Chapter (1)

3.4K 255 3
                                    

Unicode

*************************

Chapter (1)

"အရှင်မင်းကြီး မနက်စာ စားဖို့ အဆင်သင့် ဖြစ်ပါပြီ.."

ကိုယ်ရေးအရာရှိချုပ် လာပြောချိန်တွင် ရဝေတစ်ယောက် နက်ခ်တိုင်ပင် တပ်လို့မပြီးသေးချေ။ ငြီးစီစီနှင့် မကြည်လင်သည့် စိတ်ကို ခပ်မြန်မြန် နှင်ထုတ်လိုက်ရပြီး နက်ခ်တိုင် စီးနေသည့် လက်တွေကို အရှိန်မြှင့်လိုက်ရလေသည်။

"Ok ကိုဆောင်း.. ခဏလေး လာပြီ.."

"အေးဆေးလုပ်လို့ရပါတယ်.. ကျွန်တော်တို့ နောက်မကျသေးပါဘူး ခင်ဗျာ.."

ကိုယ်ရေး အရာရှိချုပ်တစ်ဖြစ်လဲ ကိုဆောင်း သည် ရဝေ့မျက်နှာပေါ်က မျက်ကွင်းညိုတွေကို သတိထားမိသွားပုံရသည်။ နားလည်မှုရှိစွာဖြင့် ပြုံးပြကာ ပြောလာသည်။

ရဝေကတော့ ကိုဆောင်း၏ အပြုံးသည် သနားသဖြင့် ပြုံးသည်ဟုပင် ထင်မြင်မိသည်။ ရဝေ၏ ဘဝဖြစ်စဉ် အစအဆုံးကို သိထားသူ ကိုဆောင်းတစ်ယောက် သူ့ကို သနားနေနိုင်လောက်သည်ဆိုတာ ခန့်မှန်းမိတာကြောင့် ထွေထူးခံစားမနေတော့ချေ။

နိုင်ငံတစ်နိုင်ငံကို ဦးဆောင် အုပ်ချုပ်နေရသည့် ဘုရင်တစ်ပါးသည် အနီးကပ်နေရသူအမြင်မှာတော့ သနားစရာကောင်းလောက်အောင်ကို နားချိန်မရှိခဲ့ပေ။ လူနားချိန်ရှိကောင်းရှိနိုင်ခဲ့ပေသော်လည်း စိတ်ကိုအနားပေးချိန်မရှိခဲ့သည်ကတော့ အမှန်။

သူ ထီးနန်းဆက်ခံခဲ့သည့် အချိန်ကဆိုလျှင် ရှစ်နှစ်။ အိမ်ရှေ့စံ ဖြစ်ခဲ့သည့် အချိန်ကနေ စရေတွက်မယ်ဆိုလျှင် ဆယ်နှစ်။

ဟူး....

အတွေးတွေကို လတ်စသတ်လိုက်ပြီး တစ်ကိုယ်ရည်ပြင်ဆင်မှုကိုလည်း လတ်စအမြန်သတ်သည်။

မနက်ပိုင်း အစည်းအဝေးများအတွက် အသင့်တော်ဆုံးဖြစ်သည့် အနောက်တိုင်း ဝတ်စုံ နီညိုရောင်၊ အောက်ခံ ရှပ်အင်္ကျီအနက်ရောင်၏ ကော်လာစတွင် နိုင်ငံ၏ နန်းတွင်း အမှတ်အသား တံဆိပ် ပွင့်ဖတ်ခြောက်ခုပါ ပန်းရင်ထိုးလေး၊ နာရီနှင့် ဘုရင်တစ်ပါးတွင်ရှိသင့်သည့် အရှိန်အဝါတို့ကို ပေးစွမ်းသည့် အဆောင်အယောင်တွေကို ကိုယ်ပေါ်မှာ ဝတ်ဆင်ပြီးနောက် မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုကြည့်လိုက်မိသည်။

Royal & LoyalWhere stories live. Discover now