အချစ်ဆိုတဲ့အဘိဓာန်

11 1 0
                                    


အချစ်ဆိုတဲ့အဘိဓာန်

(စာလုံးပေါင်းသတ်ပုံဖြည့်ဖတ်ပေးပါ)

အပိုင်း၂

ကြင်ယာတော်= ချန်ရှင်းလျန် ( တောက်ပတဲ့ကြယ်ကလေး)

ဖခင်= စစ်နောပတိချုပ် ချန်မင်းလွီ

အကိုတော်သုံယောက်= ပထမဆင့် စစ်သူကြီး ချန်ယောင်ဖုန်း (စစ်သူကြီးယောင်)အသက်၃၀
ဒုတိယဆင့် စစ်သူကြီး ချန်ကျောင်ကျွင်း (စစ်သူကြီးကျောင်)အသက်၂၇
တိတယဆင့် စစ်သူကြီး ချန်ချင်းရင်း (စသ်သူကြီး ချင်း )အသက်၂၄

အသက်=18

မွေးလ= December ,2

အရပ်=၅'၈

ရုပ်ရည်= အသားရေ ကျောက်စိမ်းကဲ့သို့ကြည်လင်ကါလှပလွန်သည်။ မျက်လုံးလေးတွေကနာမည်နဲ့လိုက်ကါ ကြယ်စင်တွေလိုလင်းလက်ကါတောက်ပနေတဲ့မျက်ဝန်းတစုံရှိသူ။ အသံကသာယာသောအသံရှိသည်။ အလွန်ကြောက်တတ်ပြီ ပျော့ညံ့သူဖြစ်သည်။ ကျန်မာရေးချို့တဲ့ကါ ထူခြားတဲ့ခန္ဓာကိုယ်နဲ့မွေးဖွားလာတဲ့သူတဦးလဲဖြစ်သည်။

ကြင်ယာတော်ရဲ့ဝတ်ရုံအရောင်= အနက်ကိုမှစိုကါတောက်ပနေပြီ လက်နားတွင်လျန်အာရဲ့အမှတ်အသားဖြစ်တဲ့ ကြယ်ဖြူလေးတွေကိုချည်ထိုးကါပုံဖော်ထားပြီ ဝတ်ဆင်တတ်သူဖြစ်သည်။


