးရဲ့အားကိုးရာလဲဖြစ်နေတော့သည်။ တပည့်ဖြစ်သူကအရာအားလုံမှာသူတကါထက်သာနေပေမဲ့ အေးစက်ကါရက်စက်တတ်တာကြောင့် နောင်တချိန်မှာသွေးချောင်းစီးရမဲ့အဖြစ်ကိုလဲစိုးရိမ်ပူပန်နေရတော့သည်။ မင်းသား Tian yu ရဲ့ဇာတာကို ရှောင်လင်ဘုန်တော်ကြီးကတွက်ချက်ကြည့်ရာ ကောင်းကင်ရဲ့ချီးမြှောက်ချင်းခံရတဲ့ စစ်နတ်တပါးဖြစ်နေတယ်ဆိုတာတွေ့ရှိခဲ့ရသည်။ စစ်နတ်ဘုရားတို့ရဲ့ဗီဇအတိုင်းကြမ်တမ်းပြီသတ်ဖြတ်ရတာကြိုက်တာကြောင့် တိုင်သူပြည်သားတွေမအေးချမ်းမှာကိုတွေးပူရတဲ့ဘုရင်ကြီးက မင်းသားလေးကိုထိန်ချုပ်ပေးဖို့  ရှောင်လင်ဘုန်တော်ကြီးကိုအကူညီတောင်းခဲ့ရပြန်သည်။  ရှောင်လင်ဘုန်းတော်ကြီးက မင်းသားလေးရဲ့နှလုံးသားကိုအပိုင်းသိမ်းပိုင်နိုင်မဲ့ချစ်သူကသာစွမ်းဆောင်နိုင်ကြောင်းမိန့်ခဲ့ပြ်ိ အဲဒီကြင်ယာတော်ဟာ သိပ်ကိုထက်မြတ်ပြီ နူးညံ့တဲ့နှလုံးသားတစုံကိုလဲပိုင်ဆိုင်ထားကြောင်းရှင်းပြခဲ့သည်။ မင်းသားရဲ့ကြင်ယာတော်ဟာ အလွန်ထူးဆန်းပြီ ခေါင်းမာတတ်တဲ့ အကျင့်လဲရှိတယ်ဟု ရှောက်လင်ဘုန်တော်ကြီးကအသိပေးပြောကြားခဲ့သေးသည်။
မင်းသားလေးအသက်၁၇နှစ်မှာခမည်းတော်ဘုရင်ကြီးနာမကျန်းဖြစ်နေတာကြောင့်မင်းသားလေးကနန်တွင်းသို့ဝင်ရောက်ကါအခေါ်တော်လွတ်ပြီခမည်းတော်ကိုကြည့်ရူ့ခစားခွင့်ရခဲ့ပါသည်။ ခမည်းတော်ဘုရင်ကြီးရဲ့အနီးနားရှိ အမတ်တချို့နှင့် မိဖုရားခေါင်ကြီးတို့မှ ပထမသားတော် ကျင်းရွှယ်ဖုန်းကို ဘုရင်နေရာတင်မြှောက်ဖို့ ဖိအားတောင်းဆိုနေတဲ့အချိန်လဲဖြစ်သည်။ ခမည်းတော်ဘုရင်ကြီးက ကိုလုပ်တော် ချင်းအိုင့်ကို အလွန်ချစ်မြတ်နိုးသူဖြစ်ရာ ကိုယ်လုပ်တော်ချင်း သေဆုံးမူ့အပေါ်အပြစ်ရှိသလိုခံစားနေရတာကြောင့်  ကိုယ်လုပ်တော် ချင်းရဲ့သားတော် မင်းသား Li Tian yuကို ဘုရင်နေရာပေးဖို့စီစဉ်ပြီ ဘုရင်ကြီးရဲ့လူယုံတယောက်တယောက်လဲဖြစ်အနီးကပ်စောက်ရှောက်သူလဲဖြစ်တဲ့ ကုန်းကုန်းလင်းမုကို အမိန့်စာတစောင်ရေးကါ ညီလာခံတွင်ကြေငြာစေခဲ့ပါတယ်။ ဘုရင်ကြီးရဲ့အမိန့်ကိုနန်းတွင်းရှိအမတ်များနဲ့မိဖုရားတွေကဆန့်ကျင့်ပြီ တော်လှန်ပုန်ကန်ဖို့ကြိုးစားရာမှာ စစ်သေနာပတိချူပ်ဖြစ်တဲ့ ချန်မျိုးနွယ်  ချန်မင်းလွီမှမင်းသားလေးရဲ့ဘက်မှနေပြီကါကွယ်ကါတိုတ်ထုတ်ရှင်းလင်းကါ  သစ္စာဖောက်သူတွေကိုရက်ရက်စက်စက်သတ်ပစ်ပေးခဲ့ပါသည်။ စစ်သေနာပတိချုပ်ကြီးကိုလဲဘုရင်ကြီးကစစ်တပ်အာဏာကို မင်းသားလေးရဲ့တဆင့်နိမ့်ရာထူးနှင့်အတူအုပ်ချုပ်ပိုင်ခွင့်ပေးအပ်ချင်းကိုခံခဲ့ရသည်။ (ဘုရင်ပြီးရင်စစ်တပ်ကိုအမိန့်ပေးနိုင်တဲ့နောက်ထပ်တဦးထဲသောသူက စစ်သေနာပတိချုပ် ချန်မင်းလွီ)  မင်းသား Li Tian yu နန်းတက်ကါ ဘွဲ့နာမည်ကို လီကျန့်ရှန်  (စစ်နတ်ဘုရား)ဆိုတဲ့ဘွဲနာမည်ခေါ်တွင်စေပြီတဲ့နောက် ဘုရင်ကြီးကနာမကျန်းဖြစ်ရာမှဝေဒနာပိုမိုပြင်ထန်းကါနတ်ရွာစံခဲ့တော့သည်။ ဘုရင်ကြီနတ်ရွာစံပြီ တဲ့နှစ်မှစပြီ ဆရာလဲဖြစ် စစ်သေနာပတိချုပ်ကြီးလဲဖြစ်တဲ့ စစ်သေနာပတိချုပ် ချန်း နဲ့ အတူတိုင်ပြည်ငယ်တွေကိုသိမ်းကါ လီတိုင်းပြည်ကိုထူးထောင်ခဲ့ကျသည်။ တော်လှန်ပုန်ကန်တဲ့အထဲမှာမပါခဲ့တဲ့နို့တိုက်မိခင်မိဖုရား ကျောက်လင်းကို ဘုရင်မယ်တော်နေရာမှာထားကါမယ်တော်ကြီးဘွဲ့ကိုအပ်နှင်ပေးခဲ့သေည်။ ကျန်ရှိတဲ့မိဖုရားနှင် ကိုယ်လုပ်တော်တွေကိုမွေးရပ်မြေသို့ပြန်စေကါလွပ်လပ်ချင်းတံဆိပ်တော်နှိပ်ပြီနောက်အိမ်ထောင်သစ်ထူးထောင်ခွင့်ပါပေးခဲ့သေးသည်။
ဧကရာဇ်ကျန့်ရှန်ဟာ သူရဲ့သွေးသောက်ညီကို မင်းချီကို ကိုရံတော်အဖြစ်ခံအပ်ပြီ သူ့ရဲ့အတွင်းရေးကိစ္စအဝဝကိုကိုင်တွယ်ဖြေးရှင်းစေခဲ့တော့သည်။ မင်းချီ ဟာ ဂိုဏ်ချုပ် ရန်ချူးရဲ့အကိုတော် ရန်ရှင်း ရဲ့ပထမဆုံးတပည့်ဖြစ်ပြီ သီးသန့်နေထိုင်ကါလူတွေနှင့်ခပ်ကင်းကင်နေတတ်တဲ့စရိုက်ရှိတဲ့သူ့ဖြစ်သည်။ မင်းချီးရဲ့ဆရာဟာ တောင်တွေထဲကမှအစွန်ဆုံးအပိုင်းဖြစ်တဲ့ သစ်ပင်ထူထပ်တဲ့နေရာမှာနေထိုင်တာကြောင့် တော်ရုံဂိုဏ်သားတွေမရောက်တတ်တဲ့နေရာလဲဖြစ်ပါသည်။ မင်းချီနှင့်အတူနေထိုင်သူကတော့ စာပေပညာမှာတဘက်ကမ်းတက်မြောက်ပြီ အလွန်တရာမှနူညံ့သိမ်းမွေ့တဲ့ မင်းချီရဲ့အလေးထား အရေးပေးခံရသူ  ဖန်မို့ကျီဆိုတဲ့နတ်ဆေးသမားတော်ပါ။ နတ်ဆေးသမားတော် ဖန်က သူ့ကုတဲ့သူတိုင်း သေနေရင်တောင်ပြန်ရှင်လာနိုင်တယ်ဆိုပြီ ပြင်ပလောကမှာနာမည်ကျော်ကြားတဲ့အထိပါပဲ။ မင်းချီးကို နန်းတွင်းမှာကိုယ်ရံတော်ခန့်အပ်တုန်းက နတ်ဆေးသမားတော်ဖန်ကိုပါ တခါထဲနန်တွင်းတော်ဝင်သမားတော်ချုပ်ဘွဲ့ပေးပြီခေါ်ခဲ့ရတော့သည်။ နတ်ဆေးသမားတော်ဖန် မပါရင်မင်းချီးကနန်းတွင်းမဝင်နိုင်ဘူးဆိုကါငြင်းဆန်းတာကြောင့် ဆရာရန်ရှင်းကနတ်ဆေးသမားတော်ကိုဖန်ကိုတခါထဲနန်းတွင်ဝင်ဖို့ပြောခဲ့ရတာဖြစ်သည်။ အဲဒီနောက်ပိုင်း နတ်ဆးသမားတော်ဖန် နှင့် ဧကရာဇ်ရဲ့ကိုယ်ရံတော် မင်းချီး  ဧကရာဇ်ကျန့်ရှန်တို့ကသွေးသောက်ညီကိုဖွဲ့ကါသစ္စာပြုပြီတိုင်းပြည်ကိုအတူထမ်းဆောင်ဖို့သဘောတူညီခဲ့ကျတော့သည်။
ဧကရာဇ်ကျန့်ရှန်နန်တက်ပြီ ၆နှစ်အတွင်း မိဖုရားနဲ့ ကြင်ယာတော်၂၃ယောက်ကို အနောက်နန်းဆောင်တွင်သို့ရောက်ရှိလာတော့သည်။ မိဖုရားနဲ့ကြင်ယာတော်တွေကတော့ တိုင်းပြည်ငယ် ဘုရင်ခံတွေကဆက်သတဲ့ သမီးတော်နှင် မင်းသမီးတွေပဲဖြစ်ကျသည်။ အိမ်နီးချင်တိုင်ပြည်များမှလဲချစ်ကြည်ရေးအတွက်ဟုဆိုကါ မင်းသမီးတွေကိုဆက်သကျတာကြောင့်တဖြည်းဖြည်းနဲ့အနောက်နန်းဆောင်ကြီးကစည်ကါးလာတော့တာဖြစ်သည်။ အဲဒီအထဲမှာမှ အမတ်ချုပ်ကြီးရဲ့သမီး နဲ့ စစ်သေနာပတိချုပ်ကြီးရဲ့သားတော်အငယ်ဆုံးလေးတို့လဲပါဝင်လာရတော့သည်။
