"အစ်ကို ကျွန်တော်နဲ့ဘောလုံးကစားတာကိုလိုက်ကြည့်ပေးပါလား "
အလက်ာ တစ်ယောက် အဏ္ဏဝါ့ကိုကပ်တိုးလေးပူဆာ နေလေ၏။ အဏ္ဏဝါက အရမ်းအသန့်ကြိုက်ပြီး သီးသီးသန့်သန့်နေတတ်တယ်။ ချွေးထွက်ရတဲ့ အားကစားဆို မကြိုက်တဲ့ အဏ္ဏဝါကြောင့် အလက်ာ ကဘောလုံးအတူတူကစားဖို့တောင်းဆိုချက်အစား ဘောလုံးကစားတာလိုက်ကြည့်ပေးဖို့တောင်းဆိုချက်လေးကိုပဲ အလိုက်တသိတောင်းရှာသည်။
"နော် အစ်ကို "
"ကဲ ကိုယ်တော်လေးရေ။ ငါညနေကျူရှင်မှာ စာမေးပွဲရှိတယ်ကွ ။ ငါစာလုပ်ရမယ်လေ "
"အစ်ကိုကအဲ့လိုပဲ အမြဲကျွန်တော့်ကိုဆို လျစ်လျူရှုနေတာ"
အလက်ာက စာရေးခုံပေါ် လက်လေးပိုက်လို့မှောက်ချပြီး အသံတိုးတိုးလေးနဲ့ညီးညူပြ တော့ အဏ္ဏဝါ ကအလကားနေရင်းလူဆိုးကြီးဖြစ်ရရှာပြီ။
"မင်းတို့က ဘယ်အတန်းနဲ့ကန်မှာလဲ "
အလက်ာခေါင်းလေးပြန်ထောင်လာပြီး သွားဖြူဖြူလေးတွေပေါ်တဲ့အထိပြုံးပြလျက်
"ကိုးတန်း နဲ့ "
"ကိုးတန်းလား။ ငါတို့အခန်းထဲကလား "
"မဟုတ်လောက်ဘူး။ အစ်ကိုတို့အခန်းကိုကြည့်အုံး။ စာကြမ်းပိုးတွေချည်းပဲ။ "
"ထားပါတော့။ "
"အစ်ကို လိုက်မယ်မလား။ လာသွားရအောင်။ ကျောင်းတက်ဖို့နာရီဝက်လိုသေးတယ်"
"ဟေ့ကောင် "
အဏ္ဏဝါ စကားလေးတောင်မဆုံးလိုက် အလက်ာလေးဟာ အဏ္ဏဝါ့လက်ကိုဆွဲလို့ ကျောင်းဘောလုံးကွင်းရှိရာဆွဲခေါ်သွားတော့၏။
"ဟေ့ကောင် မျိုးမြင့်ထွန်း ငါလူစားလဲမယ် "
"အေး! "
အလက်ာက သူ့သူငယ်ချင်းဖြစ်သူနဲ့လူစားလဲဖို့ပြင်သည်။ အဏ္ဏဝါ ကတော့ ဘောလုံးကွင်းဘေးက အရိပ်ကောင်းကောင်းရှိတဲ့ခရေပင်အောက်မှာ စီးထားတဲ့ကတ္တီပါဖိနပ်လေးခုလို့ထိုင်လိုက်သည်။
"အစ်ကို ကျွန်တော်ကစားတာကြည့် "
"အေး။ ချော်လဲအုံးမယ် "
YOU ARE READING
မောင့်ကိုမှ ချစ်မိနေပါတယ် <<ေမာင့္ကိုမွ ချစ်မိနေပါတယ်>>