**တီ...တီ...တီ...**
"ပြော..."
တစ်ဖက်က ထွက်ပေါ်လာတဲ့ ရင်းနှီးနေပြီးသား ဆူဆောင့်ဆောင့်လေသံလေး။ ထိုလေသံလေးဟာ ကျွန်တော့်အတွက်တော့ မနက်ခင်းရဲ့ သာယာတဲ့တေးသွားလေးပင်။
"ထတော့လေ...."
"အခုမှ မနက်၅နာရီပဲရှိသေးတာ...နာရီမှားနေတာလား..."
"မမှားပါဘူး..ဝရံဝာာကို ခဏထွက်လာပါလား..."
"ဘာလို့လဲ..."
"ထွက်လာပါ..."
"ကျစ်..."
ဖုန်းထဲက ကြားရတဲ့ စုတ်သပ်သံနဲ့ ခြေသံခပ်ပြင်းပြင်း။ ဒီအသံလေးတွေကိုလည်း ကျွန်တော်အလွတ်မှတ်မိနေပြီဖြစ်သည်။
နှစ်ထပ်သစ်သားအိမ်လေးရဲ့ အပေါ်ထပ်ဝရံတာကို မျှော်ကြည့်နေချိန် တွေ့လိုက်ရတဲ့ ဆံပင်စုတ်ဖွားနဲ့ကောင်လေး။ စွပ်ကျယ်အဖြူလေးဝတ်ထားပြီး အောက်ကတော့ ကာတွန်းဘောင်းဘီတိုလေးနဲ့ ထိုကောင်လေးဟာ မျက်မှောင်ကြီး ကျုံ့ထားသာ်လည်း ချစ်စရာအတိဖြစ်နေသည်။ လက်ဝှေ့ရမ်းပြတော့ ထိုကောင်လေးက ဘာကိစ္စလဲဆိုတဲ့ပုံစံနဲ့ မေးငေါ့ပြပါ၏။
"ပန်းချီဆွဲချင်စိတ်ပေါက်လာလို့...အဖော်လိုက်ပေးပါလား..နော်..ကိုယ်အခုပန်းချီဆွဲဖို့ အရမ်းစိတ်အားထက်သန်နေတာ..."
ပြောတော့ ထိုကောင်လေးက သူ့ဆံပင်တွေသူ ဆွဲဖွပြီး
"ခဏစောင့်..ဆင်းလာခဲ့မယ်..."
ဆယ်မိနစ်လောက်ကြာတဲ့အခါမှာတော့ အနက်ရောင်အားကစားဘောင်းဘီနဲ့ အင်္ကျီလက်ရှည်လေးဝတ်ကာ ထွက်လာတဲ့ ထိုကောင်လေး။
"အဲ့တာအတွက် ဒီလိုမနက်အစောကြီးလာခေါ်တာလား..."
"အွန်း ဟုတ်တယ်..."
"သားလေး..ဆေးသောက်ပြီးရဲ့လား မနက်အစောကြီးကို..."
အိမ်ပေါက်ဝကနေ လှမ်းအော်တဲ့ အနှီကောင်လေးရဲ့ အဒေါ်ဖြစ်သူ။ သူ(မ)ရဲ့လက်ထဲမှာတော့ ရေတစ်ခွက်နဲ့ ဆေးထုပ်တစ်ထုပ်ကို ကိုင်ထားသည်။
"သောက်ပြီးသွားပြီ တီလေးရေ...သား သွားတော့မယ်..."
"ချောင်းဆိုးတာ ခုထိမပျောက်သေးဘူးလား..."