အဲ့ဒီနေ့ကပေါ့ ။
အဲ့ဒီနေ့က နန်စီနဲ့ ငါဆုံခဲ့ကြတဲ့ နေ့တစ်နေ့ဖြစ်
ခဲ့တယ်။အဲ့ဒီနေ့ကသာ ငါနဲ့မျက်မှန်းတန်းမိနေတဲ့
ကျောင်းသားတစ်ယောက် အက်ဆီဒင့်မဖြစ်ခဲ့ရင်။အဲဒီ့နေ့ကသာ နာရီဝက်ခန့်စောပြီး
အိမ်က မထွက်လာမိခဲ့ရင်။အဲ့ဒီနေ့ကသာ နန်စီခေါ်တဲ့
ကော်ဖီဆိုင်ကို လိုက်မထိုင်မိခဲ့ရင်။အဲ့ဒီနေ့ကသာ မင်းနဲ့ပတ်သက်ပြီး
အရာအားလုံး စိမ်းသက်စွာပဲ ရှင်းလင်းပြီးသားဖြစ်ခဲ့ရင် ။တကယ်တော့ ငါဟာ
ကျော့ကွင်းမှာ မိမှန်းမသိ
မိနေတဲ့ သားကောင်လို
ပုံစံမျိုးအနေနဲ့ နန်စီ့ကို ရင်ဆိုင်ခဲ့ရတယ်
ချစ်လှစွာသော နန်စီချစ်သူ။..............................................................
.ဆေးရုံကုတင်ပေါ်မှာ နာလွန်းလို့ညည််းညူနေတဲ့ဂန်ဝူးကို Treatmentပေးနေတဲ့
နန်စီ့ပုံစံက ဝေဒနာကို တစ်ဝက်သက်သာ
စေနိုင်လောက်တဲ့ လက္ခဏာနဲ့ပြည့်စုံခဲ့တယ်။နန်စီ့အပြုံးက အေးအေးချမ်းချမ်း။
ခပ်ပြောင်ပြောင် ရှင်းရှင်းမျက်နှာလေးက
ချစ်စရာကောင်းသလို ဆွဲဆောင်မှုရှိတယ်။နန်စီ့ဂုဏ်သတင်းက
လူနာတွေကြားမှာ မွှေးပျံ့စွာ မြင်သူတိုင်းက
ရိုးကျိုးစွာ ဆက်ဆံကြတယ်။မင်းသိပ်တော်ပါတယ် နန်စီချစ်သူ။
မင်းရွေးချယ်ခဲ့တဲ့နန်စီဟာ သိပ်ကို
ပြည့်စုံတဲ့ မိန်းမကောင်းပဲ ။ဂန်ဝူးကို လိုအပ်တာတွေ ညွှန်ကြားပြီးတဲ့
နောက်မှာ နန်စီဟာ ငါ့ကိုနှုတ်ဆက်လာတယ်။နန်စီပိုင်ဆိုင်ထားတဲ့ အပြုံးလေးဟာ
ငါ့ကိုတစ်ခနတော့ စွဲဆောင်သွားလေရဲ့။မင်းစိတ်ဆိုးမှာလား နန်စီချစ်သူ။
"လုဟန် က ကော်ဖီကြိုက်တယ်လို့
ကျွန်မသတင်းရထားတယ်။
ဆေးရုံကန်တင်းက
ကော်ဖီက လုဟန် ကိုစွဲဆောင်နိုင်မယ်လို့
ကျွန်မအာမခံတယ်။ လိုက်ခဲ့မယ်မလား
လုဟန်"
YOU ARE READING
Dear Nancy's Love (Unicode + Zawgyi)
Fanfictionမင်းချစ်သူကို တစ်ခါလောက်တော့ နောင်တရစေချင်မိတယ် နန်စီ ။