Part 2

28 6 2
                                    

Uni

ညနေ 6နာရီ သူသွားမှာဆိုတော့ အခုက အချိန်ရသေးသည်။ ထို့ကြောင့် ဂျောင်ကုတစ်ယောက် သူ့ ရဲ့ ပန်းရောင်လုံးကိုလာနှုတ်ဆက်တာ "

"ဪ ပြန်တော့မယ်ပေါ့ ဘယ်တော့လဲ"

"ဟုတ် ညနေဘဲ ဒါနဲ့ ကျွန်တော့်ရဲ့ ပန်းရောင်လေးရော"

"မင်းရဲ့ ပန်းရောင်လေး စားပြီးလို့ အိပ်နေလေရဲ့ ခနနေလောက်နိုးလာလိမ့်မယ် ထင်တယ် အိပ်တာကြာပြီဆိုတော့ "

"ဟုတ် hyung အဲ့ဒါဆိုကျွန်တော် စောင့်နေလိုက်မယ် ကျွန်တော်လည်းဒီနေ့ အလုပ်တွေနားတာဆိုတော့"

"အင်း အဲ့ဒါဆိုလည်းသွားစောင့်လိုက်လေ"

"ဟုတ်"
ဂျောင်ကုလည်းသူ့ရဲ့ပန်းရောင်လုံးလေးရှိရာအခန်းဆီသို့ လာခဲ့လိုက်သည်။ အမယ်လေး အိပ်နေတာများ ကုလားသေကုလားမော ပါးလေးတွေကလည်းလုံးလုံး‌ေဖာင်း‌ေဖာင်းလေး ယောကျာ်းလေးဖြစ်ပြီး ကြိုက်လိုက်တဲ့ ပန်းရောင်ဆိုတာလည်းလွန်ပါရော ၊အသက်ကသာ 40ကျော် သူ့ကို ဦးလေးခေါ်ရင် တစ်စက်မှမကြိုက် ဘယ်လည်းကြိုက်ပါ့မလဲလေ ချောတာမှနုဖက်နေတာကို စိတ်ရောဂါသည်လို့တောင်မထင်ရဘူး။ လူကိုလည်း ယုန်အုန်းသီး ချင်းဂုတဲ့လေ။

"အင်း......အင့်.......ဝှါးးးးးးးးးးးးဟာ ဂျောင်အုန်းသီးလေး ငါ့ ဆီလာတာလား"

"အင်း ဟုတ်တယ် ကိုယ့်ရဲ့ ပန်းရောင်လေးဆီလာတာ အင်းးးးးးလာနှုတ်ဆက်တာဆိုပိုမှန်မယ် ထင်တယ်"

"ဟာ ဂျောင်အုန်းသီးလေးက ဘယ်သွားမို့လဲ"

မျက်နှာငယ်လေးနဲ့မေးလာပြန်တော့လဲ ဂျောင်ကုမှာ စိတ်မကောင်းပေ

"ကိုယ် ပန်းရောင်လေးကိုပြောပြ‌ထားတယ်လေ ပန်းရောင်လေး ကမမှတ်မိဘူးလားလို့"

"ဪ သိပြီ ဂျောင်အုန်းသီးရဲ့ နှလုံးသားလေးဆီသွားမို့လား"

"အင်း ဟုတ်တယ် ပန်းရောင်လေးတော်သားဘဲ မှတ်မိတယ် ကြည့်စမ်း ချစ်ဖို့ကောင်းလိုက်တာ"

"ငါ ကအမြဲတမ်းချစ်ဖို့ကောင်းပြီးသား အဲ့တော့ ဆုချ "

"ဟမ် ဘာဆုချရမှာ"

Pain of LoveWhere stories live. Discover now