Ep(3)💚

1.3K 96 0
                                    

ဝမ်ရိပေါ်ဟာ တတ်နိုင်သလောက်
သူဌေးရှန်းရဲ့အနီးအနားရောက်အောင်
ချဥ်းကပ်နိုင်ခဲ့တယ်။
ရှေးဟောင်းလက်ရာတော်တော်များများကို တိုင်းတစ်ပါးသားတွေဆီ မှောင်ခိုတင်ရောင်းသည့် သူ့အဖို့က ဝမ်ရိပေါ်တို့လို လူငယ်လူတော်တွေနဲ့ရင်းနှီးခင်မင်ရတာ သိပ်ကိုအားရနေတတ်သည့် သူဌေးရှန်းဟာ လောဘသမားပီပီ
ရသမျှကိုခြေကုပ်ယူတတ်သူပင်။

ခုလည်းပဲ ပျောက်ဆုံးနေတဲ့သားဖြစ်သူကို မရှာတဲ့အပြင် သူ့စီးပွားရေးကိုသာ
အလေးပေး အာရုံထားနေပြန်သည်။

ဝမ်ရိပေါ်ဟာမကြာတဲ့ရက်ပိုင်းလောက်ကမှ
ရှောင်ကျန့်အကြောင်းကိုသိခဲ့ရတာ....
သူ့ရဲ့ကောကအတိတ်မေ့ဝေဒနါခံစားနေရတယ်ဆိုတာကိုပေါ့။
ပြတိုက်ပိုင်ရှင်က လမ်းမှာမြင်တွေ့ပြီး
ရှောင်ကျန့်ကိုခေါ်ယူမွေးစားထားခြင်းပဲ။
ခုလည်းကြည့်စမ်း သူ့ရဲ့ကောက
သီးသန့်အိမ်လေးနဲ့သာနေထိုင်သူ....
သူ့ရဲ့မွေးစားမိဘတွေနဲ့အတူမနေပြန်...
ယုံကြည်မှု့တွေနဲ့သူ့ဘဝကိုသူရပ်တည်နေတဲ့ ရှောင်ကျန့်ကြောင့် ရိပေါ်ရဲ့ရင်ထဲအမုန်းတွေကနေအချစ်ဘက်ကူးပြောင်းခဲ့ရလေပြီ။

ငယ်ငယ်ကတည်းကကောကသူ့အပေါ်မှာဆိုအရမ်း အလိုလိုက်တတ်သူ....

ခုရောသူတို့ရဲ့ဘဝ​အမှန်တွေသာ သိသွားခဲ့ရင်...
သူ့ရဲ့ကောကငယ်ငယ်ကလိုပဲသူ့အပေါ် ဂရုစိုက်ပြီးအလိုလိုက်ပေးနိုင်မလားဆိုတာ သူသိချင်မိတယ်။

မယောင်မလည်လေးနဲ့ ရိပေါ်သူ့ကောရဲ့အိမ်နားဝန်းကျင်မှာ ရှောင်ကျန့်ကိုလာလာချောင်းတတ်ခဲ့ပြီ။

ဒီနေ့မှာတော့ ပြတိုက်ကအပြန် ရှောင်ကျန့်ဘေးမှာ ရီရှင်းလို့ခေါ်သည့် မိန်းကလေးက ကပ်ပါလာပြန်ရော...
သူမက ပြတိုက်ရဲ့အကြီးတန်းစား
စားရေးမလေးတစ်ယောက်ဖြစ်သည်။
ရှောင်ကျန့်ကိုတိတ်တခိုးလေးချစ်နေတဲ့သူဆိုရင်လည်းမမှားပါ။

"ကောကောကျန့်....ရှင်းခဏလောက်ပဲ
နေမှာပါ လက်ကျန်စားရင်းတွေကိုပြပေးပြီးတာနဲ့ ပြန်မှာပါ အိမ်ထဲတော့ပေးဝင်ပါနော်....ကောကော..."

"မရဘူး ရှင်းမေ့....ယောကျ်ားသားတစ်ယောက်တည်းနေတဲ့အိမ်ထဲကိုမင်း မဝင်သင့်ဘူး။
ပြီးတော့အများမြင်မသင့်တော်ဘူးကွာ။"

Love Is True(or) Diary Is Probe ✅completed✅Tahanan ng mga kuwento. Tumuklas ngayon