Part 2

523 78 2
                                    

[Unicode]

"ကျွီ..."

"ဘာဖြစ်တာလဲ မေမေ.."

"သားသား မဆင်းလာနဲ့နော် မေမေဆင်းကြည့်လိုက်မယ်.."

လမ်းအကွေ့မှာ စက်ဘီးတစ်စီးနဲ့ တိုက်မိမလိုဖြစ်သွားတာကြောင့် ဆိုမီ ရင်ထိတ်သွားကာ အောက်ဆင်းကြည့်လိုက်သည်

"ဘာဖြစ်သွားသေးလဲ ကလေး "

လဲကျသွားတဲ့ စက်ဘီးလေးအားကောက်ထူကာရပ်လိုက်တဲ့ကောင်လေးတစ်ယောက်

"ဟုတ် ရပါတယ် ဘာမှမဖြစ်ပါဘူး အာ့..!"

"သွေးတွေထွက်နေတယ် ကြည့်ရတာ ပွန်းသွားတယ်ထင်တယ် အန်တီ့ကြောင့် ဖြစ်တာမို့လို့ အန်တီဆေးခန်းလိုက်ပို့ပေးပါမယ်"

"အာ မဟုတ်တာ ဒီလောက်လေးက ဘာမှမဖြစ်ပါဘူး ရပါတယ်ခင်ဗျ.."

ကောင်လေးက ရတယ်ပြောနေပေမယ့် ပွန်းသွားတာ အခြေအနေဆိုးသည် ထင်သည် ကောင်လေးမှာ ခြေထောက်ပင်ထောက်မရ

"မေမေ အဆင်ပြေရဲ့လား "

" သားသား ဒီကိုကို့ကို တစ်ချက်လောက် လာကူပေးနိုင်မလား "

ထယ်ယောင်းကားတံခါးဖွင့်သံကြားလို့ ကားဆီသို့ ဖျက်ခနဲအကြည့်ရောက်မိသည်

ကျောင်းဝတ်စုံဝတ်ထားတဲ့ကောင်လေးတစ်ယောက်က မျက်မှန်ဝိုင်းလေးပင့်လို့ သူ့အမေကို စိုးရိမ်နေရှာသည်

ခေါင်းလေးတစ်ချက်ငြိမ့်ပြလို့ သူ့အနားကိုရောက်လာသည်

အင်း..baby lotionအနံ့လေး ဟက် တကယ့်ကလေးလေးပဲ

သူ့လက်ကို ဆုပ်က်ိုင်လာတဲ့ကောင်လေးဆီက အနံ့ကြောင့် သူတစ်ချက်ပြုံးလိုက်မိသည်

မာနကြီးပြီး စကားပြောရခက်တဲ့ YP holdingရဲ့ ဒါရိုက်တာ ကန်ဆိုမီက သူ့ကို ဆေးရုံလိုက်ပို့ပေးတဲ့အပြင် သူ့ရဲ့ အသည်းလေးဖြစ်တဲ့ လူကြားထဲတောင် ထုတ်မပြခဲ့တဲ့ တစ်ဦးတည်းသောသားလေး ဂျွန်းဂျောင်ကုကိုလဲ သူ့ကို တွဲခိုင်းထားသေးသည်

ဒီလိုဆိုတော့လဲ ချဉ်းကပ်ရသား လွယ်သား

~~~~~Love last forever~~~~~

"အပေါ်ယံလေးပဲ ပွန်းတာမို့လို သိပ်စိတ်ပူစရာမရှိပါဘူး ပုံမှန်လေး သန့်ရှင်းရေးလုပ်ပြီးပဲ ဆေးထည့်ပေးပါ "

Love Last ForeverWhere stories live. Discover now