Part-3
[ Unicode ]"ကဲ ဆိုစမ်းပါဦး ရှင်းဂျယ်ယွန်း_ရှီ"
"ဟမ် ကျွန်တော်ကဘာကိုဆိုရမှာလဲ"
"မင်း မနေ့ညက အိမ်ပြန်မလာဘူးဆို ဘယ်တွေသွားနေခဲ့တာလဲ...ပြီးတော့ မင်းဒီအိမ်လဲ ပြန်မလာဘူးနော်"
"Hyung မနေ့က ကျွန်တော့်အိမ်ကိုလာသေးတာလား"
"အေး လာတယ် ငါမေးနေတာဖြေလေ"
"ကျွန်တော် ပျင်းလို့ပါဗျာ တက္ကစီငှားပြီးကားပတ်စီးနေတာ...ကိုယ်ပိုင်ကားလဲမမောင်းချင်တာနဲ့"
"မင်းပတ်စီးတာ အသာထား ဒေါ်လေးက မင်းအိမ်မပြန်လာတာနဲ့ပက်သက်ပြီး ငါ့ကိုပါဆူနေတယ် ငါကမင်းကိုဖျက်ဆီးနေတာပါတဲ့...ဒေါ်လေးတို့အိမ်ကိုမပြန်တာ ဘယ်နှစ်ရက်ရှိနေပြီလဲ"
"တစ်လပြည့်တော့မယ်"
"မင်းဘာသာအိမ်မပြန်တာ ငါပါကြားထဲက ဘာမှမဟုတ်ဘဲ အပြောခံနေရတယ်...ဖျက်ဆီးခံနေရတာ မင်းလား ငါလားဆိုတာ မင်းအမေသိရင်ကောင်းမယ် ခုတော့ငါပဲ လူဆိုးဖြစ်လို့"
"စကားများလိုက်တာ Hyung ရာ...ကျွန်တော့်အိမ်လာတယ်ဆိုလဲ အေးဆေးလေးနေပါဗျာ...ဩဝါဒတွေလာမခြွေပါနဲ့"
"ငါကမင်းအစ်ကိုပါကွ ကိုယ့်ညီကိုတော့ အစ်ကိုပီသစွာနည်းနည်းပါးပါးဆုံးမဦးမယ်လေ...ငါ့စကားဆို ဘယ်တော့မှ နားမထောင်တာက မင်းအပိုင်းဆိုပေမယ့်လို့ပေါ့"
"Hyung အဲ့လို စကားများလွန်းလို့ ဆော်မရတာ နေမှာ...ကျွန်တော့်ကို Hyungကောင်မလေးထင်မနေနဲ့ အဲ့လောက်နားမထောင်နေနိုင်ဘူး"
"မင်းနားမထောင်မှန်းသိတယ် ပြောချင်လွန်းလို့ကိုပြောနေတာ...ဆော်မရတာမဟုတ်ဘူး မထားချင်သေးတာ ရှင်းတယ်နော်"
"မရှင်းဘူး"
"အဲ့တာ အသာထား မင်းရန်ဖြစ်လာပြန်ပြီလား တံတောင်ကဘာဖြစ်တာလဲ"
ဂျယ်ယွန်း အပေါ်ထပ်ဂျင်းဂျတ်ကတ်ကို ချွတ်လိုက်လေတော့ အစကတည်းကိုက အပြစ်မရှိအပြစ်ရှာ၍ ဆရာကြီးလုပ်ကာ ဆုံးမချင်နေတဲ့ Hyung က ဂျယ်ယွန်းတံတောင်ကပွန်းရာကို မြင်ဖြစ်အောင်မြင်သွားလေတော့သည်။
YOU ARE READING
ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅
Romance[ Unicode / Zawgyi Code ] စီးကရက်တွေကို စွဲလန်းရင်းနဲ့ပဲ အသားတကျဖြစ်ခဲ့တဲ့ သူကလေ စတော်ဘယ်ရီသီးတွေကိုလည်း သိပ်ကြိုက်ပါသည်တဲ့....ကျွန်တော့်ရဲ့နှုတ်ခမ်းပါးလေးတွေကိုတော့ မြတ်နိုးရပါတယ်လို့ ထိုလူသားကပြောလေရဲ့။ ~~~~~~ ဂျယ်ယွန်းရဲ့ နှုတ်ခမ်းသားတွေနဲ့ ရင်န...