ကြင်ယာတော်လျန်အာက ငယ်စဉ်ထဲက အကိုတော်တွေနဲ့အတူနေကါအလိုလိုက်ခံခလေးဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့​ဖြတ်သန်းလာခဲ့ရတဲ့သူပါ။ သူငယ်စဉ်မှာထဲက ခမည်တော်စစ်သေနာပတိချုပ်ကိုမမြင်ဖူးခဲ့ရပဲ မယ်တော်နဲ့အကိုတော်တွေကြားမှာကြီးပြင်ခဲ့ရတာပါ။လျန်အာရဲ့ခမည်တော်ဟာ လျန်အာအသက်၁၀နှစ်ရောက်တဲ့အချိန်ထိ တနှစ်မှာ ၃ကြိမ်လောက်သာ အိမ်တော်ကိုပြန်လာခဲ့ရပြီ မိသားစုနှင်အတူတကွပျော်ရွှင်ခဲ့ကျရသည်။ လျန်အာရဲ့အကိုတော်တွေကလဲစစ်ရေးလေ့ကျင်မူတွေခံယူနေကျပြီဖြစ်သည်။လျန်အာရဲ့အသက်တွေသာတနှစ်ထက်တနှစ်ကြီးလာခဲ့ရတယ် ။ နေ့ရက်တွေကတော့ နည်းနည်းမှထူးပြီပြောင်းလဲမလာခဲ့ပါဘူး။ လျန်အာကငယ်ငယ်ထဲကချူချာကါနေမကောင်းတာကြောင့် အမြဲဖြူဖျော့ကါအားနည်းနေတတ်ခဲ့သည်။ လျန်အာကျောင်းစတက်ရမဲ့အရွယ်ကိုရောက်လာချိန်မှာတော့ တော်ဝင်စာသင်ကျောင်းမှာ စာပေပညာနဲ့ပန်ချီ ကိုလေ့လာခဲ့ရသည်။
အကိုတော်သုံးယောက်လိုမသန်မာတာကြောင့် စာပေပညာကိုအထူးတလည်ကြိုးစားသင်ယူရင် အသက်၁၁နှစ်မှာ အချစ်ဦးကိုစတင်ကါဆုံတွေခဲ့ရသည်။ အသက်၁၃နှစ်မှာ ကြင်ယာတော်အဖြစ်နန်တွင်းကိုဝင်ဖို့ဖိတ်ကြားခံရတဲ့အခါတုန်းက ဝမ်းသာလွန်းလို့မျက်ရည်ပါကျခဲ့ရသည်အထိပျော်ရွှင်ခဲ့ရသည်။ လျန်အာရဲ့ သူငယ်ချင်းဖြစ်တဲ့ ဟန်တိုင်ပြည်က အိမ်ရှေ့စံဟန်ပေါင်ထုံ ခေါ် အာပေါင်ကိုစာလွာပါးပြီကြွားခဲ့လိုက်သေးတယ်။ အသက်၁၃ နှစ်ဆိုပေမဲ့အချစ်ကိုခံစားနားလည်တတ်တဲ့အရွယ်ဖြစ်နေပါပြီ။ မယ်တော်ကတော့ငိုယိုကါကြင်ယာတော်အဖြစ်မသွားဖို့ ခမည်းတော်ကိုတောင်းဆိုနေပေမဲ့ လျန်အာကတော့ကြင်ယာတော်ဖြစ်ချင်းကြောင်းခမည်တော်ကိုပြောလိုက်မိသည်။ ခမည်တော်ကကြင်ယာတော်ဆိုတာနာမည်သာဖြစ်ပြီ ဧကရာဇ်ကချန်အိမ်တော်ကိုထိန်ချုပ်ထားချင်တဲ့သဘောရှိကြောင်း ပြောဆိုခဲ့သည်။ လျန်အာအတွက်အဲဒီအချိန်မှာတွေးခဲ့မိတာက ဧကရာဇ်ရဲ့စိတ်နှလုံးညိုးနွမ်းနေတာကိုမကြည့် ရက်တာတခုထဲကိုသာစဉ်စားခဲ့ပြီ စစ်သူကြီးချန်အိမ်တော်ဂုဏ်သရေညိုးနွမ်းမှာကိုတော့ မေ့လျော့ကါနေခဲ့မိသည်။
