Part-12
[ Unicode ]ဆောနူးရဲ့ လွန်ခဲ့တဲ့ အချိန်တွေတုန်းက~~~~
ဂျောင်ဝန်းက သူစာမေးပွဲပြီးတာနဲ့ လာတွေ့ရမယ်ဟုရဇွတ်အတင်းနားပူထားတာကြောင့် အဲ့ကလေးချိန်းဆိုတဲ့ မြောင်ဒုံက Cat cafe ဆီသို့ရောက်လာခဲ့ရသည်။
မြောင်ဒုံဆိုတဲ့အတိုင်း သာမန်ရက်တွေတောင် လူတွေက အားကြီးရှုပ်လေသည်။ ဒီလိုမျိုးကလေးတွေ အထက်တန်းစာမေးပွဲ့ပြီးတဲ့နေ့ဆိုပိုဆိုးပေါ့။ထိုကလေး ချိန်းတဲ့ Cat cafe ကလဲ နာမည်ကြီးတဲ့နေရာတခုဖြစ်တာကြောင့် Foreignerတွေနဲ့ပင် ဆိုင်အတွင်းက လူရှုပ်နေတော့သည်။
ဆိုင်တွင်းသို့ ဖွင့်ဝင်ဝင်လာချင်း တံခါးထောင့်မှာ ခွေအိပ်နေတဲ့ ကြောင်တစ်ကောင်နှင့်စတင်ဆုံဆည်းရသည်။ ဂျောင်ဝန်းဆိုတဲ့ ကြောင်ပေါက်ကရော ချိန်းတုန်းက ချိန်းပြီး သူပဲနောက်ကျနေတာလား...တက္ကသိုလ်စာမေးပွဲအတွက် စာကျက်ရဦးမှာမို့ အချိန်မရှိပါဘူးဆိုနေမှပဲ ထိုကလေးအား ထိုင်စောင့်ပေးနေရမည့်သဘောပင်။
"အာ...Hyung ရောက်လာပြီ"
မတိုးမကျယ်နိုင်လှသော အသံသေးသေးတခုနှင့်အတူ လက်ထဲက ကြောင်ကို ချထားခဲ့ကာ သူ့ဆီကို ပြေးလာသော ထိုကလေး...ထိုမျှနှင့်မပြီးသေးဘဲ ဆောနူးအား ဆွဲဖက်လိုက်လိုက်သော ဂျောင်ဝန်းကြောင့် လူကရုတ်တရက်ကြောင်အမိသည်။
"Hyungကို လွမ်းနေတာ"
"ဂျောင်ဝန်း"
"ကျွန်တော့်ကိုရော Hyung ကမလွမ်းဘူးလားဟင်"
"လူတွေကြားထဲ ဘာလို့အဲ့လောက်ဖက်နေတာလဲ"
"အာ...ဆောရီး"
ဆောနူးကို ဖက်ထားရာမှ ဆွဲခွာပေးလိုက်ပြီး တဟီးဟီးရယ်ပြကာ ဆောနူးအား မချိုမချဉ်မျက်နှာပေးလုပ်ပြနေတော့သည်။
"ကျွန်တော် Hyung ကိုတွေ့လိုက်ရတော့ ပျော်သွားလို့...ဒီကြားထဲ Hyungနဲ့ မတွေ့ရတာကြာတော့ ကျွန်တော်လွမ်းနေတာ"
"ဘာလို့ ဒီကိုခေါ်တာလဲ...ဘာပြောစရာရှိလို့လဲ"
"ကျွန်တော်က Hyungကိုတွေ့ချင်လို့ပါဆိုနေဗျာ...ဘာအကြောင်းပြချက်ပေးရဦးမှာလဲ...Hyung ကကျွန်တော့်ကိုဆို သူစိမ်းဆန်လိုက်တာဗျာ"
أنت تقرأ
ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅
عاطفية[ Unicode / Zawgyi Code ] စီးကရက်တွေကို စွဲလန်းရင်းနဲ့ပဲ အသားတကျဖြစ်ခဲ့တဲ့ သူကလေ စတော်ဘယ်ရီသီးတွေကိုလည်း သိပ်ကြိုက်ပါသည်တဲ့....ကျွန်တော့်ရဲ့နှုတ်ခမ်းပါးလေးတွေကိုတော့ မြတ်နိုးရပါတယ်လို့ ထိုလူသားကပြောလေရဲ့။ ~~~~~~ ဂျယ်ယွန်းရဲ့ နှုတ်ခမ်းသားတွေနဲ့ ရင်န...