အသက် ဆယ့်တစ်နှစ်အရွယ် လုဟန်
ဆိုတဲ့ကောင်လေး ကျွန်တော့်ရှေ့မှာ
မျက်ဝန်းတောက်တောက် တစ်စုံနဲ့ရပ်နေတယ်။ ပျော်ရွှင်မှုက ဖန်တီးစရာမလိုပဲ
ဆော့ကစားနေကြ သစ်ရွက်တွေဆီကနေ ဝေ့ကနဲ လွှင့်ပျံလာတယ်။
ဘဝမှာ ပထမဦးဆုံးအကြိမ်
တစ်ပါးသူတစ်ယောက်ရဲ့လက်ကို နင့်နင့်နဲနဲဆုပ်ကိုင်ချင်မိခဲ့တယ်။ အဖြူရောင်မေတ္တာတို့က ကောင်းကင်ပေါ်က တိမ်တွေလို အဆုပ်လိုက် အဆုပ်လိုက် ပျံ့ကြဲလွန်းခဲ့တယ်။နာကျင်မှုနဲ့ ထုသားပေသားကျပြီးသား
နှလုံးသားက မင်းနဲ့တွေ့ပြီးတဲ့နောက်မှာ
အကောင်းပကတိ ပြန်ဖြစ်သွားတယ်။မင်းရဲ့အပြုံးတွေမှာ ငါအပြုံးတွေ
ပါဝင်တယ်။ကလေးတစ်ယောက်ရဲ့ အတွေးတွေမှာ
ငါ့ဘဝထဲ မင်းဝင်လာပြီး နောက်ပိုင်းကစလို့
ထာဝရဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုသေချာ မသိပါပဲနဲ့ နေရာပေးတတ်ခဲ့တယ်။ငါတို့ရဲ့ပျော်ရွှင်ခြင်းမှာ
တောင်ကုန်းထက်က
သစ်ပင်အချို့ ပါဝင်တယ်။တစ်နေ့သုံးကြိမ် အသံကြားရတဲ့
ဘုရားကျောင်းဆီက ခေါင်းလောင်းသံလည်း ပါဝင်တယ်။နှစ်ယောက်အတူပေါင်းပြီး အရူးလုပ်ဖူးတဲ့
ရွယ်တူသူငယ်ချင်းများ လည်းပါဝင်ခဲ့ဖူးတယ်။ငယ်ရွယ်တဲ့အချိန် ငါတို့အတိတ်မှာ။
လေတိုးသံသဲ့သဲ့ကစ ငါတို့ရယ်မောခဲ့ဖူး
တယ်။ဆယ်ကျော်သက်အရွယ် သစ်ရွက်လှုပ်သံကအစစိတ်လှုပ်ရှားမိနေချိန်မှာ ငါ့အတွက်
မြှားနတ်မောင်က မင်းဖြစ်ခဲ့ဖူးသလိုပဲ မင်းတွဲခုတ်ဖူးတဲ့ ကောင်မလေးတစ်ချို့အတွက် ကူညီပေးရတဲ့ သူကလည်း ငါပဲဖြစ်ခဲ့တယ်။တစ်ခါတစ်လေ ညလင်းပေါက်
ကြယ်တွေထိုင်ကြည့်ရင်း မိုးလင်းသွားသလို။တစ်ခါတစ်ရံ နေထွက်ပြီးနေပြန်ဝင်သွားတဲ့အထိ ငါတို့အတူတူ အပျင်းကြီးစွာ အိပ်စက်ခဲ့ဖူးတယ်။
YOU ARE READING
Dear Nancy's Love (Unicode + Zawgyi)
Fanfictionမင်းချစ်သူကို တစ်ခါလောက်တော့ နောင်တရစေချင်မိတယ် နန်စီ ။