[Unicode]
"နေရတာ အဆင်ပြေလား သခင်လေး"
ထယ်ယောင်း သူ့အပေါ်ထပ် ကုတ်အနက်ရောင်ကိုချွတ်ကာ ကောင်လေးပုခုံးပေါ် ခြုံပေးလိုက်သည်
"ကျွန်တော်က အဆင်ပြေပါတယ် လန့်သွားရုံလေးပါ ဟင်...ထယ်ယောင်း နဖူးမှာ သွေး...သွေးတွေ..."
ကောင်လေးအော်သံကြောင့် သူ့နဖူးသူ ပြန်စမ်းကြည့်လိုက်သည်
နောက်ကကားဝင်ဆောင့်တုန်းက တိုက်မိသွားတာဖြစ်မည်
"အဆင်ပြေရဲ့လား အများကြီးထိမိသွားတာထင်တယ်.."
ကောင်သေးသေးလေးက လှမ်းလာသည့် လက်လေးတွေ သူ့နဖူးပေါ် မရောက်ခင် ဖမ်းပြီး ဆုပ်ကိုင်လိုက်သည်
"ဒါလေးက ဘာမှမပြောပလောက်ပါဘူး သခင်လေးရယ် ဒီ့ထက်ဆိုးတာတွေတောင် ခံစားခဲ့ရသေးတာပဲ..."
သူကတော့ အခြားအဓိပ္ပာယ်တစ်ခုနဲ့ မဲ့ပြုံးပြုံးကာ ပြောလိုက်ပေမယ့် ထိုကောင်လေးက ဘာကို နားလည်သွားလဲ မသိ
ခေါင်းတစ်ဆတ်ဆတ်ညိတ်ကာ သူ့ပုခုံးအားပုတ်ရင်း မျက်လုံးဝိုင်းကြီးများဖြင့် အားပေးနေရှာသည်"အာ ထယ်ယောင်း ဟိုနားမှာ စတိုးဆိုင်လေးတစ်ခုတွေ့တယ်.."
ကောင်လေး လက်ညိုးညွှန်ရာ သူကြည့်လိုက်တော့ Mini convenience storeလေးတစ်ခု
"သခင်လေး..ဘာလိုချင်လို့လဲ ကျွန်တော်သွားဝယ်ပေး.."
ထယ်ယောင်းစကားတောင် မဆုံးလိုက် ကောင်လေးက သူ့လက်အားဆွဲကာပြေးတော့သည်
"ဟူး...မောလိုက်တာ"
ကားဂိတ်နဲ့စတိုးဆိုင်က ဘယ်လောက်မှမဝေးသော်လည်း ဂျောင်ကုကတော့ ရောဂါအခံနှင့်မို့ လက်လေးနှစ်ဖက်ကိုဒူးပေါ်တင်၍ ခါးလေးကုန်းကာ အမောဖြေနေသည်
ထို့နောက် ဆိုင်ထဲကို တတောက်တောက်လျှောက်ဝင်သွားပြန်သည့် ကောင်လေးနောက်ကို ထယ်ယောင်းလိုက်ရပြန်သည်
"ဗိုက်ဆာနေလား ထယ်ယောင်း."
ဆိုင်သေးသေးလေးကို ပတ်လျှောက်ကာ သူလိုချင်တာတွေယူထည့်နေရင်း ထယ်ယောင်းဘက်လှည့်ကာ မေးသေးသည်