"ညီလေး ယူမလို့လား ။ "
"ဗျာ..."
အက်ရှရှလေးနဲ့ ယောက်ျားပီသတဲ့အသံလေး။
အို.. အစ်ကိုရယ်။ ကျွန်တော် ရူးရချည်ရဲ့။"ညီလေးယူရင် ယူလိုက်လေ။ အစ်ကိုက
အခြားတစ်ခုယူလိုက်ပါ့မယ်"ခေါင်းလေးငြိမ့်ပြတဲ့ အစ်ကိုက သူ့လက်ထဲက
ကြာဇံကြော်ထုတ်လေးကို အလင်္ကာဆီကမ်းလို့ပေး
တယ်။ အလင်္ကာ့ မှာအသက်ရှူတောင်အောင့်လိုက်မိ
တဲ့အထိ။ ပြုစားပါအုံး အစ်ကို။"ကျွန်တော်.. ကျွန်တော် မယူတော့ပါဘူး။
အစ်ကိုပဲယူလိုက်ပါ ။"အလင်္ကာ့စကားသံတွေက တုန်တုန်ရင်ရင်။
အစ်ကိုကတော့ ဒုတိယအကြိမ်မြောက်ထပ်ပြုံးတယ်။"ဒါဆို အစ်ကိုယူသွားလိုက်မယ်နော်။
ကျေးဇူးပဲ ညီလေး။""ဟုတ်ကဲ့ အစ်ကို။ "
တစ်နေ့နေ့ပေါ့။ အစ်ကိုက
ကျွန်တော့်အပိုင်ဖြစ်လာမယ့် တစ်နေ့နေ့ကျရင်
ညီလေးဆိုတဲ့ နာမ်စား နေရာမှာ
မောင် ဆိုတဲ့နာမ်စားကိုအစားထိုးခိုင်းပါအုံးမယ်။နှစ်ရာတန် အသစ်လေးကို ကြာဇံကြော်သည်အန်တီ့
ဆီကမ်းလို့ အလင်္ကာ့ကိုလက်ပြကာ မုန့်ဈေးတန်းဆီမှ
အစ်ကိုဟာထွက်ခွာသွားဖို့ပြင်တယ်။"အစ်ကို! "
အလင်္ကာ့အသံက မုန့်ဈေးတန်းတစ်လျှောက်
ပျံ့နှံ့သွားပြီး ကျောင်းသူကျောင်းသားအချို့ကတောင်
လှည့်ကြည့်ကြတယ်။ အစ်ကိုကလည်း
ရောက်ရာနေရာမှာ ရပ်လို့ အလင်္ကာဘာပြောချင်
သလဲနားစွင့်နေဟန်။ အလင်္ကာ့ရင်တွေ ခုန်နေလိုက်
တာများ.. ။"အစ်ကို့ နာမည် ကျွန်တော့်ကိုပြောပြပါလား။
ကျွန်တော် အစ်ကို့ကို ခင်ချင်လို့ "တစ်စက္ကန့် ~
နှစ်စက္ကန့် ~
သုံးစက္ကန့်~အချိန်တွေက ကုန်တာနှေးလိုက်ပုံများ.. ။
သုံးစက္ကန့်ပြည့်တဲ့အချိန်မှာ အစ်ကိုဟာ
သူ့ဆီကိုပြန်လျှောက်လာပြီး အက်ရှရှအသံလေးနဲ့
တိုးတိုးလေးကပ်ပြောပြသွားတယ်။"အစ်ကို့ နာမည်က အဏ္ဏဝါ ပါ" တဲ့။
ထိုအချိန်ကစလို့ သတ္တမတန်းကျောင်းသားလေး
အလင်္ကာရဲ့ဘဝထဲကို အစ်ကိုဟာ ဆူးလေးတစ်ချောင်း
လိုပဲ နစ်ဝင်ခဲ့တော့တယ်။
YOU ARE READING
မောင့်ကိုမှ ချစ်မိနေပါတယ် <<ေမာင့္ကိုမွ ချစ်မိနေပါတယ်>>