[Unicode]
"ထယ်ယောင်း မြန်မြန်လာလေ နောက်ကျနေပါပြီဆို.."
ဒီနေ့ ကျောင်းလေ့လာရေးခရီးသွားကြမှာမို့ ဂျောင်ကုက အတော်ပင် တက်ကြွနေလေသည်
သူမပါတဲ့ ခရီးတွေဆို တစ်ခါမှ မလွှတ်တတ်တဲ့ မေမေက ဒီတစ်ခါတော့ ထယ်ယောင်းကိုပါ ထည့်ပေးပြီး ခွင့်ပြုပေးလိုက်သည်
တစ်ညအိပ် နှစ်ရက်ခရီးကို ဂျောင်ကုတို့ကတော့ သူ့စိတ်တိုင်းကျ အင်္ကျီတွေကောက်ထည့်ပြီး တစ်လစာလောက်ဖြစ်သွားတော့ နောက်မှာ မနိုင်မနင်းသယ်နေရတဲ့ ထယ်ယောင်းကို လှမ်းအော်ပြီး မြန်မြန်လာဖို့ပြောနေသေးသည်
ဖြူဖွေးစွတ်နေတဲ့ hoodieကြားမှာ ခေါင်းလေးပဲထွက်ကာ တစ်ကိုယ်လုံးအဝတ်ထဲမြုပ်နေတဲ့ ကောင်လေးကိုကြည့်ပြီး ထယ်ယောင်း အသည်းယားစွာ ဖျစ်ညှစ်ပစ်ချင်လာသည်
ထိုကောင်လေးအမေက သူ့အားအထပ်ထပ်စောင့်ရှောက်ဖို့မှာထားတာကြောင့် အရှေ့က အဖြူလုံးကို မျက်စိအောက်ကပင် အပျောက်မခံကာ နောက်မှ တစ်ကောက်ကောက်လိုက်နေရသည်
"ဂျောင်ကု မင်းလဲ လိုက်မှာလား.."
"အင်းလေ..."
ထိုစကားကို ခေါင်းလေးငြိမ့်ကာ တက်ကြွစွာဖြေလိုက်ပုံမှာ ဂျောင်ကုပျော်နေမှန်းသိသာလှသည်
ကျန်းမာရေးမကောင်းတာကြောင့် အမြဲလိုလိုထိန်ချန်ထားခြင်းခံခဲ့ရတဲ့သူက အခုတော့ သူငယ်ချင်းတွေအများကြီးနဲ့ ကားအတူစီးရတော့မည်ဆိုတော့ ဂျောင်ကု အပြုံးလေးတွေက တကယ်ကိုပင် အသက်ဝင်တောက်ပနေသည်
"သခင်လေး ဒီကိုလာ..."
ထယ်ယောင်း အထုပ်တွေ ကားအောက်ထဲသွားထည့်ပြီးတော့ လူကြားထဲ ကြောင်တောင်တောင်လေးရပ်နေတဲ့ သခင်လေးကို သွားခေါ်ရသည်
ကျောင်းသားတွေအကုန်လုံးက ပျော်နေကြသည်မို့ ဟိုတွန်းဒီတိုက်နဲ့ တိုက်မိသွားခဲ့ရင် သက်သက်မဲ့အသားနာဦးမည်
"ပျော်စရာကြီးနော် ထယ်ယောင်း.."
"..."
"ဟီး ဟိုရောက်ရင် အရမ်းလှနေမှာပဲ.."