အချစ်ဆိုတဲ့အဘိဓာန်

3 1 0
                                    

အချစ်ဆိုတဲ့အဘိဓာန် ( စာလုံးပေါင်းသတ်ပုံဖြည့်ဖတ်ပေးပါ)

အပိုင်း၄

လျန်အာတို့အဆောင်ထဲကထွက်လာပြီဧကရာဇ်ရှိနေတဲ့ဥယာဉ်ခြံထဲကအပန်းဖြေအဆောင်တော်ကိုလျောက်လာလိုက်တော့သည်။ ခမည်တော်နဲ့အတူအမေကပါဧကရာဇ်ကိုဧည့်ခံနေတာတွေ့လိုက်ရသည်။ ဒီဘက်ခောတ်ကိုရောက်ပြီဒါကပထမဆုံးဧကရာဇ်ဆိုတဲ့လူကိုစတွေ့ရမှာဖြစ်သည်။ လျန်အာအဆောင်အနားမရောက်တရောက်မှာပဲ သေသေချာချာလှမ်းမြင်လိုက်ရတဲ့လူရဲ့အကြည့်တွေကြောင့်လှမ်းနေတဲ့ခြေလှမ်းတွေတောင်အင်းအားယုတ်လာသလိုဖြစ်ကါယိုင်နဲ့ချင်လာတော့သည်။
စာထဲမှာဖတ်ထားတုန်းကတော့ကြေနီရောင်အသားနဲ့ဆိုတဲ့ဧကရာဇ်ကအခုလက်တွေ့မှာတော့ တလွဲပါပဲ ။အသားအရေကဘာကြေနီရောင်မှမဟုက်ပဲ ဖြူဖွေးကါအရပ်မြင့်မြင့်နဲ့ ခန့်ငြားနေတော့တာဖြစ်သည်။ ဝတ်ရုံအနက်ရောင်ကိုမှရွှေရောင်နဂါးပုံကထင်လင်းကါမာန်အပြည့်နဲ့ထည်ဝါမူ့ကဧကရာဇ်ဆိုတဲ့ဘွဲ့နဲ့လိုက်ဖက်နေတော့သည်။
အော် အဲဒါကြောင့်လဲဒီခန္ဓာကိုယ်ပိုင်ရှင်အရင်ရှင်းလျန်ကအသေအရူးအမူးကြိုက်တာကို။ ဒါပေမဲ့ရှီအာကတော့လုံဝကြွေမှာမဟုက်ပါဘူး ။ဘာလို့လဲဆိုတော့ ဇာတ်လမ်းစပြီဖတ်ထဲကအဲဧကရာဇ်ကိုဆဲဆိုပြီပြောဆိုလာတဲ့လူတယောက်ဖြစ်နေလို့ပါပဲ။ ဒီဧကရာဇ်ကချောမောနေတာဆိုဒီခန္ဓာကိုယ်ရှင်းလျန်ကနူးညံ့ပြီတော့မွေးတဲ့ကြာပန်းလေးလိုတင့်တင့်တယ်တယ်နဲ့ကိုလှပြီကျက်သရေရှိနေတာ။ ဘာလို့အဲသလိုပြောလဲဆိုတော့ ဒီခန္ဓာကိုယ်ရှင်းလျန်က ဆံပင်ကနေခြေဖျားထိအပြစ်ဆိုဖွယ်မရှိအောင်ကိုဖြစ်နေလို့ပါပဲ။
ဒီလိုရှေ့ခောတ်မှာမဟုက်ပဲဟိုဘက်ခောတ်မှာသာဆို ဒီခန္ဓာကိုယ်ကရွှေတွေထက်ကိုတန်းဖိုးရှိနေမှာ ။ မော်ဒလ် သရုပ်ဆောင် အဆိုတော် ဘာညာကွိကွ အကုန်ဘာလုပ်လုပ် လုပ်ချင်ရာလုပ်အောင်မြင်ပြီးသားဖြစ်နေမှာ။ လျန်အာတွေးရင်နဲ့အဆောင်နားကိုရောက်လာတော့ ဧကရာဇ်ကိုဂါရဝပြုလိုက်သည်။

ဧကရာဇ်ကိုဂါရဝပြုပါတယ်

ဒီဘက်ခောတ်ကိုရောက်ပြီအခုမှပထမဆုံးဘုရင်ဆိုတာကိုမြင်ဖူးပြီဂါရဝပြုရတာဆိုတော့ ဘယ်လိုလုပ်ရမှန်းမသိပဲဖြစ်နေသည်။ လျန်အာလဲဘာပဲဖြစ်ဖြစ်မထူးဇာတ်ခင်းပြီဟော်တယ်မှဧည်ကြိုမိန်ခလေးတွေလိုပဲလက်နှစ်ဘက်ရှေ့မှာယှတ်ကါခေါင်းငုံအရိုသေပေးလိုက်တော့တယ်။အဲဒီအချိန်မှာပဲ

အခ်စ္ဆိုတဲ့အဘိဓာန္   /  အချစ်ဆိုတဲ့အဘိဓာန်Tahanan ng mga kuwento. Tumuklas ngayon