Na Jaeminက အခုရက်ပိုင်း တစ်ဖက်သတ် ရည်းစားလေးတစ်ယောက် ကောက်ရတယ် ။
တကယ်ကတော့ လမ်းမပေါ်မှာ ဖြတ်တိုက်မိတဲ့ ကောင်လေးကို ကြိုက်သွားရုံပဲ ။တောင်းပန်ပါတယ်လို့ ပြောတဲ့အချိန်မှာ ပြုံးသွားတဲ့ မျက်နှာက သုံးရက်လောက် သူ့ကို အိပ်ရေးပျက်စေသွားတယ် ။
အိပ်ရေးတင် ဘယ်ကမလဲ .. အလုပ်တွေရောပေါ့ ။Hoodieမိုးပြာရောင်လေးကို ခေါင်းစွပ်ထားတဲ့ မျက်နှာလေး .. တောင်းပန်ပြီးတဲ့နောက် ကွေးညွတ်သွားတဲ့ မျက်၀န်းအိမ်လေး ..
" ချီးပဲ "
" စောက်ရမ်းလှတယ် "
သူက ထပြီး အော်မိလိုက်တဲ့အချိန် အနောက်ကနေ အော်တိုထွက်လာတဲ့ အသံကြောင့် လန့်ပြီး လှည့်ကြည့်လိုက်မိတော့ သူ့အခန်းထဲ ဘယ်တုန်းက ရောက်နေမှန်းမသိတဲ့ Lee Hyuckကို တွေ့တယ် ။
သူ့ထုံးစံအတိုင်း ကောင်မလေးတွေ ဓာတ်ပုံကြည့်ရင်း ပြောလိုက်တာပေမယ့် Jaeminမှာ ကျောပါမလုံ ဖြစ်သွားရတယ် ။" WTF BRO ? "
" ဟမ် ? "
" ဘယ်တုန်းက ရောက်နေတာလဲ "
" မင်းဘိုးအေ မွေးကတည်းက "
အဲ့တာက သူတို့အစစ်ပဲ ။
ငယ်ငယ်လေးတည်းက အတူတူရှိလာကြပေမယ့် တစ်စက်မှ မတည့် ။" နေစမ်းပါဦး ငါမေးဦးမယ် ။ ငါဒီအခန်းထဲ ရောက်လာတာတောင်မသိရအောင် မင်းက ဘာတွေတွေးနေလို့လဲ "
" ရည်းစားလေး အကြောင်း "
သူက ပြုံးဖြီးပြီးပြောတော့ Hyuckက မျက်ဖြူစိုက်သလို လုပ်ပြတယ် ။
" ဘယ်က ရည်းစားလဲ "
" ဒီလိုပဲ ရှိတယ် "
တစ်ယောက်က အပ် ၊ တစ်ယောက်က အပ်ချည်သာဆို တစ်သက်လုံး အပြဲအစုတ်နဲ့ပဲ နေသွားရမယ့် ကံမျိုးနဲ့ သူတို့နှစ်ယောက်က တည်ရှိတယ် ။
ဘယ်တော့မှ အပေါက်အလမ်း တည့်လာမှာ မဟုတ်တဲ့ နှစ်ဦးတည်းသော သူငယ်ချင်းနှစ်ယောက်ပါပဲ ။" Hyuckရာ ... ငါပြောမယ် !
ငါ တစ်ယောက်ယောက်ကို အရမ်း ကြိုက်နေတယ် "သူက အဲ့လိုပြောလိုက်တော့ သူထိုင်နေတဲ့ ဆိုဖာလက်တန်းပေါ် Hyuckက လာထိုင်တယ် ။