စစ်သည်တော်အင်းအား ၁၀သန်းနီးပါရှိတဲ့ စစ်တပ်ကြီးကို အုပ်ချုပ်နေတဲ့စစ်သေနာပတိချုပ်ကြီဟာ အခုနှစ်တွေအတွင်းမှာတော့ သားကြီးနဲ့သားလတ် သားငယ်တို့ကို စစ်သူကြီးရာထူးတွေပေးပြီ သူနဲ့အတူစစ်တပ်ကိုအုပ်ချုပ်လာတာကြောင့် ဧကရာဇ်ကျန့်ရှန်က သူတို့ရဲ့ချန်းတော်ဝင်မိသားစုကိုထိန်းချုပ်ချင်လာတော့သည်။ ထို့ကြာင့် စစ်သေနာပတိချုပ်ကြီးရဲ့သားတော်လေးကိုကြင်ယာတော်အဖြစ်ဆက်သဖို့အမိန့်ချမှတ်ပြီ နန်တွင်းထဲမှာထိန်းချုပ်ထားလိုက်တော့သည်။ ကြင်ယာတော် လေးဟာ အသက်၁၃နှစ်အရွယ်လေးနှင့်နန်တွင်းထဲကိုဝင်ခဲ့ရပြီ ဧကရာဇ်ရဲ့အပြစ်တင်ရှုံ့ချ ရက်စက်တဲ့ဒါဏ်တွေကိုခါးစီးကါခံနေခဲ့ရသည်။
စစ်သေနာပတိချုပ်ကြီးလဲသားတော်ကိုကယ်တင်ချင်ပေမဲ့ ဘယ်လိုမှမတတ်နိုင်တဲ့အခြေနေတွေကြောင့်ရယ်သားတော်ကလဲဧကရာဇ်ကိုချစ်မြတ်နိုးနေတာကြောင့်သီးခံပြီနေခဲ့ရတာ အခုထိပဲဖြစ်တော့သည်။ ကြင်ယာတော် ချန်ရှင်းလျန်(တောက်ပတဲ့ကြယ်ကလေး)ဟာအခုဆိုရင်အသက်၁၆နှစ်အရွယ်ကိုရောက်ရှိလို့လာပါပြီ။ ကြင်ယာတော် လျန်အာ​က ဧကရာဇ်ကိုအသက် ၁၁နှစ်အရွယ်မှာမြင်ဖူးခဲ့ပြီ ချစ်ခင်နှစ်သက်ကါစွဲလမ်းခဲ့ပါတယ်။ သူ့ရဲ့အသက်၁၃နှစ်မှာ ကြင်ယာတော်မြှောက်တာကိုခံရချိန်မှာတော့ သူကိုယ်တိုင်လိုလားကြောင်းနဲ့ ဧကရာဇ်ကိုချစ်ခင်နေပါတယ်ဆိုကြောင်း သူ့ရဲ့ခမည်းတော် စစ်သေနာပတိချုပ်ကြီးကိုပြောကါ နန်းတွင်းကိုဝင်ရောက်ခစားဖို့ဖြစ်ခဲ့တာပါ။ တကယ်လို့သာ ကြင်ယာတော်လျန်အာကသာမလိုချင်ခဲ့ရင်သူ့ခမည်းတော်ကရရာနည်းနဲ့ဆန့်ကျင့်မှာဖြစ်တာကိုလဲ ဧကရာဇ်ရော နန်းတွင်းရှိလူအားလုံးပါမကျန်သိနေပြီသားဖြစ်မှာပါ။ ဒါပေမဲ့ ကြင်ယာတော် လျန်အာရဲ့ အချစ်အတွက်ပေးဆပ်ချင်းက ဒါဏ်ရာတွေနဲ့ပြည့်နက်နေတဲ့အချစ်တခုဆိုတာ နန်တွင်းရောက်ခဲ့တဲ့ ၃နှစ်အတွင်းသူသင်ယူတတ်မြောက်ခဲ့ရတဲ့အချစ်ရဲ့ဒသနဆိုလဲမမှားခဲ့ပါဘူး။
