Ep(5)💚

1.1K 73 0
                                    

ဝမ်ရိပေါ် ပီဇာပို့သမားပုံစံဟန်ဆောင်၍
သူ့ကျဲ သော့ထားခဲ့တဲ့အခန်းထဲ ရောက်အောင်ဝင်ပြီးထိုသော့ကို ယူလာခဲ့တော့တယ်။သော့ပုံစံက လက်ကိုင်အဝိုင်းလေးနဲ့ သော့ထိပ်ပိုင်းမှာ အချွန်ပုံစံသုံးခုပါရှိပြီး ကလစ်လျှောပုံအချိုင့်လေးပါပါဝင်တယ်။
"သော့ကတော့လက်ရာမြောက်လွန်းတယ် ကြည့်ရတာ သေချာစီမံလုပ်ထားတဲ့ပုံပဲ..."

Company ရဲ့အပြင်ဘက်ရောက်တာနဲ့
သူ့ဘောင်းဘီအိတ်ထဲမှဖုန်းသံလေးကြောင့် ရိပေါ်ဖုန်းအမြန်ကိုင်လိုက်ပြန်ရဲ့...."ဟဲလို"

တဖက်မှ...
"ဟဲလို...ဝမ်ရိပေါ်လားဟင်...."

"ဟုတ်ပါတယ်ဝမ်ရိပေါ်ပါ ခုပြောနေတာ ဘယ်သူလဲဗျ..."

"ဟိုလေ...အကို့နာမည်ကရှောင်ကျန့်ပါ.."
ရှောင်ကျန့်လည်း သူ့ကိုကူညီသွားတဲ့လူကိုကျေးဇူးတင်စကားပြောလိုက်ပြီး...သူ့
အိမ်ကိုထမင်းစားဖိတ်လိုက်တော့တယ်
ဝမ်ရိပေါ်ကို။

"ဟုတ်ကဲ့....ဒါဆိုရင် ကျွန်တော်ခုပဲလာခဲ့ပါ့မယ် ကျန့်ကော။
ကျန့်ကောလို့ ခေါ်လို့ရတယ်မဟုတ်လားဟင် ခေါ်ခွင့်ပြုပါကော။"

"ဟုတ်ကဲ့ဗျ...ရပါတယ် ကောခွင့်ပြုပေးပါတယ် ရိပေါ်။"

"ဟုတ်..ကျန့်ကော ကျွန်တော်အမြန်ဆုံးရောက်အောင်လာခဲ့ပါ့မယ် ကောစောင့်နေပေး။"

"အင်းပါ... ကော စောင့်နေပါ့မယ် ရိပေါ်။"

ရိပေါ်လည်း...
ဟုတ်ကဲ့ကျန့်ကော...ဆိုပြီးဖုန်းချလိုက်တော့တယ်။

ဝမ်ရိပေါ်ကတော့အပြုံးတွေ ဝေဝေ ဆာဆာရှိနေခဲ့ပြီး...
"ကောက ငါ့ဆီကိုဖုန်းဆက်လာတယ်
ငါအရမ်းကံကောင်းတဲ့သူပဲ..ကမ္ဘာမှာ
ငါကပျော်စရာအကောင်းဆုံးလူသားပဲ
ခုချိန်မှာပေါ့ ချစ်တယ် ကော... ဒါကြောင့် အနေနီးအောင်ပဲဝမ်လေးကြိုးစားသွားမယ်"

နီးစပ်ရာ Taxic ကိုလှမ်းတားပြီး
ရိပေါ်ရှောင်ကျန့်ရှိရာဆီ ထွက်လာခဲ့မိသည်။သူ့ရဲ့စိတ်ကူးတွေနဲ့ပြုံးရယ်နေမိသည်အထိအတော်လေး ရွှင်မြူးနေခဲ့ပါတယ်။

ရှောင်ကျန့်တစ်ယောက်ဖုန်းဆက်ပြီးတာနဲ့ အပြင်ကပဲထွက်စောင့်နေမိတယ်...
ခြေဖျားလက်ဖျားတွေအေးစက်လျှက်ရှိပြီး သူရင်တွေအရမ်းတုန်နေမိသည်။

Love Is True(or) Diary Is Probe ✅completed✅Where stories live. Discover now