နွေဦးရဲ့နေ့တနေ့မှာသာယာချင်နဲ့အတူ နန်းတွင်းထဲကို အထိန်တော်ရှားနဲ့ဝင်ခဲ့လိုက်ပြီ ကြင်ယာတော်အဆောင်အယောင်များပေးအပ်ကါကြင်ယာတော်လျန်အာဘဝကိုရောက်ရှိခဲ့ရတော့သည်။ အသက်၁၃နှစ်လဲဖြစ် ကိုချစ်သူနဲ့အတူတကွဖြတ်သန်းရမဲ့ညတညကိုရင်ခုန်ရင်စောင့်ဆိုင်ခဲ့တဲ့အချိန်ကို နောက်ပြန်ဆုတ်လို့ရရင်ဆုတ်ချင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့အဲဒီနေ့က ဧကရာဇ်ရောက်လာတာကိုစောင်ရင်းအိပ်ပျော်ခဲ့တဲ့ကြင်ယာတော်လျန်အာကို ဧကရာဇ်ကကြိမ်ဒါဏ်အချက်၂၀ရိုက်နှက်ကါအပြစ်ပေးခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ ကြိမ်ဒါဏ်အချက်၂၀မပြည့်ခင်မေ့လဲသွားတဲ့လျန်အာကို နောက်တနေ့မနက်မှာပြောခဲ့တဲ့စကါးက ဒီအကြောင်းတွေကို ခမည်ကိုပြန်ပြောရင် အကိုတော်တွေကိုနယ်စပ်ကိုပို့မယ်ဆိုပြီခြိမ်းခြောက်ခဲ့ပါသေးတယ်။
ဧကရာဇ်မသိခဲ့လို့ပါ လျန်အာကဘာအတွက်ကြောင့်ပြန်ပြောရမှာလဲ ။ ခမည်တော်နဲ့ဧကရာဇ်သာမပြေလည်ရင်တိုင်ပြည်မှာသွေးချောင်စီးရမှာကိုသိနေတာပဲလေ။ဒါကြောင့်ပြန်မပြောခဲ့ပါဘူး ။ ဧကရာဇ်တားလို့မဟုက်တာကိုတော့ကို မသိခဲ့ဘူးပေါ့။ အဲဒီလိုနဲ့တရက်ခြားလာပြီနှိက်စက်နည်းမျိုးစုံးနဲ့လာပြီနှိက်စက်နေတဲ့ဧကရာဇ်ကိုတကြိမ်မှမမုန်းခဲ့မိဘူး ။ ဒါဏ်ရာတွေနဲ့မြင်နေရတဲ့လျန်အာကို အထိန်တော် ရှားကသနားပြီခမည်းတော်ကိုပြောပြဖို့လုပ်ခဲ့ပေမဲ့ လျန်အာကလည်းပင်ကိုဓားထောက်ကါခြိမ်းခြောက်ခဲ့တာကြောင့် မပြောခဲ့ပဲဧကရာဇ်ရဲ့အနှိက်စက်ခံဘဝကိုနေလာခဲ့ရတာတနှစ်ပြည့်လို့နောက်နှစ်သစ်ကိုကူးလာခဲ့ပြီပေါ့။ အားနည်တဲ့ခန္ဓာကိုယ်ကဧကရာဇ်နှိက်စက်တာခံနိုင်လားလို့မေးရင်မခံနိုင်ပါဘူး။ ပြစ်ဒါဏ်မဆုံးခင်သတိမေ့သွားတာကအမြဲပါပဲ။ ဒါပေမဲ့ကံကောင်းတာက လူတယောက်နဲ့ခင်မင်ခဲ့ရမှာကအဲဒီလူကဆေးဆရာဖြစ်နေတာကြောင့် ဧကရာဇ်မလာတဲ့ရက်တွေမှာသူကလာပြီကူညီပေးခဲ့တာဖြစ်ပါတယ်။
