Chapter (2)

1.3K 196 9
                                    

Chapter 2

Unicode

"လေးလေး.. လေးလေး... ဘယ်ကို သွားနေတာလဲ"

ကြယ်စင့်ကို သူမကို ပွေ့ချီထားရင်း ခြေဦးတည့်ရာ လျှောက်နေသည့် လွှမ်း၏ ပုခုံးစွန်းနှစ်ဖက်ကို ပုတ်လျက် မေးနေသည်။ လွှမ်း ဘာဆိုဘာမှမစဉ်းစားနိုင်၊ ကြယ်စင့်အသံကို ကြားနေရသော်လည်း ခေါင်းထဲမရောက် ရုတ်တရတ် လျင်မြန်လာတဲ့ နှလုံးခုန်သံတွေကိုစေစားသူ တရားခံရဲ့ အဝေးကို ပြေးထွက်ချင်တဲ့ အသိစိတ်တစ်ခုသာ ရှိနေခဲ့သည်။

လူတစ်ချို့ကို တိုက်မိသွားသည်ကိုတောင် လွှမ်းမတောင်းပန်မိခဲ့။

"သူငယ်ချင်းနဲ့ ဆရာမတွေ ဟိုမှာ ကျန်ခဲ့ပြီ လေးလေးရဲ့"

တော်တော်လေး အလှမ်းဝေးပြီးတော့ ကိုယ့်ကို မမြင်ရလောက်တော့ဘူးလို့ ခံစားရတဲ့ နေရာလောက်ရောက်မှ လွှမ်း အမြန်လျှောက်နေမိတာကို ရပ်လိုက်ကာ ကြယ်စင့်ကို ချပေးလိုက်မိသည်။

"ခဏလေးနော် သမီး .. လေးလေး မောနေလို့"

ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်မိတော့ Pop Up Store လေးတစ်ခုရဲ့ အနောက်မှာ နှစ်ယောက်သား။ မသိရင် တစ်စုံတစ်ယောက်ရဲ့ မြင်ကွင်းက လွတ်အောင် ပုန်းကွယ်နေမိသလိုမျိုး။ အနောက်ကနေ ဘယ်သူမှ လိုက်မလာတာကို မြင်လိုက်ရပြီးတော့ စိတ်ထဲတစ်မျိုးဖြစ်သွားသလို။ လွှမ်းဘာတွေ ဖြစ်နေတာလဲ ကိုယ့်ကိုယ်ကို မဝေခွဲနိုင်တော့။

သေချာတာ တစ်ခုက တစ်ဖက်လူကို မြင်မြင်ချင်း လွှမ်း အရမ်းစိတ်လှုပ်ရှားသွားခဲ့တာကိုပင်။ ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ ဇာတ်လမ်းတစ်ပုဒ်က ဘယ်လိုမှ အသက်ဝင်လာစရာ အကြောင်းမှမရှိတော့တာ။ ဘာဖြစ်လို့ လိုအပ်တာထက် ပိုပြီးတော့ စိတ်လှုပ်ရှားသွားခဲ့မိတာလဲ။ ထွက်ပြေးခဲ့မိတာလဲ။

လွှမ်း သက်ပြင်းချလိုက်မိသည်။ ထိုသူနှင့် မျက်နှာချင်းဆိုင်တွေ့မိမှာစိုး၍ ဒီကစားကွင်းကြီးကို ဖွင့်ပွဲနေ့တော့ ကြယ်စင့်ကို လိုက်မပို့ပေးဘူးလို့ ဆုံးဖြတ်ချက်ချထားကာမှ ကြယ်စင်က သူမရဲ့ ကျောင်းအစီအစဉ်ဖြင့် သွားရမည့် အခြေအနေဖြစ်လာသဖြင့် မလွှဲသာ မရှောင်သာ ရောက်လာရသည့် အဖြစ်။ အခုအနေအထားမှာ မျက်နှာချင်းဆိုင် မတွေ့လောက်ဘူး တွေ့ရင်တောင် ထိုသူက လွှမ်းကို မမှတ်မိလောက်တော့ဘူးလေ ဆိုသည့် အတွေးဖြင့် လာခဲ့ကာမှ။

Royal & LoyalWhere stories live. Discover now