ကြင်ယာတော်လျန်အာလေးဟာ ဧကရာဇ်ရဲ့အနောက်နန်းဆောင်မှာ အငယ်ဆုံးနဲ့ တဦးထဲသောယေကျ်ားကြင်ယာတော်လဲဖြစ်ပါတယ်။ စစ်သူကြီးမျိုးရိုးဖြစ်တဲ့ ကြင်ယာတော်လျန်အာကို အစတုန်းကတော့ကအကုန်လုံးကကြောက်ရွံ့ကါဦိးစားပေးဆက်ဆံခဲ့ကျပေမဲ့ နောက်ပိုင်းမှာတော့ ဧကရာဇ်ရဲ့ချစ်မြတ်နိုးမူ့မရှိတာကိုသိပြီတဲ့နောက်မှာတော့နန်တွင်သူတွေကအစရိုသေလေးစားမူ့မရှိတော့တဲ့အပြင် နှိက်စက်ကါလှောင်ပြောင်လာကျတော့သည်။ ဧကရာဇ်ရဲ့ရွှေနန်းတော်လိုနေရာမှာသိပ်ကိုခမ်းနားတဲ့ အဆောင်တော်တွေရှိပြီမိဖုရား ကြင်ယာတော် ကိုယ်လုပ်တော် တွေကိုဘွဲ့ထူးရာထူးအလိုက်ချီးမြှင့်မြောက်စားကါပေးထားတာဖြစ်သည်။ အဲဒီထဲမှာမှ နန်းတော်ရဲ့တောင်ဘက် သစ်တောတနေရာမှာတော့ အပြစ်ဒါဏ်ဆိုတဲ့သတ်မှတ်ချက်နဲ့ နေနေရတဲ့ကြင်ယာတော်လျန်အာလဲရှိနေပါတယ်။ နန်းတော်နဲ့ကြင်ယာတော်လျန်အာရဲ့အဆောင်တော်ဟာ ၂နှစ်ရီကြာဝေါရင်စီးပြီလာရတဲ့အထိဝေလွန်တဲ့နေရာလဲဖြစါပါတယ်။ ဒါကြောင့်နန်းတွင်းသူတွေက ဘယ်သူမှကြင်ယာတော်လျန်အာကိုခစားချင်တဲ့လူတွေမရှိဖြစ်ကါ အမြဲအထီးကျန်နေခဲ့ရသည်။ ခလေးအရွယ်လေးနဲ့မိဘ ညီကိုတွေနဲ့ဝေးနေရတဲ့သူတယောက် ဧကရာဇ်ရဲ့အမုန်းကိုလဲဘုမသိဘမသိခံနေရသေးတယ်။ နောက်ပြီ စားဖိုဆောင်ကလူတချို့ကစာနပ်ရိက္ခာကိုဖြတ်တောက်ကါယူပြီ အစားအသောက်ကိုပါ ချို့ချို့နဲ့နဲ့စားသောက်နေရတဲ့ ဆယ်ကျော်သက်ခလေးတယောက်ဟာ ဘယ်လောက်သန်မာမယ်လို့ သင်ထင်နေပါသလဲ။ ဘယ်သူမှအနားမှာမရှိခဲ့ပင်မဲ့ ကြင်ယာတော်လျန်အာလေးကိုငယ်ငယ်ထဲကထိန်းကျောင်းခဲ့တဲ့ အထိန်းတော်ကြီး ရှား(ရှားဟော်)တယောက်တော့ရှိနေပါတယ်။ ကြင်ယာတော်နန်းတွင်းထဲသို့ရောက်စဉ်ထဲကဘေးနားကနေဖေးမကါအားပေးခဲ့တဲ့တဦးထဲသောသူဆိုလဲမမှားဘူး။ 

အခ်စ္ဆိုတဲ့အဘိဓာန္   /  အချစ်ဆိုတဲ့အဘိဓာန်Where stories live. Discover now