I'm in love with a Criminal (2)

888 108 10
                                    

" Jeddong-ieee "

သံရှည်စွဲပြီးတော့ကို ခေါ်ရင်း တက္ကသိုလ်၀င်းထဲကနေ ထွက်လာတဲ့ သူ့ရည်းစား‌လေးကို Jaeminက ပြေးဖက်မိတယ် ။

ဟင်း .. ဘာလို့ Jeddong-ieက သူ့ထက် နည်းနည်းလေး အရပ်ပို‌မြင့်နေသယောင် ခံစားရတာလဲ !

ဒါနဲ့ မပွင့်တပွင့် ပြုံးပြလာတဲ့ သူ့ရည်းစားလေးက သူလာကြိုတာကို မကြိုက်တာများလား ?

" ဟိုလေ Na Jaemin ssi "

အဲ့ဒီလို နာမည် အပြည့်အစုံကိုတောင် ssi ထည့်ခေါ်‌တာကိုလည်း သဘောမကျဘူး တကယ် ။

" အင်း ဘာလိုချင်လို့လဲ "

လိုချင်တာရှိရင် အကုန်၀ယ်ပေးမယ် ငါကွ ဆိုတဲ့ ပုံနဲ့ ဘောင်းဘီအိတ်ကပ်ထဲကနေ ကဒ်တစ်ခုခုကို ထုတ်ပြဖို့ ပြင်ပေမဲ့ ..

" လိုချင်တာရှိရင် အကြွေးမှတ်ထား ။ ငါကဒ်တွေကို အိမ်မှာထားခဲ့မိပြန်ပြီထင်တယ် "

ရည်းစားလေးတစ်ယောက် ထားမိပါတယ် ။ ငါးပါးကို မှောက်ရော .. သူ့မြင်ချင်တာနဲ့ ကျန်တာအကုန်မေ့နေတယ် ။

" အနောက် .. အနောက်မှာ ငါတို့နောက်ကို လူလိုက်လာတယ် ထင်တယ် "

ဘာသေနတ်မှ မယူလာဘဲ မြို့လည်ခေါင်ကြီးမို့ ခေါင်းကြိမ်းသွားပေမဲ့ လှည့်ကြည့်ပြီးတော့ တိတ်တိတ်လေး ကျိန်ဆဲမိလိုက်ရသေးတယ် .. 'မင်းမေကြီးတော်' လို့ ။

" ငါ့အဖေလူတွေ "

ရည်းစားနဲ့ ရည်းစားဖြစ်တာက ငါးရက်တော့ ရှိပြီ ။
မြို့ထဲကို ပြန်ရောက်နေတာကလည်း ဘာပြဿနာမှ မဖြစ်လောက်ဘူးလို့ ယုံစားပြီးတော့ပါပဲ ။

ကားထဲကို Jeddong-ieကို ၀င်ခိုင်းပြီး သူက မောင်းတဲ့နေရာ ၀င်ထိုင်လိုက်တယ် ။
ဦးတည်ချက်မရှိ လျှောက်သွားမလို့ ကြံပြီး တွေ့ကရာပတ်မောင်းနေရင်းက သူက ရည်းစားလေး ငြိမ်နေတာကို တွေးမိတယ် ။

" Jeddong-ie မင်းတစ်ခုခုဖြစ်နေတာလား "

" ဟင့်အင်း .. အမေ့ကို စဉ်းစားနေတာပါ "

နောက်ကြည့်မှန်က ကြည့်တော့ အဖေ့လူတွေကား ပါလာသေးတာနဲ့ သူက ‌ဖြည်းဖြည်း‌ပဲ မောင်းနေမိတုန်းပဲ ။ မှန်အပြင်ကိုငေးနေရင်း တွေတွေလေး အဲ့စကားကို ပြောလာတဲ့ ရည်းစားလေးကြောင့် သူက ဆက်မေးရမလား တွေးမိလိုက်သေးတယ် ။ ဒါပေမဲ့ ရည်းစားလေးက သူ့ဘာသာ ဆက်ပြောလာတယ် ။

JenJaem / NoMin Short StoriesWhere stories live. Discover now