My First And Last

815 70 3
                                    

အချစ်ဦး တဲ့ ။
စကားလုံးက သုံးလုံးတည်း ။
တွေးမိလိုက်ရင်ကို နှင်းဆီပန်းကလေးပွင့်လာသလို ခံစားချက်က ဒီတစ်ယောက်ဆီမှာပဲ အကုန်ရှိနေသလို‌ပေါ့ ။

အချစ်ဦးကို မြေးဦးရတောင် မမေ့ဘူးဆိုတဲ့ စကားထက်
မြေးဦးလေးကို အတူတူပျိုးထောင်ပေးချင်တာမျိုး ။

တစ်စုံတစ်ယောက်ရဲ့ အပြုံးကြောင့် လှခဲ့ရတဲ့ တိမ်တွေအကြောင်းပြောကြမယ်ဆို ကျွန်တော်ကတော့ သူ့အပြုံးတွေအကြောင်းကို အရင်ဆုံး အားရပါးရ ပြောမိလိမ့်မှာ ။

ချစ်ခြင်းမေတ္တာက ဒီလိုလှတဲ့အကြောင်း ၊
သံယောဇဉ်ကြိုးလေးက ဒီလိုမြဲတဲ့အကြောင်း ၊
သူ့ကို ဒီလိုချစ်ရတဲ့အကြောင်း ..။

.....................................

" ဘာပြောမလို့ ထူးထူးခြားခြားတွေ အပြင်မှာ လာစောင့်နေတာတုန်း .. အိမ်ရောက်ရင် တွေ့မှာပဲကို "

ဂျဲနိုက အဲ့လိုပဲ အပြုံးအရယ်လေးနဲ့ ။
လေသံအေးအေးက အမြဲတမ်း စိတ်ကိုနွေးစေတယ် ။

" နောက်အပတ်ထဲ အလုပ်ခရီးထပ်သွားရဦးမယ်ဆို ။ ဒုံးဟျော့ခ် ခုနက ရန်ကျွင့်နဲ့ စကားပြောနေကြတာကြားလို့ .. "

" အိမ်ရောက်မှ ပြောပြမလို့ကို သိသွားပြန်ပြီ ။ ဒီအီဒုံးဟျော့ခ်ကတော့ "

သူငယ်ချင်းကို အသံတိုးတိုးနဲ့ ကြိမ်းတဲ့ ဂျဲနိုက သူ့ရှေ့မှာတော့ ချစ်စရာ ရယ်ချင်စရာလေး ။
အမြဲတမ်းပဲ အဲ့ဒီလို ဖြစ်နေတာ ။

" ငါလည်း နောက်အပတ်အထိ မအားနိုင်သေးဘူးလေ ။ အဲ့တာကြောင့် ဒီနေ့ မင်းနဲ့ အတူတူ အပြင်မှာ အချိန်ဖြုန်းမလားလို့ ရန်ကျွင့်ကို ရုံးမှာထားခဲ့ပြီး လာတာ "

" မင်းနဲ့ငါ အိမ်မှာ မတွေ့ရတာကျနေတာပဲ ။ မင်းကတော့လေ .. ထူးထူးဆန်းဆန်းတွေလုပ်ပြီ "

အပြောက သက်သက်ပေမဲ့ ကျေနပ်နေတဲ့မျက်နှာနဲ့ ။
ဂျယ်မင်းက ရယ်မိပါတယ် ။

ကော်ဖီဆိုင်လေးထဲမှာ လူမများဘူး ။
အထူးအဆန်းမဖြစ်နေတဲ့ ဒီပတ်၀န်းကျင်က သူတို့ကျောင်းတက်တည်းက အတူလာနေကျနေရာလေး ။

" ငါဒီတစ်ခေါက်သွားမှာက နှစ်ပတ်ပဲကြာမှာ ။ အရင်ကလို တစ်လလောက်မဟုတ်ဘူး ။ တကယ်ခဏလေးပဲ "

JenJaem / NoMin Short StoriesWhere stories live. Discover now