20 years latter....
ပေကျင်းမြို့လည်ခေါင်က ခမ်းနားလှသည့်ပြတိုက်တွင် အလုပ်ဝင်လုပ်နေသည့်ကောင်လေးဟာ မျက်မှန်အဝိုင်းလေးတစ်လတ်တပ်ဆင်ထားလေသည်။
အနက်ရောင်သားရေ လွယ်အိတ်တစ်လုံးကိုလွယ်ပြီး....ရိုးရှင်းလှသောအဝတ်တို့ကိုသာ သူ့ရဲ့ကိုယ်ပေါ်ဆင်မြန်းထားပြန်သည်။
သူ့နာမည်ကတော့ ရှောင်ရှောင်ကျန့်ပဲဖြစ်ပါတယ်။သူ့ရဲ့ရုံးခန်းရှိရာဆီ ဝင်လာတဲ့ရှောင်ကျန့်ဟာ ရောက်ရောက်ချင်းမှာပဲ သူစာသင်ပေးရတဲ့ အခန်းရှိရာဆီ အားချင်းသွားရပြန်တယ်။
အကြောင်းကတော့ ဒီနေ့ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းလက်ရာ ကျောက်စိမ်းပန်းအိုးတစ်လုံးအကြောင်း သူသင်ကြားပေးရမှာဖြစ်သလို ထိုပန်းအိုးကိုပြန်လည်ရှာဖွေရေးလုပ်မည့်သူများအဖို့ အရေးကြီးအချက်အလက်တွေနဲ့
ပုံပန်းသဏ္ဍာန်ကို သူကသာအတိအကျသိမြင်ဖူးသူဖြစ်၍ကျိန်းသေ သူ့ဘက်က သွားရမှာပင်။ထိုစုဝေးသင်ကြားရာအခန်းထဲဝင်လာခဲ့ပေမဲ့ ကျောင်းသားတွေကလူအစုံအညီမရောက်ကြသေးပေ။
ဒါနဲ့ ရှောင်ကျန့်လည်း သူထိုင်ရမဲ့ခုံရှိရာဆီဝင်ထိုင်လိုက်ပြီး သူသင်ကြားရှင်းပြပေးရမဲ့အကြောင်းကို ဖတ်ရှု့နေခဲ့သည်။သင်ကြားရေးထဲမှာမှ အသားဖြူဖြူလေးနဲ့ ကလေးဆန်ဆန်မျက်နှာပိုင်ရှင်လေးက ရှောင်ကျန့်ထံအကြည့်ပို့နေခဲ့ပြီး သူ့ဘေးနားဝိုင်းအုံနေတဲ့မိန်းမလှလေးများကို လစ်လျူရှု့ထားဆဲပေ။
'ရှောင်ကျန့်တဲ့....ge ရာ ငယ်ငယ်ကလို
ဝမ်လေးကို အမြဲဂရုစိုက်တဲ့သူက..
ခု ဝမ်လေးမြင်နေရတဲ့ မျက်မှန်လေးနဲ့ပေါ့။
အချိန်တွေသာကြာသွားရင်ကြာသွာလိမ့်မယ် ge ကို ဝမ်လေးသတိရဆဲပဲ။
ဒါပေမဲ့....ge ရဲ့အဖေကြောင့် ကျွန်တော့်ရဲ့လက်စားချေမှု့အနည်းငယ်ကိုတော့
Ge သေချာပေါက်ခံယူရလိမ့်မယ်။'ရှောင်ကျန့်သူ့ရဲ့လက်ထဲက နာရီကိုငုံ့ကြည့်မိတော့... အချိန်က 9 နာရီအတိကိုရောက်သွားလေပြီ...
ဒါကြောင့်
"ကဲ အားလုံးပဲ လူစုံကြပြီလား
ဆရာ ဒီပန်းအိုးအကြောင်းရှင်းပြချင်လို့ပါ။"
VOUS LISEZ
Love Is True(or) Diary Is Probe ✅completed✅
NouvellesOH my god...ge ကိုချစ်မိတာအပြစ်ဖြစ်သလား။