တနှစ်အတွင်းရခဲ့တဲ့ ဒါဏ်ရာတချို့ကို အကိုဖန်ဆိုတဲ့လူက လာပြီဧကရာဇ်မသိအောင်ကုသပေးခဲ့တာကြောင့်ကြင်ယာတော်လျန်အာကအသက်ရှိနေသေးတာဆိုလဲမှန်ပါတယ်။ နှစ်သစ်ကူးပွဲတော်မှာတော့ သားသမီတွေကမိဘအိမ်ကိုပြန်ရတဲ့ အချိန်ပဲဖြစ်ပါတယ်။ အဲဒီနှစ်သစ်ကူးရက်မရောက်ခင်တပါတ်လိုထဲက လျန်အာကိုဧကရာဇ်ကမနှိက်စက်တော့ပါဘူး ။ သတိပေးစကါးလာပြောပြီ လက်ဆောင်တွေနဲ့အတူချန်အိမ်တော်ကိုပြန်ပို့ခဲ့ပါတယ်။ မယ်တော်ရဲ့လွမ်းလို့ဆိုပြီငိုနေတာကြောင့်နေ့တဝက်လောက်မယ်တော်ကိုချော့ယူခဲ့ရပါသေးတယ်။ ချန်အိမ်တော်မှာနေတဲ့ရက်တွေမှာပဲ ဟန်တိုင်ပြည်ကအိမ်ရှေ့စံကလာလည်တာကြောင့်မြို့ထဲကိုလည်ပတ်ခဲ့လိုက်သေးသည်။ အဲဒီနေ့ညမှာပဲဧကရာဇ်ကရောက်လာတာနဲ့တိုက်ဆိုင်ခဲ့ပြီ ဟန်အိမ်ရှေ့စံနဲ့စကါးများကါ လူသူမနီးတဲ့သစ်တောထဲကနန်းဆောင်ကိုပို့ကါအပြစ်ပေးခံခဲ့ရတာအခုဆို၂နှစ်ပြည့်တော့မယ်။
အဲဒီနေ့မှစပြီခမည်းတော်နဲ့မယ်တော်တို့ကိုလဲတွေ့ခွင့်မရပဲ အထိန်တော်ရှားနဲ့သာနေခဲ့ရတော့သည်။ ဧကရာဇ်ကတော့ တခါတလေလောက်မှာသာလာတယ်တဲ့အထိန်းတော်ရှားပြောတာပဲ။ဧကရာဇ်လာတဲ့အချိန်ဆိုကျွန်တော်အိပ်နေတဲ့အချိန်တွေနဲ့တိုးနေလိုဒီနှစ်တွေထဲမှာမတွေ့ခဲ့ရတာ။နောက်ပြီ ၄လတခါအထိန်းတော်ရှားအပြင်ကိုထွက်ခွင့်ရရင်တော့ လျန်အာအတွက် လိုအပ်တာတွေကိုဝယ်ယူပေးလာတတ်သည်။ အထိန်ရှားအပြင်ထွက်ရတယ်ဆိုတာကလဲနန်းတွင်းထဲကအစောင့်စစ်သားနှစ်ယောက်နဲ့အတူသွားရတာဖြစ်သည်။လျန်အာကိုဒီသစ်တောကိုပို့ပြီ အပြစ်ချခံရတဲ့နေ့မှစပြီခြောက်လလောက်သာအစားအစာပုံမှန်ရခဲ့ပြီကျန်တဲ့အချိန်တွေကတော့လဝက်စာသာရတော့တာဖြစ်သည်။ စာပေနဲ့ပန်ချီကလွဲပြီဘာမှမလုပ်တတ်တဲ့ လျန်အာက စားစရာအတွက်လဲအထိန်တော်ရှားကပဲရှာဖွေကါ ကျွေးတဲ့သစ်သီးသစ်ဥတွေကိုပဲစားသုံးကါ ဧကရာဇ်ရဲ့အမုန်းတရားအောက်ကနေရှောင်ဖယ်နေတတ်ခဲ့ပါတယ်။
တခါတလေအချစ်ကဘာလဲဆိုတာမေးချင်လိုက်တာ ။ ကျွန်တော်လေဒီဘဝမှာတော့အချစ်ကိုတကယ်ကြောက်သွားခဲ့ပါပြီ။ ဧကရာဇ်ကိုချစ်နေတဲ့အချစ်တွေကိုလဲရပ်တန့်ချင်ပါတယ်။ဒါပေမဲ့မရပ်တန့်နိုင်ဘူး ။ ဒီအချစ်တွေကိုတော့ဒီခန္ဓာကိုယ်ပျက်စီးကါသေဆုံးမှရပ်တန်နိုင်မယ်ထင်ပါတယ်။
နောက်ဘဝသာရှိခဲ့ရင် ဒီလိုသေစေနိုင်တဲ့အချစ်ကိုမရရှိစေလိုကြောင်းကြယ်ကြွေတာကိုကြည့်ပြီဆုတောင်းခဲ့ပါတယ်။

အခ်စ္ဆိုတဲ့အဘိဓာန္   /  အချစ်ဆိုတဲ့အဘိဓာန်Donde viven las historias. Descúbrelo ahora