အဆင်သင့်ဖြစ်ပြီလားတဲ့လေ။
ဘာကို အဆင်သင့်ဖြစ်ရမလဲ
ငါမေးခွန်း ပြန်ထုတ်ကြည့်ချင်တယ်
နန်စီချစ်သူ ။မင်းနဲ့ခွဲရဖို့ အဆင်သင့်ဖြစ်နေပြီလား။
ဒါမဟူတ် ငွေကြေးအနည်းငယ်တန်ဖိုးဖြတ်ခံထားရတဲ့
စာရွက်တစ်ရွက်ပေါ်မှာ လက်မှတ် တစ်ခု အသက်သွင်းဖို့
အဆင်သင့် ဖြစ်တာကို မေးတာလား ။ နန်စီ့ အချစ်။ဒီလိုဆိုရင်တော့ မင်းမကြားနိုင်အောင်
ငါပြန်ဖြေရလိမ့်မယ်။ဘယ်တုန်းကမှ အဆင်သင့်မဖြစ်ခဲ့ပါဘူးလေ။
ဒါပေမယ့် ပျက်စီးသွားတဲ့ ယူံကြည်ချက်တွေကို
တိုင်တည်ပြီး ငါကျိန်ဆိုရလိမ့်မယ်။ ငါဟာ
မင်းရှေ့မှာ ရပ်နေသ၍ အရာအားလုံး အဆင်သင့်ပဲလို့
ငါ ဖွင့်ဟပါရစေ နန်စီချစ်သူ။အို နန်စီ နန်စီ။
လှပ၍ တင့်တယ်သော
နန်စီ။ မင်း သူ့ကို ပိုင်ဆိုင်သွားတာ
မဆန်းပါဘူးလေ။အနှစ်နှစ်ဆယ် နီးပါး သံယောဇဉ်ထုထည်ဟာ
တကယ်တော့ တစ်နှစ်နီးပါး ချစ်ခြင်းတရားဆိုတဲ့
ခေါင်းစဉ်အောက်မှာ ပြားပြားဝပ်သွားရတာပဲလေ။ဘယ်အရာမှ တရားသေ
မတွက်ထားသင့်ခဲ့တာ ငါအချိန်လွန်မှ သိခဲ့ရောပေါ့။ရွှေရောင်ဖောင်တိန်ကို တည်ငြိမ်စွာ ဆုပ်ကိုင်လို့
မင်းလက်မှတ်ထိုးနေခဲ့ပြီ။ခြေနှစ်ချောင်းကိူ ချိတ်ထိုင်ပြီး စေ့စေ့ကြည့်ဖို့
တော့ ငါမမေ့လျော့ခဲ့ဘူး နန်စီ့ချစ်သူ။ကံမကောင်းစွာပဲ အပြင်ဘက်က
မိုးဖွဲဖွဲက အလွမ်းဓာတ်ကို
မြင့်စေပြန်တယ်နန်စီရဲ့အချစ်ရေ ။ဒါပေမယ့် ငါမငိုပါဘူးလေ။
မျက်ရည်ကျမိတဲ့အချိန်က နည်းပါးပေမယ့်
မင်း ငိုရော ငိုတတ်လို့လားလို့ ခါတိုင်းလို
စနောက်မှာကို ငါကြောက်မိတယ်လေ ။မင်းငါ့ကို အေးစက်စွာ ကြည့််ပြန်ပြီ ။
စာရွက်ပေါ်က မင်းလက်မှတ်ကလေးက
သပ်သပ်ရပ်ရပ်နဲ့ အဆုံးသက်တစ်ခုအကြောင်း တီးတိုး ပြောပြနေတယ်။

YOU ARE READING
Dear Nancy's Love (Unicode + Zawgyi)
Fanfictionမင်းချစ်သူကို တစ်ခါလောက်တော့ နောင်တရစေချင်မိတယ် နန်စီ ။